စီးရီးအေမှာ ရလဒ်မကောင်းသည့်အတွက်ဖိအားများလာသည့် မွန်တဲလား အင်တာမီလန် နှင့် ဒါဘီပွဲစဉ် တွင် ရှုံးနိမ့်ခဲ့ပါ ထုတ်ပယ်ခံရနိုင်မယ်လို့ သတင်းထွက်ပေါ်

 

အေစီမီလန် အသင်းနည်းပြ မွန်တဲလား ဟာ နွေရာသီမှာ အသင်းကို အင်အားဖြည့်တင်းမှု များစွာပြုလုပ်ထား ခဲ့ပေမယ့် ရလဒ်ကောင်းတွေ ကို မဆောင်ယူနိုင်သေးတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ် ။

ယမန်နေ့ညက ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ရိုးမား အသင်းကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပြီး ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်သာ ရရှိထားပြီး အဆင့် ၇ နေရာမှာသာ ရှိနေခဲ့ပါတယ် ။

အေစီမီလန် အသင်းကို တရုတ်စီးပွားရေး အင်အားစုက ၀ယ်ယူအပြီးမှာ ဥရောပ ဘောလုံးလောကအတွင်း ပြန်လည်ဦးမော့လာစေဖို့အတွက် ငွေကြေးမြောက်များစွာ သုံးစွဲပြီး နာမည်ကျော် ကစားသမားများစွားကို ခေါ်ယူထားခဲ့ပါတယ် ။ ဒါပေမယ့် မျှော်မှန်းထားတဲ့ ရလဒ်နဲ့ စွမ်းဆောင်မှုတွေ မရရှိသေးတဲ့ အပြင် စီးရီးအေ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ တာကြောင့် မွန်တဲလား ကို ထုတ်ပယ်ဖို့ နီးစပ်လာပီလို့ အီတလီ သတင်းစာတွေက ဖော်ပြလာခဲ့ကြပါတယ် ။

အေစီမီလန် ဟာ နိုင်ငံတကာ နားရက် တွေအပြီးမှာ မြို့ခံပြိုင်ဘက် အင်တာမီလန် အသင်းနဲ့ ရင်ဆိုင်ကစားရ မှာဖြစ်ပြီး အဆိုပါပွဲကို ရှုံးနိမ့်ခဲ့ရင်တော့ မွန်တဲလား ကို ထုတ်ပယ်ဖို့ ဖြစ်လာနိုင်တယ်လို့ သတင်းစာတွေက ဖော်ပြလာခဲ့ပြီဖြစ်ပါတယ် ။

Source: @SportsMyanmarmedia

Leave a comment

Your email address will not be published. Required fields are marked *