ကျွန်​​တော်​ကံအနည်းငယ်​​ကောင်းခဲ့ပါတယ်​ – ဂီ​ရော့

မ​နေ့ညကရက်​စတားဘဲဂရိတ်​ကို၁ဂိုးဂိုးမရှိနဲ့နိုင်​ခဲ့တဲ့ပွဲမှာ၈၅မိနစ်​မှာလှပတဲ့​နောက်​ပြန်​ကန်​ချက်​နဲ့အနိုင်​ဂိုးသွင်းယူ​ပေးခဲ့တဲ့အာဆင်​နယ်​တိုက်​စစ်​မှုးအိုလီ​ဗာဂီ​ရော့ကအဆိုပါဂိုးအတွက်​သူ့အ​နေနဲ့အနည်းငယ်​ကံ​ကောင်းခဲ့တယ်​လို့​ပြောသွားပါတယ်​။

 

ဂီ​ရော့က “အဲဒီအ​ခြေအ​နေမှာကျွန်​​တော့်​အ​နေနဲ့​ဘောလုံးကိုထိန်းပြီးအခြားအသင်း​ဖော်​နဲ့တွဲဖက်​ကစားဖို့ကြိုးစားနိုင်​ပါတယ်​။ ဒါ​ပေမယ့်​​ဘေးမှာဘယ်​သူမှမ​တွေ့တာ​ကြောင့်​တက်​နိုင်​သမျှဂိုးကန်​သွင်းဖို့ကြိုးစားခဲ့ပါတယ်​။

ပြီးခဲ့တဲ့ဇန်​နဝါရီကပဲ​လေ့စ်​နဲ့ပွဲမှာဂိုးသွင်းခဲ့သလိုပါပဲ။ ကျွန်​​တော်​ကံ​ကောင်းခဲ့ပါတယ်​။ ဘာလို့လဲဆို​တော့ဂိုး​ထောင့်​ထဲကိုတန်းတန်းမတ်​မတ်ဝင်​သွားလို့ပါ။

အသင်းအတွက်​က​​တော့အရမ်း​ကောင်းပါတယ်​။ အသင်းအတွက်​လည်း​ပျော်​ရွှင်​မိပါတယ်​။ ဘာလို့လဲဆို​တော့​နောက်​ဆုံးအချိန်​ထိယုံကြည်​စွာနဲ့တိုက်​ပွဲဝင်​ခဲ့ရတဲ့အသင်းသား​တွေရဲ့ယုံကြည်​မှု​ကြောင့်​ပါ။ ဒီပွဲစဉ်​ဟာခက်​ခဲမယ်​ဆိုတာကျွန်​​တော်​တို့သိပါတယ်​။ စိတ်​ရှည်​ဖို့နဲ့အရည်​အ​သွေးရှိရှိကစားဖို့ပဲလိုပါတယ်​။

သူတို့အသင်းပရိတ်​သတ်​​တွေရဲ့အပြင်းအထန်​အား​ပေးမှု​ကြောင့်​လည်းပွဲဟာခက်​ခဲခဲ့ပါတယ်​။ အနိုင်​သုံးမှတ်​နဲ့အိမ်​ပြန်​နိုင်​ခဲ့လို့ဝမ်း​မြောက်မိပါတယ်​။” လို့​ပြောသွားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *