၂၀၁၈ ကမ္ဘာ့ဖလား ဥရောပဇုန် Play-off(ဒုတိယအကျော့)ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

 

အီတလီ – ဆွီဒင် (မြန်မာစံတော်ချိန် ၁၄-၁၁-၂၀၁၇ နံနက် ၂း၁၅ နာရီ)

ဆွီဒင်အသင်းက ဥရောပဇုန် Play-Off ကစားတဲ့အသင်း (၈)သင်းမှာ အီတလီပြီးရင် အကောင်းဆုံးလို့သတ်မှတ်လို့ရပါတယ်။

ဒါပေမဲ့မဲခွဲပွဲမှာ အီတလီနဲ့ ထိပ်တိုက်တွေ့ခဲ့လို့သာကံဆိုးခဲ့ရတာပါ။

ပထမအကျော့ အိမ်ကွင်းမှာအနိုင်ရထားလို့ ဒီပွဲမှာ ဆွီဒင်တို့အတွက် အခွင့်အရေးအများကြီးရှိနေတယ်။

ဆွီဒင်ရဲ့အားနည်းချက်ကတော့ အဝေးကွင်းညံ့တာပါပဲ။

ဒါကြောင့် ဒီပွဲရဲ့အဖြေဟာ ဆွီဒင်ရဲ့ခံစစ်ပိုင်းဖြစ်လာနိုင်ပြီး အီတလီရဲ့ အိမ်ကွင်းကစားအားကိုထိန်းချုပ်နိုင်ဖို့ပါပဲ။

အီတလီကလည်း အိမ်ကွင်းရှုံးပွဲမရှိတာ ဆယ်စုနှစ်နှစ်ခုကျော်ပြီ။

ဒီပွဲတော့အီတလီပဲနိုင်ဖို့များတယ်။

Leave a comment

Your email address will not be published. Required fields are marked *