အာဆင်နယ်​သတင်းတိုများ

အသင်းရဲ့ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ အူစမန်နော့က သူပိုင်ဆိုင်
တဲ့ ရှယ်ယာတွေကိုရောင်းချသွားမှာမဟုတ်ဘူးလို့ ကြေငြာချက်
ထုတ်ပြန်လိုက်ပါတယ် ။

ကွင်းလယ်ကစားသမား ဂျက်ဝီရှီးယားက မိမိအာဆင်နယ်
အသင်းကြီးကို စတင်ရောက်ရှိတုန်းက ဖာဘရီဂတ်နဲ့ ကိုလိုတို
ရေးဟာ မိမိကို အကူအညီတွေများစွာပေးခဲ့တယ်လို့ဆိုပါတယ် ။

 

အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်က ၂၀၀၄ခုနစ်
မန်ယူအသင်းရဲ့အိမ်ကွင်းပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့
၄၉ပွဲဆက် ရှူံးပွဲမရှိစံချိန်ကျိုးပျက်ခဲ့ပြီးနောက် မန်ယူအသင်းရဲ့
ဥမင်ထဲမှာ ဖာဂူဆန်ကို ပီဇာနဲ့ပစ်ပေါက်ခဲ့ဘူးတယ်လို့ ဝန်ခံ
ပြောကြားလိုက်ပါတယ် ။

အင်္ဂလန်အသင်းရဲ့ကစားသမားဟောင်းကြီး ဂါရတ်ခရော့ခ်က
အသင်းရဲ့နောက်ခံကစားသမား ကိုလာစီနက်ရဲ့ခန္ခာကိုယ်ဟာ ဒုတိယကမ္ဘာစစ်တုန်းက အင်္ဂလန်မြောက်ပိုင်းမှာ ဗုံးဒဏ်ခံနိုင်
ရည်ရှိအောင် အုပ်နဲ့ ဆောက်လေ့ရှိတဲ့ အိမ်သာတွေလိုဘဲ
ူအားကောင်းတယ်လို့ဆိုပါတယ် ။

ဒါ့အပြင်သူက မီစွတ်အိုဇေးကိုလဲ အာဆင်နယ်အသင်းကနေ
ထွက်ခွာပြီး စပါးအသင်းမှာသွားရောက်ကစားသင့်တယ်လို့
ဆိုပါတယ် ။ စပါးပရိတ်သတ်တွေဟာ အိုဇေးလိုကစားသမား
မျိုးကိုလက်ခံကြိုဆိုကျမှာဖြစ်ပြီး အာဆင်နယ်မှာတော့ အနိုင်ရ
ရှိရေးသာ ပြောဆိုနေကျတယ်လို့ သူကဆိုပါတယ် ။

နာချိုမွန်ရီယယ်က သူ့ရဲ့အာဆင်နယ်ကစားသမားဘဝ ပထမ
ဆုံးပွဲဦးထွက်ဖြစ်တဲ စတုတ်စီးတီးနဲ့ပွဲဟာ မိမိအတွက် ဖိအား
အများဆုံးခံစားရတဲပွဲဖြစ်တယ်လို့ ဆိုပါတယ် ။

PSG အသင်းရဲ့ခံစားကသမားဟောင်း အဲလစ်က လူးကပ်
မိုရာကို PSG အသင်းကနေထွက်ခွာပြီး အာဆင်နယ်အသင်း
ကိုပြောင်းရွေ့ကစားသင့်တယ်လို့ အကြံပြုပြောကြားခဲ့ပါတယ် ။

အင်တာမီလန်အသင်းဟာ ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ
တိုက်စစ်မူးသီယိုဝေါကော့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့
သိရပါတယ် ။

ဒီကနေ့ဟာ အာဆင်နယ်ကစားသမားဟောင်း သောမတ်ရိုစစ်စကီးရဲ့ မွေးနေ့ဖြစ်ပါတယ် ။

Leave a comment

Your email address will not be published. Required fields are marked *