အာဆင်နယ်သတင်းတိုများ

 

> အလက်စစ်ဆန်းချက်တစ်ယောက် စာချုပ်သစ်ချုပ်ဆို
ရေးဟာ မီစွတ်အိုဇေးရဲ့အသင်းနဲ့ စာချုပ်သက်တမ်း တိုး/မတိုး အပေါ်မှာလည်းမူတည်နေတယ်လို့
သိရပါတယ် ။

> အာစင်ဝင်းဂါးကတော့ အိုဇေးတစ်ဟာ အသင်းမှာဆက်နေ
ချင်တယ်လို့ထင်ကြောင်းနဲ့ အိုဇေးဟာ ကမ္ဘာ့ အဆင့်ကစား
သမားဖြစ်ပြီး သူ့လိုကစားသမားမျိုးအသင်းမှာလိုအပ်တယ်
လို့ဆိုပါတယ် ။

> အသင်းရဲ့ကစားသမားဟောင် မာတင်ကီယွန်ကတော့
အိုဇေးတစ်ယောက် ဇန်နဝါရ်ီလအပြောင်းအရွေ့ဈေးကွက်မှာ
အသင်းကနေထွက်ခွာဖို့သေချာသလောက်ဖြစ်နေပြီလို့ ဆိုပါတယ် ။

အိုဇေးဟာ ကစားသမားကောင်းတစ်ဦးဖြစ်တယ်ဆိုတာ
သံသယဖြစ်စရာမရှိပေမယ့် အိုဇေးအနေနဲ့ အသင်းအတွက်
ထရိမ်နင်မှာကြိုးစားချင်စိတ်မရှိဘူးဆိုရင် အာစင်ဝင်းဂါးက အိုဇေးမပါတဲ့ ကစားကွက်အခင်းအကျင်းကိုစတင် မှာဖြစ်ကြောင်း သူကဆိုပါတယ် ။

> ဝက်ဖိုဒ့်နည်းပြ မာကိုစ်ဆေးဗားကတော့ သူရဲ့ကစားသမား
ရစ်ချက်လီဆင်ဟာ ဒိုင်ဗင်ထိုးခဲ့တာမဟုတ်ဘူးလို့ ကာကွယ်
ပြောကြားသွားခဲ့ပါတယ် ။

ရစ်ချက်လီဆင်ဟာ ပရီးမီးယားလိဂ်မှာ ပြစ်ဒဏ်ဘော
အကျူးလွန်ခံရဆုံးကစားသမားဖြစ်ပြီး သူ့ကိုအကာအကွယ်
ပေးရမှာဖြစ်ကြောင်း နဲ့ ဒိုင်ယူကြီးက ဒီအဖြတ်အပျက်ကို ပယ်နတီ အဖြစ်မသတ်မှတ်ပေးခဲ့ရင်လဲ မိမိတို့လက်ခံ
မှာဖြစ်ပြီး ရက်ချက်လီဆင်ဒိုင်ဗင်ထိုးခဲ့တာ မဟုတ်ဘူးလို့ သူကထပ်လောင်းပြေားကြားပါတယ် ။

အာဆင်နယ်အသင်းခေါင်းဆောင် မာတီဆက်ကာ က
မိမိတို့အသင်းဟာ ဒုတိယပိုင်းမှာဘောလုံးဆုံးရှူံးမူတွေ အရမ်းများခဲပြီး ပထမပိုင်းတုန်းကလိုကောင်းကောင်း မကစားနိုင်ခဲ့ဘူးလို့ ဆိုပါတယ် ။ ဒီအချက်ဟာ
သိသာထင်ရှားခဲ့ပြီး အနိုင်ရဖို့မလုံလောက်ဘူး
လို့ သူကဆိုပါတယ် ။

> အာဆင်နယ်အသင်းဟာ ဆန်းချက်ရဲ့နေရာကိုအစားထိုးဖို့
ဇန်နဝါရီဈေးကွက်မှာ မာရက်ဇ်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူမယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ် ။

> မာရက်ဇ်ဟာ လက်စတာအသင်းအတွက် ၁၄၅ ပွဲကစားပေးထားပြီး ၃၅ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ လက်စတာအသင်းနဲ့အတူပရီးမီးယာလိဂ်​ဖလား နဲ့ PFA အကောင်းဆုံးကစားသမားဆု ရရှိထားသူဖြစ်ပါတယ် ။

အာဆင်နယ်အသင်းဟာ ၂၀၁၆ / ၂၀၁၇ ရာသီ ပရီးမီးယားလိဂ်မှာ ပယ်နတီ ၁၁ ဂိုးအထိခွင့်ပြုထားခဲ့ရပြီး
ဒါဟာ အခြားအသင်းတွေအားလုံးထက် များပြားတဲ့ ပမာဏ
ဖြစ်ပါတယ် ။

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *