တံကောက်ကြောဒဏ်ရာကြောင့် မာနေ (၆)ပတ်နားရမည်

 

 

လီဗာပူးလ်အသင်း၏ ဆီနီဂေါတောင်ပံတိုက်စစ်ကစားသမား မာနေသည် တံ ကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်(၆)ပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။ မာနေသည် ပြီးခဲ့သည့်အောက်တိုဘာ(၈)ရက်နေ့က ကစားခဲ့သော ဆီနီ ဂေါ(၂-၀)ကိတ်ဗာဒီ ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

မာနေ(၂၅နှစ်)အနေဖြင့် လီဗာပူးလ်အသင်း၏ပွဲစဉ် အနည်းဆုံး(၁၀)ပွဲခန့်ကို လွဲချော်ဖွယ်ရှိနေပြီး ယခုစနေနေ့တွင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်-မန် ယူပွဲကိုလည်း လွဲချော်တော့မည်ဖြစ်သည်။ လီဗာပူးလ်အသင်းသည် ယခုရာသီအစပွဲ စဉ်များတွင် ရလဒ်များဆိုးရွားနေရာ မာနေဒဏ်ရာရသည့်သတင်းမှာ နည်းပြ ယာဂန်ကလော့ပ်အတွက် ထိုးနှက်ချက်တစ်ရပ်လည်းဖြစ်စေခဲ့သည်။

လီဗာပူးလ်အသင်းသည် နောက်ဆုံးကစားခဲ့သောပြိုင်ပွဲစုံ(၇)ပွဲတွင် နိုင်ပွဲ(၁)ပွဲသာရပြီး (၄)ပွဲသရေ၊ (၂)ပွဲရှုံးနိမ့် ထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ပြိုင်ဘက်အသင်းကြီး(၅)သင်း၏အောက် အဆင့်(၇)နေရာသို့ ရောက်ရှိနေသည်။

လီဗာပူးလ်အသင်းတွင် မာနေအပြင် နောက်ခံလူ လိုဗရန်၊ ကလိုင်း၊ ကွင်းလယ်လူ လယ်လာနာ၊ ဂိုးသမား ဘော့ဂ်ဒန်တို့မှာလည်း ဒဏ်ရာများကြောင့် အသီးသီးအနား ယူနေရသည်။ လီဗာပူးလ်အသင်းသည် မာနေမကစားနိုင်သောပွဲစဉ်များတွင် တိုက် စစ်၌ ဂိုးရရန်ရုန်းကန်ရလေ့ရှိပြီး အနိုင်ရာခိုင်နှုန်းလည်း ကျဆင်းလေ့ရှိသည်။

ပြီးခဲ့ သည့်ရာသီက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲသို့ မာနေ သွားရောက်ကစားစဉ် လီဗာပူးလ်အသင်းမှာ (၇)ပွဲကစားရာ၌ နိုင်ပွဲ(၁)ပွဲသာရရှိခဲ့သည်။

Leave a comment

Your email address will not be published. Required fields are marked *