မက်​ဆီကိုမန်​ချက်​စတာစီးတီးထံ​ခေါ်ယူဖို့ကိစ္စဟာအလွန်​ရှုပ်​​ထွေးလိမ့်​မယ်​လို့ဝန်​ခံလိုက်​တဲ့အဂူရို

 

 

 

 

ဆာဂျီယိုအဂူရိုကသူ့အ​နေနဲ့လီယွန်​နယ်​မက်​ဆီကိုမန်​ချက်​စတာစီးတီးအသင်းထံအလွန်​​ပြောင်း​ရွေ့​စေချင်​​ပေမယ့်​လည်းဘာစီလိုနာရဲ့အမှတ်​အသားတစ်​ခုကိုအီတီိဟတ်​ကို​ခေါ်ယူဖို့အလွန်​ရှုပ်​​ထွေးလိမ့်​မယ်​လို့​ပြောသွားပါတယ်​။
မက်​ဆီဟာလက်​ရှိအချိန်​ထိဘာကာရဲ့စာချုပ်​သစ်​မှာလက်​မှတ်​​ရေးထိုးခြင်းမရှိ​သေးတာ​ကြောင့်​အာဂျင်​တီးနားကြယ်​ပွင့်​ရဲ့အနာဂတ်​နဲ့ပက်​သက်​ပြီး​ကောလဟာလ​တွေထွက်​​ပေါ်လျက်​ရှိ​နေကာမန်​စီးတီက၎င်းကို​ခေါ်ယူဖို့စိတ်​ဝင်​စား​နေ​ပါတယ်​။
ဘာကာဥက္ကဋ္ဌဘာတိုမြူက​တော့မက်​ဆီဟာလက်​ရှိမှာစာချုပ်​သစ်​ရဲ့​အောက်​မှာကစား​နေတာလို့​အကြိမ်​များစွာ​ပြောခဲ့ပြီးတရားဝင်​​ကြေငြာသွားဖို့သာလိုအပ်​​တော့တာဖြစ်​တယ်​လို့​ပြောခဲ့ပါတယ်​။
သို့်​​ပေမယ့်​လည်းအဂူရိုက​တော့ “မန်စီးတီးအတွက်​ပိုက်​ဆံကပြသနာမဟုတ်​ပါဘူး။ ဒါ​ပေမယ့်​​ရော်​နယ်​ဒိုလိုပဲကလပ်​ရဲ့အမှတ်​အသားတစ်​ခုလိုဖြစ်​​နေတဲ့မက်​ဆီဟာအဲဒီလို​နေရာက​နေစွန့်​ခွာဖို့ခက်​ခဲပါတယ်​။
ကျွန်​​တော်​မက်​ဆီကိုမန်​စီးတီးထံအရမ်း​ရောက်​​စေချင်​​ပေမယ့်​လည်းကြည့်​ရတာအ​တော်​ကိုခက်​ခဲရှုပ်​​ထွေးမယ့်​ပုံပါပဲ။” လို့​ပြောသွားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *