ပွဲဆက်အများဆုံး ဂိုးပေါက်ပျောက်ဆုံးမှုနှင့် ဂရစ်ဇ်မန်း ရင်ဆိုင်နေရ

 

အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် အသင်း၌ကစားခဲ့သည့် (၄)နှစ်တာအတွင်း ပွဲဆက်အများဆုံး ဂိုး ပေါက်ပျောက်ဆုံးမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဂရစ်ဇ်မန်းသည် ယခုရာသီအတွင်း ပြိုင်ပွဲစုံ(၁၃)ပွဲတွင် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး စက်တင်ဘာ(၂၇)ရက်က ချယ်လ်ဆီးအား ရှုံးနိမ့်သည့် ချန်ပီယံလိဂ်ပွဲတွင် နောက်ဆုံးအကြိမ်အဖြစ် ဂိုးသွင်းယူနိုင်ခဲ့သည်။

ယင်းနောက်ပိုင်း ပါဝင်ကစားခဲ့သည့် ပြိုင်ပွဲစုံ(၇)ပွဲစလုံးတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ရာ အက်သလက် တီကိုကစားသမားဘ၀တွင် ပွဲဆက်အများဆုံးဂိုးပေါက်ပျောက်ဆုံးမှုဖြစ်နေကြောင်း သိရသည်။

Source: Eleven Sports

Leave a comment

Your email address will not be published. Required fields are marked *