တော့တင်ဟမ်ဟော့စပါး သတင်းတိုများ

===================================================

တော့တင်ဟမ်ဟော့စပါး အသင်းဟာ ယမန်နေ့ညက လန်ဒန်ဒါဘီပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ် အသင်းကို အိမ်ကွင်း မှာ လက်ခံကစားခဲ့ပြီး တောင်ပံ ကစားသမားလေး ဆွန်ဟောင် မင် ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ် ။

စပါးဟာ အဆိုပါနိုင်ပွဲကြောင့် အဆင့် ၂ နေရာက မန်ချက်စတာ ယူနိုက်တက် အသင်းကို ဖိအားပေးလာနိုင်ခဲ့ ပြီဖြစ်ပါတယ် ။

ဆွန်ဟောင်မင် က တော့ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ အထိ သွင်းယူလာနိုင်ခဲ့ပြီဖြစ်ကာ ပရီးမီးယားလိဂ် သမိုင်း တစ်လျောက် ဂိုးသွင်းအများဆုံး အာရှသားဖြစ်လာခဲ့ပြီဖြစ်ပါတယ် ။ #Congratulation_Sonny

စပါးအသင်းဟာ ပထမဂိုးသမားကြီး လိုရစ် နဲ့ ဒုတိယဂိုးသမား မစ်ချယ် ဗွန်း တို့ ဒဏ်ရာရရှိနေခဲ့တာကြောင့် တတိယဂိုးသမားလေး ဂတ်ဇာနီဂါ ကို ပထမဆုံးအကြိမ် ပွဲထုတ် ကစားသွားခဲ့ပါတယ် ။

ဂတ်ဇာဂီနီ ဟာ ပရီးမီးယားလိဂ် ပွဲဦးထွက် မှာပဲ လက်စွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် က သတ်မှတ်တဲ့ Man of the Match ဆုကို ရရှိခဲ့ပါတယ် ။

“အသင်းရဲ့ ကစားပုံ အတွက်ရော ကျွန်တော့ရဲ့ ပုံစံ အတွက် ရော ကျွန်တော် ကျေနပ်ပျော်ရွှင်မိပါတယ် ။ ဂိုး မပေးခဲ့ရသလို အနိုင် ၃ မှတ်လည်းရခဲ့ပါတယ် ။ ဒါဟာ ကျွန်တော်တို့ အတွက် တကယ်ကောင်းမွန်တဲ့ ရလဒ် ပါပဲ”

“ဒီအနိုင်ရလဒ်ဟာ ကျွန်တော့အသင်းမှာ ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရရှိ လာခဲ့တဲ့ ရလဒ်ပါ ။ ဒီနိုင်ပွဲဟာ ကျွန်တော်တို့အတွက် တကယ်အရေးပါခဲ့ပါတယ် ။ ကျွန်တော်တို့ ကစားပုံ မကောင်းခဲ့ပါဘူး ။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် ပီပီ ကစားနိုင်ခဲ့ပြီး အနိုင် ရယူနိုင်ခဲ့ပါတယ်”

“ကျွန်တော် ပက်ဂျီဆန် ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ် ။ သူ့ကို မီအောင် အများကြီး ကြိုးစား ရဦးမှာပါ ။ ကျွန်တော် စပါး အတွက် ဂိုးတွေ အများကြီးသွင်းပေးချင်ပါတယ် ။ ဒီ စံချိန် မှတ်တမ်းကို ရရှိတဲ့ အတွက်လည်း အရမ်း ဂုဏ်ယူမိပါတယ်”

စပါး ကွင်းလယ်လူ အယ်လီ က တော့ ဒဏ်ရာကြောင့် ပဲလေ့စ် ပွဲကို လွဲချော် ခဲ့သလို အင်္ဂလန် အသင်းရဲ့ ခြေစမ်းပွဲကစားမယ့် လူစာရင်းကနေ နှုတ်ထွက်သွားခဲ့ပါတယ် ။

တိုက်စစ်မှုး ဟယ်ရီကိန်း က တော့ ပွဲချိန် အတွင်း ဒဏ်ရာရရှိဟန် ပေါ်ခဲ့ပေမယ့် အင်္ဂလန် အသင်းအတွက် ပါဝင် ကစားပေးနိုင်ဖွယ် ရှိတယ်လို့ ပိုချက်တီနို က ဆိုသွားခဲ့ပါတယ် ။

ဒါပေမယ့် ကွင်းလယ်လူ ဟယ်ရီဝင့် ရဲ့ အနေအထားကိုတော့ စစ်ဆေးပြီးမှ အတည်ပြုနိုင်မယ်လို့လည်း ပိုချက် တီနို က ဆိုသွားခဲ့ပါတယ် ။

စပါးအသင်းဟာ ရှော်ကေးအသင်းမှာ ကစားနေတဲ့ ဂျာမန်လက်ရွေးစင် လီယွန် ဂေါ်ရက်ဇ်ကာ ကို စောင့် ကြည့်နေတယ်လို့ သိရှိရပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ ကွင်းလယ်လူ အန်ဒါဂိုးမက် ကိုလည်း ခေါ်ယူလိုတယ်လို့ သတင်းရရှိပြီး ဘာစီလိုနာ အသင်းကလည်း စပါးကွင်းလယ်လူ ဟယ်ရီဝင့် ကို စိတ်ဝင်စားနေတယ်လို့ ကြားသိရပါတယ် ။

စပါးကွင်းလယ် ဖန်တီးရှင် အဲရစ်ဆင် က တော့ အသင်းထံ ယခုနှစ်မှ ရောက်ရှိလာခဲ့တဲ့ လူငယ်နောက်ခံလူ ဒေဗီဆင် ဆန်းချက် ကို ချီးကျုးပြောဆိုခဲ့ပြီး ယခုထက် ပိုကောင်းလာလိမ့်ဦးမယ်လို့လည်း ဆိုသွားခဲ့ပါတယ် ။

ပရီးမီးယားလိဂ် နဲ့ သြစတြေးလျ ဂိုးသမားဟောင်း မက် ရှဝါဇာ က တော့ စပါး ဂိုးသမားကြီးလိုရစ် ဟာ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့အကောင်းဆုံး ဂိုးသမားဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ် ။

စပါးနည်းပြကြီး ပိုချက်တီနို ကတော့ အောက်တိုဘာလ အတွက် အကောင်းဆုံး ပရီးမီးယားလိဂ် နည်းပြဆု စကာတင် စာရင်းမှာ ပါဝင် ခဲ့ပါတယ် ။

စပါး တောင်ပံကစားသမား အဲရစ် လာမယ်လာ ဟာ နိုင်ငံတကာပွဲစဉ်တွေ အပြီးလောက်မှာ ပြန်လည် ပါဝင် လာနိုင်ခြေရှိတယ်လို့လည်း သတင်းကောင်းကြားသိရပါတယ် ။

ကွင်းလယ်လူ ဒဲလီ အယ်လီ ဟာ အေးဂျင့်အသစ် ခန့်အပ်မှု မရှိသေးပေမယ့် စပါးအသင်းနဲ့စာချုပ်သစ် ချုပ်ဆို ဖို့ ကိစ္စ ကို ဆောင်ရွယ်သွားလိုတယ်လို့ သိရှိရပါတယ် ။

စပါးအသင်းဟာ ယမန်နေ့ညက ပွဲမှာ ဘိန်းပန်းပုံကို အကျီမှာ တပ်ဆင် ကစားသွားခဲ့ပါတယ် ။

“တော့တင်ဟမ် သာ ရီးရဲမက်ဒရစ် နဲ့ ပွဲကလို ပွဲတိုင်းကစားနိုင်မယ်ဆိုရင် ဥရောပ တစ်ခုလုံးက သူတို့ကို ကြောက်ရွံ့နေကြရမှာပါ”

 

Source: Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *