နာမည်ကြီး စပိန်အသင်း တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး play-offs ကစားရမယ့် အီတလီ

 

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်
ကစားခဲ့ပြီး အယ်လ်ဘေးနီးယားကို အနိုင်ရခဲ့တဲ့ စပိန်အသင်း တိုက်ရိုက်
ခြေစစ်ပွဲအောင်မြင်ခဲ့ပေမယ့် ချန်ပီယံဆု(၄)ကြိမ်ရ အီတလီအသင်း ကတော့
ဒုတိယနေရာနဲ့ကျေနပ်ခဲ့ရလို့ play-offs ထပ်မံ ကစားရမှာဖြစ်ပါတယ်။

အုပ်စု(G)မှာ ထိပ်ဆုံးနေရာအတွက် အပြိုင်ဖြစ်နေတဲ့ စပိန်နဲ့ အီတလီ
အသင်းတို့ဟာ အယ်လ်ဘေးနီးယား၊ မက်ဆီဒိုးနီးယားတို့နဲ့ ဆုံတွေ့ခဲ့
ပြီး စပိန်အသင်းက အမှားအယွင်းမရှိ အနိုင်ယူခဲ့ပေမယ့် အီတလီအသင်း
ဟာ အိမ်ကွင်းမှာ မက်ဆီဒိုးနီးယား မထင်မှတ်ဘဲ သရေကျခဲ့လို့ စပိန်နဲ့(၅)မှတ်
ကွာဟသွားတာကြောင့် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ စပိန်
အသင်းဟာ အယ်လ်ဘေးနီးယားကို ရိုဒရီဂို(၁၆)၊ အစ္စကို(၂၃)၊ သီယာဂို
အယ်လ်ကန်တာရာ(၂၆)တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။
အီတလီ-မက်ဆီဒိုးနီးယားပွဲမှာတော့ အီတလီအသင်းက မိနစ်(၄၀)မှာ ချီလီနီရဲ့
ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် (၇၇)မှာ မက်ဆီဒိုးနီးက ထရက်ကော့ဗ်စကီးက ချေပဂိုး
ပြန်သွင်းခဲ့တာဖြစ်ပါတယ်။

အခြားပွဲတွေမှာတော့ နိုင်ပွဲတွေရယူခဲ့တဲ့ ဝေးလ်စ်၊ အိုက်စလန်၊ယူကရိန်း
အိုင်ယာလန်တို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်ကို ဆက်လက်
ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်ပြီး ခရိုအေးရှား၊ ဆားဘီးယား တို့ကတော့
နိုင်ပွဲပျောက်ခဲ့တာကြောင့် နောက်ဆုံးပွဲမှာ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်(သောကြာနေ့)ရလဒ်များ
ဂျော်ဂျီယာ ၀-၁ ဝေးလ်စ်
သြစတြီးယား ၃-၂ ဆားဘီးယား
အိုင်ယာလန် ၂-၀ မော်လ်ဒိုဗာ
အီတလီ ၁-၁ မက်ဆီဒိုးနီးယား
လစ်ချင်စတိန်း ၀-၁ အစ္စရေး
စပိန် ၃-၀ အယ်လ်ဘေးနီးယား
ခရိုအေးရှား ၁-၁ ဖင်လန်
တူရကီ ၀-၃ အိုက်စလန်
ကိုဆိုဗို ၀-၂ ယူကရိန်း

 

လက်ရှိအချိန်အထိ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားသည့်အသင်းများ

Russia (as hosts)
Germany
Spain
England
Belgium
Iran
Japan
South Korea
Saudi Arabia
Mexico
Brazil

 

Source : www.news-eleven.com

Leave a comment

Your email address will not be published. Required fields are marked *