မြန်မာ ယူ-၁၉ အသင်း ဂမ်ဘာအိုဆာကာကို နှစ်ဂိုးပြတ်ရှုံး ဟာနန်တကကသိုလ်အသင်းနှင့် ယနေ့ ခြေစမ်းဦးမည်

၂၀၁၈ အာရှခြေစစ်ပွဲ -ဝင်ရောက်ယှဉ် ပြိုင်ရန် ဂျပန်နိုင်ငံ၌ လေ့ကျင့်မှုများပြုလုပ်နေ ေသာ မြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် ဂမ်ဘာအိုဆာကာနှင့် ကစားခဲ့ရာ နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။ မြန်မာယူ-၁၉ အသင်းသည် ဟာနန်တက္ကသိုလ်အသင်းနှင့် ပွဲစဉ်မှ ပွဲထွက် လူစာရင်းကို အနည်းငယ်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်ခဲ့ရာ ပထမပိုင်း၌ ဂိုးမရှိသရေကစားနိုင်ခဲ့သည်။

မြန်မာအသင်း သည် ဒုတိယပိုင်း၌ လူစားလဲမှုများစွာပြုလုပ်ခဲ့ပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာယူ-၁၉ အသင်းနည်းပြချုပ် ဦးချစ် နိုင်က “ပထမပိုင်းမှာ ဂိုးမရှိသရေကစားနိုင်ခဲ့ သလို ဂိုးသွင်းခွင့်တွေအများကြီးရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားသမားအစုံအလင်ကို ကစားခွင့်ပေးချင်တာကြောင့် လူစားလဲမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဒီပွဲစဉ်ရဲ့ခြေစွမ်းကို ပထမပွဲကထက် ပိုပြီးကျေနပ်မိပါတယ်။ ဒါကလည်း ပေးဂိုးနည်းလို့ ကျေနပ်တာ မျိုးမဟုတ်ပါဘူး” ဟု ပြောဆိုခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် ဂျပန်လေ့ ကျင့်ရေးခရီးစဉ်၏ နောက်ဆုံးခြေစမ်းပွဲအဖြစ် ယနေ့ ဒေသခံ စံတော်ချိန် ညနေ ၅ နာရီခွဲ (မြန်မာစံတော်ချိန် ညနေ ၃:ဝ၀) အချိန်တွင် ဟာနန်တက္ကသိုလ်အသင်းနှင့် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

Source: MMtimes

Leave a comment

Your email address will not be published. Required fields are marked *