ဂိုး ၁၀၀ ပြည့်ရန် အင်တာမီလန်တိုက်စစ်မှူး အီကာဒီ ပစ်မှတ်ထားနေ

အင်တာမီလန်အသင်းခေါင်းဆောင် အီကာဒီက မိခင်ကလပ်အသင်းအတွက် သွင်းဂိုး (၁၀၀)ပြည့်မြောက်ရန် ပစ်မှတ်ထားနေကြောင်း အေစီမီလန်အသင်းနှင့်ကစားခဲ့သည့် ဒါဘီပွဲမတိုင်မီ ပြောကြားခဲ့သည်။

” ကျွန်တော် အင်တာဂျာစီနဲ့ သွင်းဂိုး ၁၀၀ လိုချင်ပါတယ်။ ကလပ်အသင်းရဲ့ဂိုးသွင်းအများဆုံး(၁၀)ဦးစာရင်းထဲ ၀င်လာတဲ့အတွက်လည်း အလွန်ပျော်ရွှင်မိပါတယ်။ ဒါပေမဲ့ ထိပ်ဆုံးရောက်ဖို့ အရမ်းဝေးကွာလွန်းပါတယ်။ ကျွန်တော့်ဆန္ဒကတော့ အင်တာမီလန်အသင်းအတွက် ဂိုးများများသွင်းနိုင်ဖို့ပါပဲ” ဟု အီကာဒီက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

အီကာဒီသည် မီလန်ဒါဘီပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ၎င်း၏ပြိုင်ပွဲစုံ သွင်းဂိုးပေါင်းမှာလည်း (၈၇)ဂိုးအထိ ရှိလာခဲ့သည်။

အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုးအများဆုံးသွင်းထားသူမှာ ဂန္ထ၀င် ဂူဆက်ပီမီယာဇာဖြစ်ပြီး (၂၄၃)ဂိုးအထိ သွင်းယူပေးခဲ့သည်။

 

Source : Eleven Sportnews

Leave a comment

Your email address will not be published. Required fields are marked *