ONE CHAMPIONSHIPS HERO’S DREAM OPEN WEIGHT SUPER BOUT

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က MMA ပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် အောင်လအန်ဆန်ထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့
ရန်ကုန် နိုဝင်ဘာ ၎
One Championship အဖွဲ့က ဦးဆောင်ကျင်းပသော MMA (ကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံ) One Hero’s Dream ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် အောင်လအန်ဆန်ထံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၃ ရက်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၃ ရက်က ကျင်းပသော One Championships Hero’s Dream Open Weight Super – Bout ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု Middle Weight တန်းမှ အောင်လန်အန်ဆန်က စိ

န်ခေါ်သူ Heavy Weight တန်း ကစ်ဘောင်ဆင် ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီ ကို ပထမအချီ ၄ မိနစ် ၃၁ စက္ကန့် တွင် ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့သည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုပြိုင်ပွဲသည် အောင်လအန်ဆန် ၏ ထူးချွန် ပြောင် မြောက်ပြီး အံ့မခန်းလောက်အောင် စိန်ခေါ်သူပြိုင်ဘက်ကို စွမ်းဆောင် အနိုင်ရ ယူခဲ့ သည့်အတွက် ဂုဏ်ပြုချီးကျူးလွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

Source :

Myanmar State Counsellor Office 

Leave a comment

Your email address will not be published. Required fields are marked *