မန်ယူကွင်းလယ်လူ ပေါ့ဘာ ဒဏ်ရာကြောင့် နောက်ထပ်(၂)လခန့် ဆက်လက်အနားယူရဖွယ်ရှိနေပြီး ဖယ်လေနီလည်း ဒဏ်ရာရရှိ

 

 

မန်ယူအသင်း၏ အဓိကကွင်းလယ်လူ ပေါ့ဘာသည် ဒဏ်ရာ
မသက်သာခြင်းကြောင့် နောက်ထပ်(၂)လခန့် အနားယူရ
ဖွယ်ရှိနေ ကြောင်း သိရှိရသည်။ ပေါ့ဘာသည် စက်တင်ဘာလ
(၁၃)ရက်နေ့က ကစားခဲ့သော ချန်ပီ ယံလိဂ်အုပ်စုပွဲစဉ် မန်ယူ
(၃-၀)ဘေဆယ်ပွဲ တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး
အနား ယူနေရခြင်းဖြစ်သည်။

ပေါ့ဘာသည် ပြီးခဲ့သည့် မန်ယူအသင်း ကစားခဲ့သော ပွဲစဉ်(၅)ပွဲကို
မကစားနိုင်ဘဲ လွဲချော်ခဲ့ရသည်။ သူ့အနေဖြင့် နောက်ထပ် (၂)လခန့်
အနားယူရမည်ဆိုပါက မန်ယူအ သင်း၏ပွဲစဉ်(၁၂)ပွဲခန့် ထပ်မံလွဲချော်
ဖွယ်ရှိ နေကြောင်း သိရသည်။ သူ့အနေဖြင့် လီဗာ ပူးလ်၊ စပါး၊ ချယ်လ်ဆီး
အစရှိသော ပရီးမီးယား လိဂ်ပြိုင်ဘက်အသင်းကြီးများနှင့်ကစားရ
မည့်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေပြီး အကယ် ၍ ဒီဇင်ဘာလလယ်ပိုင်းအထိ
အနားယူရမည် ဆိုပါက အာဆင်နယ်၊ မန်စီးတီးအစရှိသော အသင်းများနှင့်
ကစားမည့်ပွဲစဉ်များကိုပါ ဆက် လက် လွဲချော်မည်ဖြစ်သည်။

ပေါ့ဘာဒဏ်ရာရရှိချိန်တွင် အသင်းအ တွက် ခြေစွမ်းပြကစားနေသော
ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဖယ်လေနီမှာလည်း ပြီးခဲ့သည့် စနေနေ့က
ကစားခဲ့သော ဘော့စနီးယား(၃- ၄)ဘယ်လ်ဂျီယံ ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲ
စဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဖယ်လေနီသည် ပွဲချိန်(၂၉)မိနစ်တွင်
ကွင်း အတွင်း ခြေပစ်လက်ပစ်လဲကျခဲ့ရာမှ ဒူးအ ရွတ်တွင် ဒဏ်ရာရရှိသွားခဲ့ပြီး
ဆက်မကစား နိုင်၍ သူ့အား လူစားလဲခဲ့ရသည်။ သူ၏ဒဏ် ရာမှာ စမ်းသပ်
စစ်ဆေးမှုများအရ ပြင်းထန် ဖွယ်မရှိသဖြင့် ရက်အနည်းငယ်အနားယူပြီး
ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။ သို့ သော် ဖယ်လေနီအနေဖြင့်
ရှေ့လာမည့်စနေနေ့တွင်ကစားရန်ရှိသော လီဗာပူးလ်-မန်ယူ ပရီးမီးယား
လိဂ်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ရန်မ သေချာကြောင်း သိရှိရသည်။

Leave a comment

Your email address will not be published. Required fields are marked *