ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔အခြင့္အေရးရွိခဲ့တယ္လို႔ ေျပာဆိုလိုက္တဲ့ ခ်ဲဆီးတိုက္စစ္မႈး မိုရာတာ

ခ်ဲဆီးနဲ႔ ယူႏိုက္တက္အသင္းတို႔ဟာ ဒီတစ္ပတ္မွာေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းၾကီးထဲမွာ ထိပ္တိုက္ေတြ႔ဆံုၾကေတာ့မွာျဖစ္ျပီး၊ ဒီပြဲမတိုင္ခင္မွာေတာ့ ခ်ဲဆီးတိုက္စစ္မႈး မုိရာတာက သူ႔အေနနဲ႔ ခ်ဲဆီးကို မေျပာင္းေရႊ႕ခင္ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔ အခြင့္အေရးရွိခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

Metro သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေတာ့ မိုရာတာက ” က်ေနာ့္မွာ ယူႏိုက္တက္အပါအ၀င္ အျခားပရီးမီးယားလိဂ္ ကလပ္အသင္းေတြကို ေျပာင္းေရႊ႕ဖို႔ အခြင့္အေရးရွိခဲ့ပါတယ္။ ဒါေပမယ့္ ကြန္တီ၊ အမီနာလို၊ ဂရန္ေနာ့ဗ္စကာရီးယားတို႔အားလံုးက က်ေနာ့္ကို အေလးအနက္ထားျပီး ဆက္သြယ္ခဲ့ၾကသလို၊ သူ႔တို႔ဘက္ လိုလိုခ်င္ခ်င္ ရွိေနတဲ့အေၾကာင္းေတြကိုလဲ ေသခ်ာ ရွင္းျပခဲ့ၾကတာပါ။

အေရးအၾကီးဆံုးကေတာ့ က်ေနာ္ဟာ ခ်ဲဆီးရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ေနျပီျဖစ္ေနျပီေလ၊ ဒီမွာေနရတာလဲ ေပ်ာ္ပါတယ္။ အခု၀တ္ဆင္ထားတဲ့ အျပာေရာင္ဂ်ာစီအတြက္ပဲ အစြမ္းကုန္တိုက္ပြဲ၀င္သြားမွာျဖစ္သလို၊ အသင္းအတြက္လဲ အေကာင္းဆံုးစြမ္းေဆာင္ေပးသြားခ်င္ပါတယ္” လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

အသက္ 25 ႏွစ္အရြယ္ စပိန္တိုက္စစ္မႈးဟာ ျပီးခဲ့တဲ့အေျပာင္းအေရႊ႕က ယူႏိုက္တက္၊ ခ်ဲဆီးတို႔ နဲ႔အျပိဳင္ သတင္းေတြ ထြက္ေပၚခဲ့ေသာ္လဲ ေနာက္ဆံုးမွာေတာ့ ခ်ဲဆီးအသင္းထံ ေပါင္ သန္း 70 နဲ႔ ေရာက္ရွိလာခဲ့ပါတယ္။

ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အခွင့်အရေးရှိခဲ့တယ်လို့ ပြောဆိုလိုက်တဲ့ ချဲဆီးတိုက်စစ်မှုး မိုရာတာ
=======================================

ချဲဆီးနဲ့ ယူနိုက်တက်အသင်းတို့ဟာ ဒီတစ်ပတ်မှာတော့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကြီးထဲမှာ ထိပ်တိုက်တွေ့ဆုံကြတော့မှာဖြစ်ပြီး၊ ဒီပွဲမတိုင်ခင်မှာတော့ ချဲဆီးတိုက်စစ်မှုး မိုရာတာက သူ့အနေနဲ့ ချဲဆီးကို မပြောင်းရွှေ့ခင် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Metro သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ မိုရာတာက ” ကျနော့်မှာ ယူနိုက်တက်အပါအဝင် အခြားပရီးမီးယားလိဂ် ကလပ်အသင်းတွေကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ ဒါပေမယ့် ကွန်တီ၊ အမီနာလို၊ ဂရန်နော့ဗ်စကာရီးယားတို့အားလုံးက ကျနော့်ကို အလေးအနက်ထားပြီး ဆက်သွယ်ခဲ့ကြသလို၊ သူ့တို့ဘက် လိုလိုချင်ချင် ရှိနေတဲ့အကြောင်းတွေကိုလဲ သေချာ ရှင်းပြခဲ့ကြတာပါ။

အရေးအကြီးဆုံးကတော့ ကျနော်ဟာ ချဲဆီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီဖြစ်နေပြီလေ၊ ဒီမှာနေရတာလဲ ပျော်ပါတယ်။ အခုဝတ်ဆင်ထားတဲ့ အပြာရောင်ဂျာစီအတွက်ပဲ အစွမ်းကုန်တိုက်ပွဲဝင်သွားမှာဖြစ်သလို၊ အသင်းအတွက်လဲ အကောင်းဆုံးစွမ်းဆောင်ပေးသွားချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အသက် 25 နှစ်အရွယ် စပိန်တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့က ယူနိုက်တက်၊ ချဲဆီးတို့ နဲ့အပြိုင် သတင်းတွေ ထွက်ပေါ်ခဲ့သော်လဲ နောက်ဆုံးမှာတော့ ချဲဆီးအသင်းထံ ပေါင် သန်း 70 နဲ့ ရောက်ရှိလာခဲ့ပါတယ်။ 

 

Source: Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *