စီေရာ္နယ္ဒိုဂုိးေပါက္ေပ်ာက္ေနတာနဲ႕ပက္သက္ျပီးစိတ္မပူမိပါဘူး – ဇိဒန္း


*****************************************************
ရီးရဲယ္မက္ဒရစ္နည္းျပဇနက္ဒင္းဇိဒန္းကမေန႕ညကလက္စ္ပယ္မားအသင္းကုိ၃ဂုိးျပတ္နဲ႕ႏိုင္ခဲ့တဲ့ပြဲမွာဂုိးေပါက္ေပ်ာက္ခဲ့ျပန္တဲ့တုိက္စစ္မွဳးခရစ္စတီယာႏုိေရာ္နယ္နဲ႕ပက္သက္ျပီးဘာမွစိုးရိမ္ပူပန္မွဳမရွိဘူးလုိ႕ေျပာလိုက္ပါတယ္။

ဇိဒန္းက “ဘာေတြပဲျဖစ္ေနျဖစ္ေနကစားသမားေတြအေနနဲ႕အလုပ္ကုိသာဆက္လက္ၾကိဳးစားျပီးမွန္ကန္တဲ့အရာေတြကုိပဲလုပ္သြားဖို႕လိုပါတယ္။ အခုခ်ိန္မွာစီေရာ္နယ္ဒုိနဲ႕ဘန္ဇီးမားတုိ႕အေၾကာင္းကုိေျပာေနၾကေပမယ့္သူတုိ႕ႏွစ္ဦးအသင္းအတြက္ဂုိးေတြဘယ္ေလာက္သြင္းခဲ့သလဲဆုိတာကၽြန္ေတာ္မသိပါဘူး။ ဂုိးမသြင္းႏုိင္ရင္ပထမဦးဆံုးမေပ်ာ္မရႊင္ျဖစ္တာသူတို႕ပါ။ ဒါေပမယ့္အေရးၾကီးဆံုးကေတာ့သူတုိ႕ရဲ႕လုပ္အားပဲျဖစ္ပါတယ္။ ဒါနဲ႕ပက္သက္ျပီးစိတ္ေအးေအးထားသင့္ပါတယ္။

မီဒီယာေတြကေတာ့အႏုတ္လကၡဏာေတြကုိအျမဲေတြးၾကေပမယ့္ကၽြန္ေတာ္ကေတာ့အေကာင္းျမင္သူပါ။ စီေရာ္နယ္ဒုိဟာမေန႕ညကအစၥကိုရဲ႕ဂုိးဖန္တီးေပးခဲ့ပါတယ္။ သူဒါနဲ႕ပက္သက္ျပီးေက်နပ္မယ္ဆုိတာကၽြန္ေတာ္ေျပာႏုိင္ပါတယ္။ ဒီလုိလွပတဲ့သြင္းဂုိးကုိဖန္တီးေပးႏုိင္ခဲ့လို႕သူေပ်ာ္ေနပါတယ္။ သူဂုိးသြင္းရတာကိုႏွစ္သက္တယ္ဆုိတာကၽြန္ေတ္ာတုိ႕သိထားျပီးသားပါ။ ဂုိးသြင္းႏုိင္ရင္သူပိုမုိေပ်ာ္ရႊင္ရမွာပါ။

ဒါေပမယ့္ကၽြန္ေတာ္တုိ႕ယံုၾကည္ထားရမွာကသူဟာျခားနားမွဳကိုေပးစြမ္းႏုိင္ပါတယ္။ သူဟာလက္ရွိမွာေတာ့လိဂ္မွာသြင္းဂုိးနည္းပါးေနပါတယ္။ ဒါေပမယ့္ခ်န္ပီယံလိဂ္မွေတာ့သူအမ်ားၾကီးလုပ္ျပထားႏုိင္ပါတယ္။ သူဟာအသင္းကုိေကာင္းေကာင္းကူညီေပးႏုိင္သူျဖစ္ျပီးေနာက္ဆံုးမွာေတာ့ျခားနားမွဳေတြကုိသူလုပ္ႏုိင္ပါလိမ့္မယ္။” လို႕ေျပာသြားပါတယ္။

 

စီရော်နယ်ဒိုဂိုးပေါက်ပျောက်နေတာနဲ့ပက်သက်ပြီးစိတ်မပူမိပါဘူး – ဇိဒန်း
*****************************************************
ရီးရဲယ်မက်ဒရစ်နည်းပြဇနက်ဒင်းဇိဒန်းကမနေ့ညကလက်စ်ပယ်မားအသင်းကို၃ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ပွဲမှာဂိုးပေါက်ပျောက်ခဲ့ပြန်တဲ့တိုက်စစ်မှုးခရစ်စတီယာနိုရော်နယ်နဲ့ပက်သက်ပြီးဘာမှစိုးရိမ်ပူပန်မှုမရှိဘူးလို့ပြောလိုက်ပါတယ်။

ဇိဒန်းက “ဘာတွေပဲဖြစ်နေဖြစ်နေကစားသမားတွေအနေနဲ့အလုပ်ကိုသာဆက်လက်ကြိုးစားပြီးမှန်ကန်တဲ့အရာတွေကိုပဲလုပ်သွားဖို့လိုပါတယ်။ အခုချိန်မှာစီရော်နယ်ဒိုနဲ့ဘန်ဇီးမားတို့အကြောင်းကိုပြောနေကြပေမယ့်သူတို့နှစ်ဦးအသင်းအတွက်ဂိုးတွေဘယ်လောက်သွင်းခဲ့သလဲဆိုတာကျွန်တော်မသိပါဘူး။ ဂိုးမသွင်းနိုင်ရင်ပထမဦးဆုံးမပျော်မရွှင်ဖြစ်တာသူတို့ပါ။ ဒါပေမယ့်အရေးကြီးဆုံးကတော့သူတို့ရဲ့လုပ်အားပဲဖြစ်ပါတယ်။ ဒါနဲ့ပက်သက်ပြီးစိတ်အေးအေးထားသင့်ပါတယ်။

မီဒီယာတွေကတော့အနုတ်လက္ခဏာတွေကိုအမြဲတွေးကြပေမယ့်ကျွန်တော်ကတော့အကောင်းမြင်သူပါ။ စီရော်နယ်ဒိုဟာမနေ့ညကအစ္စကိုရဲ့ဂိုးဖန်တီးပေးခဲ့ပါတယ်။ သူဒါနဲ့ပက်သက်ပြီးကျေနပ်မယ်ဆိုတာကျွန်တော်ပြောနိုင်ပါတယ်။ ဒီလိုလှပတဲ့သွင်းဂိုးကိုဖန်တီးပေးနိုင်ခဲ့လို့သူပျော်နေပါတယ်။ သူဂိုးသွင်းရတာကိုနှစ်သက်တယ်ဆိုတာကျွန်တေ်ာတို့သိထားပြီးသားပါ။ ဂိုးသွင်းနိုင်ရင်သူပိုမိုပျော်ရွှင်ရမှာပါ။

ဒါပေမယ့်ကျွန်တော်တို့ယုံကြည်ထားရမှာကသူဟာခြားနားမှုကိုပေးစွမ်းနိုင်ပါတယ်။ သူဟာလက်ရှိမှာတော့လိဂ်မှာသွင်းဂိုးနည်းပါးနေပါတယ်။ ဒါပေမယ့်ချန်ပီယံလိဂ်မှတော့သူအများကြီးလုပ်ပြထားနိုင်ပါတယ်။ သူဟာအသင်းကိုကောင်းကောင်းကူညီပေးနိုင်သူဖြစ်ပြီးနောက်ဆုံးမှာတော့ခြားနားမှုတွေကိုသူလုပ်နိုင်ပါလိမ့်မယ်။” လို့ပြောသွားပါတယ်။

Source: Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *