လူရွေးချယ်ပွဲ၌ အရည်အချင်းရှိ လူငယ်အချို့တွေ့ရှိထားဟု ရှမ်းနည်းပြချုပ် ပြောဆို

 

ရှမ်းယူနိုက်တက် လူငယ်ရွေးချယ်ပွဲ၌တွေ့ရသည့် မျိုးဆက်သစ်လူငယ်များ။ ဓာတ်ပုံ- ရှမ်းယူနိုက်တက်

ရှမ်းယူနိုက်တက်ဘောလုံးအသင်းမှ ပြုလုပ် လျက်ရှိသည့် လူငယ်သွေးသစ်ရွေးချယ်ပွဲသို့ လာရောက်ရွေးချယ်ခံသော လူငယ်များအနက် အရည်အချင်းမီ လူငယ်အချို့ကိုတွေ့ရှိထားပြီ ဖြစ်ကြောင်း ရှမ်းယူနိုက်တက်နည်းပြချုပ်ဦးစိုးမြတ်မင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းအတွက် လူငယ် ကစားသမားများ ထွက်ပေါ်လာရန် ရည်ရွယ် ပြုလုပ်သော လူရွေးချယ်ပွဲသို့ နိုဝင် ဘာ ၂၈ ရက်က ကစားသမား ၂၈၉ ဦးလာရောက် ရွေးချယ်ခံခဲ့ပြီး ယူ-၂၁ ကစားသမား ၉ဝ ၊ ယူ-၁၉ ကစားသမား ၁၉၉ ဦး အရွေးချယ်ခံ ယူခဲ့သည်။ အဆိုပါကစားသမားများအနက် အစောဆုံးစာရင်းပေးသူ ၁ဝဝ ကို ရွေးချယ်ကာ ယူ-၂၁ ကစားသမား ၆ဝ နှင့် ယူ-၁၉ ကစား သမား ၄ဝ တို့အား ခြေစွမ်းစမ်းသပ်ခဲ့ကြောင်း သိရသည်။

”လာရွေးတဲ့ ကလေးအတော်များများက ကြိုးစားကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရှိပြီးသား ကလေးတွေကိုမီဖို့ အတော်လေး အားစိုက်ရပါလိမ့်မယ်။ ဝမ်းသာစရာကောင်းတာ တစ်ခုတော့ရှိတယ်။ ဒီနေ့ကလေးတွေထဲမှာ အရည်အချင်းမီတဲ့ ကလေးတချို့ပါလာတယ်။ အမြင်တွေကောင်းတယ်၊ သေချာလေ့ကျင့်ပေး ရင် မျှော်လင့်လို့ရတဲ့ အနေအထားမှာရှိပါ တယ်”ဟု ဦးစိုးမြတ်မင်းက ပြောဆိုခဲ့သည်။

Source : MMtimes

Leave a comment

Your email address will not be published. Required fields are marked *