ရှူံးပွဲနဲ့ပတ်သတ်ပြီး ကစားသမားတွေကိုဝေဖန်ပြစ်တင် လိုက်တဲ့ 

================================

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီးပီတစ်က
မန်စီးတီးအသင်းကို ရှူံးနိမ့်ခဲ့ရတာဟာ နည်းပြတစ်ယောက်
တည်းရဲ့အမှားမဟုတ်ဘဲ ကစားသမားတွေကြောင့်လဲပါ
တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ ပီတစ်က –

” အာဆင်နယ်ဘောလုံးရတဲ့အချိန်တိုင်း သူကိုယ်တိုင်အတွက် စိုးရိမ်စရာပါ၊ ဘာလို့လဲဆိုတော့
ဘောလုံးပိုင်ဆိုင်မူဆုံးရှူံးသွားပြီဆိုရင်သိပ်မကြာခင်မှာဘဲ သူတို့ကို ကြည့်ရတာ ဗရမ်းဗတာ ဖြစ်လာတာပါဘဲ၊ အာရုံစူးစိုက်မူနည်းပြီး အသင်း ဟာ ဟန်ချက်ညီမူမရှိပါဘူး ”

” အမှားက မန်နေဂျာတစ်ယောက်တည်းမဟုတ်ပါဘူး၊ ကစားသမားတွေကြောင့်လဲပါပါတယ်၊ သူတို့ဟာ
တူညီတဲ့အမှားတွေပြုလုပ်ခဲ့ကျပြီး အကျိုးဆက်အနေနဲ့
ပြိုင်ဘက်အသင်းရဲ့အလွယ်တကူအနိုင်ယူသွားခြင်းကို
ခွင့်ပြုလိုက်ရတာပါ ”

” ပွဲအစကနေအဆုံးအထိ အာဆင်နယ်ကောင်းကောင်း
ကစားတာကို ကျနော်မမြင်ရတာအတော်လေးကြာပါပြီ၊
ဒါဟာ အသင်းသားတွေကြားမှာ ယုံကြည်မူနဲ့ပတ်သတ်ပြီး ပြဿနာရှိနေပြီဆိုတာ သေချာသလောက်ပါဘဲ၊ အာဆင်နယ်အသင်းရဲ့ပြဿနာက များသောအားဖြင့်
စိတ်ဓာတ်ရေးရာပိုင်းမှာပါ၊ နည်းစနစ်ပိုင်းမှာမဟုတ်ပါဘူး ”

” စိတ်ဓာတ်တက်ကြွမူက အာဆင်နယ်ကစားသမား အတော်
များများရဲ့ အဓိကပြဿနာပါ၊ သူတို့ဟာ အသင်းအတွက်
အမြဲတမ်း ၁၀၀ % ပေးဆပ်မကစားဘူးဆိုတာရှင်းပါတယ်၊
အရေးကြုံလာပြီဆိုရင် သူတို့ထဲက တော်တော်များများက
အခွင့်အရေးကို အသုံးမချနိုင်ကျပါဘူး ၊ တစ်ခါတစ်လေ
ပင်ကိုပါရမီက ကစားပွဲတွေနိုင်အောင်လုပ်ပေးနိုင်ပါတယ်
ဒါပေမယ့် စိတ်ဓာတ်ပြင်းပြမူကလဲ မရှိမဖြစ်လိုအပ်ပါတယ် ”

Leave a comment

Your email address will not be published. Required fields are marked *