ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်မစ်ဒယ်ဝိတ်တန်း ခါးပတ်လုပွဲအဖြစ် တူးတူးနှင့် ဘာဒါတိုတို့ ထိုးသတ်မည်

 အဓိကစိန်ခေါ်ပွဲထိုးသတ်မည့် တူးတူး(ယာ)နှင့် ဘာဒါတို(ဝဲ)။ ဓာတ်ပုံ- ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်(WLC)
တံတောင်ရိုက်ကွက်ဖြင့် အလဲထိုးနိုင်သူကို ထပ်ဆောင်းအပိုဆုကြေးအဖြစ် ကျပ်သိန်း ၂ဝ ချီးမြှင့်မည်

မြန်မာလက်ခမောင်းကုမ္ပဏီက စီစဉ် ကျင်းပသည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်-၃ ပြိုင်ပွဲတွင် တွဲဆိုင်းရှစ်ဆိုင်းပါဝင်ထိုးသတ် မည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ် လုပွဲအဖြစ် မြန်မာ့လက်ဝှေ့ကျော် တူးတူးနှင့် သြစတြေးလျဖိုက်တာ ဘာဒါတိုတို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

အဓိကစိန်ခေါ်ပွဲ

နိုဝင်ဘာ ၄ ရက်တွင် သုဝဏ္ဏမိုးလုံလေ လုံအားကစားရုံ၌ ယှဉ်ပြိုင်ထိုးသတ်မည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်-၃ ပြိုင်ပွဲတွင် ပြည် တွင်း၊ ပြည်ပမှ နာမည်ကြီးဖိုက်တာများ ပါဝင် ထိုးသတ်ကြမည်ဖြစ်သည်။ အဓိကစိန်ခေါ်ပွဲ အဖြစ် တူးတူးနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဘာ ဒါတိုမှာ WBCချန်ပီယံဆုနှစ်ကြိမ် IKBF ကမ္ဘာ့ချန်ပီယံဆုတစ်ကြိမ် WKBF ကမ္ဘာ့ချန်ပီယံဆုတစ်ကြိမ်၊ CMT ချန်ပီယံဆု လေးကြိမ် ရရှိထားသူဖြစ်သည်။

ကျန်ရှိသည့်တွဲဆိုင်းများဖြစ်သည့် စူပါ မစ်ဒယ်ဝိတ်တန်း ငါးချီစိန်ခေါ်ပွဲတွင် ဝါရင့် လက်ဝှေ့ကျော် စောငမန်းနှင့် အက်ဒီဖာရယ်၊ လိုက်မစ်ဒယ်ဝိတ်တန်း ငါးချီစိန်ခေါ်ပွဲတွင် စိုးလင်းဦးနှင့် ဆီမာတာ၊ ပိုလန်နိုင်ငံသား အာသာဆာအေဒိုက်နှင့် ရိုးမေးနီးယားနိုင်ငံ သား အဲလက်စ်ဘက်လီယာ၊ သွေးသစ်ဝင်း လှိုင်နှင့် ရှမ်းကို၊ ဖိုးလပြည့်နှင့် ရင်ဆာရပ်တို့ ထိုးသတ်ကြမည်ဖြစ်သည်။ ဖယ်သာဝိတ်တန်း ငါးချီစိန်ခေါ်ပွဲတွင် မိုက်ရိုင်းနှင့် ဖကျော်ဟဲ၊ လိုက်ဝိတ်တန်း လေးချီစိန်ခေါ်ပွဲတွင် ချစ် မောင်မောင်နှင့် ဒိုးလေးတို့ ယှဉ်ပြိုင်ထိုးသတ် ကြမည်ဖြစ်သည်။

ထပ်ဆောင်းအပိုဆုကြေး

ဆက်စပ်သတင်းများအရ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ်-၃ ပြိုင်ပွဲတွင် ပွဲစဉ်တိုင်းကို အလဲ ထိုးနိုင်ကြေး ကျပ် ၁ဝ သိန်းချီးမြ§င့်မည်ဖြစ် သလို တံတောင်ရိုက်ကွက်ဖြင့် အလဲထိုးအနိုင် ရပါက ထပ်ဆောင်းအပိုဆုကြေးကျပ်သိန်း ၂ဝ စီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

Source : MMTIMES

Leave a comment

Your email address will not be published. Required fields are marked *