ဘာကာကွင်းလယ်​လူအန်​ဒရီဂိုးမက်​ဇ်​ကိုလာမည့်​ဇန်​နဝါရီမှာ​ခေါ်ယူဖို့စိတ်​ဝင်​စား​နေတဲ့စပါး


စပါးအသင်းဟာဒီရာသီဘာစီလိုနာအသင်းမှာ​နေရာရဖို့ရုန်းကန်​​နေရတဲ့ကွင်းလယ်​လူအန်​ဒရီဂိုးမက်​ဇ်​ကိုလာမည့်​ဇန်​နဝါရီမှာ​နောက်​ထပ်​တစ်​ကြိမ်​​ခေါ်ယူရန်​ကြိုးပမ်းသွားဖို့စိတ်​ဝင်​စား​နေပါတယ်​။

စပိန်​ကလာတဲ့သတင်းများအရက​တော့စပါးအသင်းဟာ​ပေါ်တူဂီလက်​​ရွေးစင်​ကွင်းလယ်​လူကိုချိတ်​ဆက်​​နေပြီးဇန်နဝာရီမှာ​ကနဦးအ​နေနဲ့အငှါး​ခေါ်ယူကာရာသီကုန်​မှာ​ပေါင်​၁၈သန်းနဲ့အပြီးသတ်​​ခေါ်ယူမယ်​လို့သိရပါတယ်​။

 

အင်​တာမီလန်​အသင်းဘက်​ကလည်းအင်​ဒရီဂိုးမက်​ဇ်​ကိုချိတ်​ဆက်​မှု​တွေရှိ​နေ​ပေမယ့်​လည်းကစားသမားဘက်​က​တော့ပရီးမီးယားလိဂ်​ကလပ်​ကို​ပြောင်း​ရွေ့ဖို့ပိုမိုစိတ်​ဝင်​စား​နေကာ၎င်းရဲ့​ခြေစွမ်းကိုသက်​​သေပြသွားလို​နေပါတယ်​။

စပါးဟာပြီးခဲ့တဲ့​နွေရာသီအ​ပြောင်းအ​ရွေ့ကာလ​နောက်​ဆုံးရက်​​တွေမှာဂိုးမက်​ဇ်​ကို​ခေါ်ယူဖို့ကြိုးပမ်းခဲ့​ပေမယ့်​လည်းအ​ပြောင်းအ​ရွေ့မဖြစ်​​မြောက်​ခဲ့ပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *