ဘာဒါဒိုကိုအမှတ်ဖြင့် အနိုင်ယူ၊ မစ်ဒယ်ဝိတ်တန်းရွှေခါးပတ်ချန်ပီယံဆု တူးတူး ဆွတ်ခူး

မြန်မာလက်ခမောင်းကုမ္ပဏီက စီစဉ် ကျင်းပသည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်–၃ ပြိုင်ပွဲကို နိုဝင်ဘာ ၄ ရက်က သုဝဏ္ဏမိုးလုံလေ လုံအားကစားရုံ၌ ကျင်းပခဲ့ရာ အဓိကစိန်ခေါ် ပွဲစဉ်အဖြစ် ရိုးရာလက်ဝှေ့ကျော် တူးတူးက သြစတြေးလျနိုင်ငံသား မိုက်ကယ်ဘာဒါဒိုကို အမှတ်ဖြင့် အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

အလဲထိုးရန်ကြိုပမ်း

ပွဲဦးထွက် လိုက်ဝိတ်တန်းလေးချီတွဲဆိုင်း များအဖြစ် ချစ်မောင်မောင်နှင့် ဒိုးလေးတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ လက်သီး၊ တံတောင်စုံ လင်စွာဖြင့် ပွဲချီပြည့်ထိုးသတ်ခဲ့ကြပြီး ချစ်မောင် မောင်က အမှတ်ဖြင့်အနိုင်ရခဲ့သည်။ ဖယ်သာ ဝိတ်တန်း ငါးချီတွဲဆိုင်းအဖြစ် မိုက်ရိုင်းနှင့် ဖကျော်ဟဲတို့ပွဲတွင် လက်ရည်အသာစီးဖြင့် မိုက်ရိုင်းကထိုးသတ်ခဲ့ပြီး မိုက်ရိုင်းခေါင်းတိုက် ချက်ကြောင့် ဖကျော်ဟဲ မျက်ခုံးကွဲခဲ့သဖြင့် ဆေးစစ်မှုခံယူခဲ့ရပြီး ဆက်လက်ထိုးသတ်ခဲ့ရာ မိုက်ရိုင်း၏ ဒူးတိုက်ချက်များကြောင့် ဖကျော် ဟဲ အရှုံးပေးခဲ့ရသည်။

လိုက်မစ်ဒယ်ဝိတ်တန်း ငါးချီစိန်ခေါ်ပွဲ အဖြစ် ဖိုးလပြည့်နှင့် ကမ္ဘောဒီးယားနိုင်ငံသား ရန်စာရို့တို့ပွဲတွင် ရန်စာရို့က တံတောင်ရိုက် ချက်လှိုင်လှိုင်သုံးပြီးအလဲထိုးရန် ကြိုးပမ်းခဲ့ သော်လည်း ဒုတိယအချီ၌ ဖိုးလပြည့်၏လက်သီးဒဏ်ကြောင့် ရန်ဆာရို့အရှုံးပေးခဲ့ ရသည်။ သွေးသစ်ဝင်းလှိုင်နှင့် ရှမ်းကိုတို့ပွဲတွင် ဒုတိယအချီ၌ သွေးသစ်ဝင်းလှိုင်၏ ဒူးတိုက် ချက်ကြောင့် ရှမ်းကိုအရှုံးပေးခဲ့ရသည်။

အမှတ်ဖြင့်အနိုင်ရ

ပိုလန်နိုင်ငံသားဆာလာဒွိုက်နှင့် ရိုးမေး နီးယားနိုင်ငံသား အဲလက်စ်တို့ပွဲတွင် ဆာလာ ဒွိုက်က အသားစီးဖြင့်ထိုးသတ်နိုင်ခဲ့ပြီး ဆာလာ ဒွိုက်က အမှတ်ဖြင့်အနိုင်ရခဲ့သည်။ စိုးလင်းဦးနှင့် မွေထိုင်းကမ္ဘာ့ချန်ပီယံဟောင်း ယူဂန္ဓာနိုင်ငံသား အူမာတို့ပွဲမှာ အပြန်အလှန်လက်သီးချက်များ ဖြင့် ကြည့်ကောင်းခဲ့ပြီး ပထမအချီပြီးခါနီး၌ စိုးလင်းဦး၏ လက်သီးချက်ကြောင့် အူမာမျက် ခုံးကွဲခဲ့၍ ဆေးစစ်မှုခံယူခဲ့ရသည်။ ထိုနောက် ဆက်လက်ထိုးသတ်ခဲ့ရာ ဒုတိယအချီတစ်မိနစ် ၌ စိုးလင်းဦး၏ ညာဖြောင့်လက်သီးကြောင့် အူမာအရှုံးပေးခဲ့ရသည်။ စူပါမစ်ဒယ်ဝိတ်တန်း ငါးချီစိန်ခေါ်ပွဲ၌ မြန်မာပြည်ချန်ပီယံဟောင်း စောငမန်း၏ ခေါင်းတိုက်ချက်ကြောင့် အက်ဒီ ဖာရယ်ညာမျက်ခုံးကွဲခဲ့ပြီး ဆေးစစ်မှုသုံးကြိမ်တိုင် ပြသခဲ့ရသည်။ နောက်ဆုံးအချီတွင် စောငမန်း သက်လုံကျခဲ့သော်လည်း ပွဲချီပြည့်ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရခဲ့သည်။

ဆွတ်ခူးနိုင်

ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲအဖြစ် တူးတူးနှင့် ဘာဒါဒိုတို့ပွဲမှာ အပြန်အလှန်တိုက် စစ်ဖွင့်ကစားခဲ့၍ ကြည့်ကောင်း ခဲ့ပြီး တူးတူး၏ တိုက်ကွက်များက ဘာဒါဒိုကို အထိနာစေခဲ့ သည်။ ဘာဒါဒိုမှာ ဒုတိယအချီ၌ တိုက်စစ်မြ§င့်ခဲ့ သော်လည်း တူးတူး၏ ထောက်လက်သီးများ ကြောင့် ထင်တိုင်းမပေါက်ခဲ့ပေ။ နောက်ဆုံး အချီ၌ တူးတူးသက်လုံကျလာခဲ့ပြီး ဘာဒါဒို အသားစီးရခဲ့သော်လည်း ပွဲအပြီး၌ အမှတ် ပေးဒိုင်သုံးဦးစလုံးက တူးတူးကို အနိုင်ပေးခဲ့ သဖြင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို ဆွတ်ခူး နိုင်ခဲ့သည်။

Source : MMTimes

Leave a comment

Your email address will not be published. Required fields are marked *