စက်တင်ဘာလအတွက် မန်ယူအသင်း အကောင်းဆုံးဘောလုံးသမားဆုကို မာစီယဲလ် ဆွတ်ခူး

မန်ယူအသင်း တောင်ပံတိုက်စစ်ကစားသမား မာစီယဲလ်သည်
စက်တင်ဘာလအတွက် မန်ယူအသင်း၏ တစ်လတာအကောင်း
ဆုံးဘောလုံးသမားဆုကို ဆွတ်ခူးခဲ့ကြောင်းသိရသည်။

ယခုဆုအတွက် ဆန်ခါတင်စာရင်းတွင် မာစီယဲလ်၊ ဖယ်လေနီ၊ ရပ်ရှ်ဖို့ဒ်၊
လူကာကူတို့ ပါဝင်ခဲ့ပြီး မာစီယဲလ်မှာ အသင်းဖော်များကို ကျော်ဖြတ်ကာ
ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ၏ တစ်လတာအကောင်းဆုံးဆု
အတွက် မန်ယူပရိသတ် (၁၈၇၉၃၆)ဦးက မဲပေးခဲ့ပြီး စံချိန်တင်ပမာဏဖြစ်
ခဲ့သည်။ မာစီယဲလ်သည် မဲအားလုံး၏ (၄၁%)ရရှိခဲ့ပြီး စက်တင်ဘာလအ
တွင်း ခြေစွမ်းပြဂိုးများသွင်းယူခဲ့သည့် တိုက်စစ်မှူး လူကာကူမှာမူ (၃၁%)
သာရရှိခဲ့ကာ ဖယ်လေနီမှာ (၂၀%)ရရှိခဲ့ကြောင်းသိရသည်။

အသက်(၂၁)နှစ်အရွယ်သာရှိသေးသူ မာစီယဲလ်သည် ယခုဆုကို ၂၀၁၅
ဒီဇင်ဘာ၊ ၂၀၁၆ မေလများက ရရှိခဲ့ပြီး တတိယအကြိမ်မြောက်ရရှိခဲ့ခြင်း
ဖြစ်သည်။

Leave a comment

Your email address will not be published. Required fields are marked *