အင်္ဂလန်ထက် အီတလီတွင် ချန်ပီယံဆုကို ကာကွယ်ရန် ပိုမိုလွယ်ကူသည်ဟု ကွန်တီ ၀န်ခံ

ချယ်လ်ဆီးနည်းပြ ကွန်တီက အင်္ဂလန်ထက် အီတလီတွင် အမှတ်ပေးချန်ပီယံဆုကို ကာကွယ်ရန် ပိုမိုလွယ်ကူသည်ဟု ၀န်ခံပြောကြားခဲ့သည်။

ကွန်တီသည် အီတလီတွင် ဂျူဗင်တပ်စ်အသင်းကို စီးရီးအေချန်ပီယံဆု (၃)ရာသီဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာရာတွင်လည်း ပွဲဦးထွက်ရာသီတွင်ပင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သူဖြစ်သည်။

သို့သော် ချန်ပီယံဆု ကာကွယ်ရမည့်လက်ရှိရာသီ၌ ပွဲစဉ်(၇)အပြီးတွင်ပင် ချယ်လ်ဆီးအသင်းမှာ ရှုံးပွဲ(၂)ပွဲ ကြုံတွေ့ခဲ့ပြီး ထိပ်ဆုံးမှဦးဆောင်နေသော မန်စီးတီး၊ မန်ယူတို့နှင့် (၆)မှတ်ကွာဟနေသည်။

ထို့ကြောင့် ကွန်တီက အင်္ဂလန်တွင် ချန်ပီယံဆုကို ကာကွယ်နိုင်ရန် ခက်ခဲကြောင်းနှင့် ယင်းသို့ဖြစ်ရခြင်းမှာ အီတလီနှင့်မတူညီနှင့် အပြောင်းအရွှေ့လှုပ်ရှားမှုများကြောင့်ဖြစ်ကြောင်းလည်း အကြောင်းပြချက်ပေးခဲ့သည်။

ကွန်တီက “ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့က ဘယ်အသင်းအတွက်ပဲဖြစ်ဖြစ် အလွန်ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာက အသင်းတိုင်းဟာ တစ်ရာသီထက်တစ်ရာသီ ပိုပြီးတောင့်တင်းလာတာကြောင့်ပါ။ အီတလီမှာတုန်းက ဂျူဗင်တပ်စ်နဲ့ စီးရီးအေချန်ပီယံဆု ရယူအပြီးမှာ ပိုပြီးပြင်းထန်တဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ အထူးသဖြင့် အေစီမီလန်အသင်းကိုပါ။ ဒါပေမဲ့ သူတို့က အီဘရာဟီမိုဗစ်နဲ့ သီယာဂိုဆေးလ်ဗားတို့ကို ရောင်းထုတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် ပိုပြီးတောင် လွယ်ကူသွားပါတယ်။ ဒီမှာကတော့ အီတလီနဲ့ ဆန့်ကျင်ဘက်ပါပဲ” ဟု ပြောကြားခဲ့သည်။

 

Source : @elevensportsjournal

Leave a comment

Your email address will not be published. Required fields are marked *