ပင္နယ္တီ လုကန္ၾကျပန္တဲ့ ေနမာ နဲ႔ ကာဗာနီ

PSG အသင္းရဲ႕ တုိက္စစ္မႈးေတြျဖစ္ၾကတဲ့ အီဒင္ဆင္ ကာဗာနီ နဲ႔ ေနမာ တို႔ ၂ ဦးဟာ ယခုႏွစ္ ရာသီအစပုိင္းက ကစားခဲ့တဲ့ လုိင္ယြန္ အသင္းနဲ႔ ပြဲစဥ္မွာ ပင္နယ္တီ လုကန္ခဲ့ၾကတာေၾကာင့္ သတင္းႀကီးခဲ့ၾကသူေတြျဖစ္ပါ တယ္ ။

ေနာက္ပုိင္းမွာေတာ့ နည္းျပ အမ္မရီ က ပင္နယ္တီ ကိစၥကို ေျဖရွင္းၿပီးသြားပါပီလုိ႔ ဆုိခဲ့သလို ကာဗာနီ ကလည္း အခ်ဳိ႕ပြဲေတြမွာ ေနမာ ကို ပင္နယ္တီ ေပးကန္မွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

ဒါေပမယ့္ ယမန္ေန႔ညက ကစားခဲ့တဲ့ ထရြဳိင္းစ္ အသင္းနဲ႔ ပြဲစဥ္မွာေတာ့ ေနမာ နဲ႔ ကာဗာနီ တုိ႔ ပင္နယ္တီ လုကန္မႈျဖစ္ပြားခဲ့ျပန္ပါတယ္ ။

ပြဲခ်ိန္ ပထမပိုင္းမွာ ကာဗာနီ ဟာ ထရြဳိင္းစ္ ကြင္းလယ္လူ ဇာမိုဟမ္ ရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ ဧရိယာထဲလဲက်ခဲ့ ၿပီး PSG တို႔ ပင္နယ္တီ ရခဲ့ပါတယ္ ။ အဆိုပါ ပင္နယ္တီ ကို ကာဗာနီ က ကိုယ္တိုင္ကန္သြင္းဖို႔ ျပင္ဆင္ခဲ့ေပ မယ့္ ပဲရစ္ ဆီကို ကမၻာ့အျမင့္ဆံုးေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လာခဲ့သူ ေနမာ က ပင္နယ္တီကို ကန္ဖို႔ ေတာင္းဆို ခဲ့ေပမယ့္ ကာဗာနီ က ျငင္းပယ္ခဲ့ပါတယ္ ။

ပင္နယ္တီ ဧရိယာထဲကေန အျပင္ကို ထြက္လာခဲ့တဲ့ ေနမာ ကို ပက္စ္တိုရီ နဲ႔ အသင္းေခါင္းေဆာင္ သီယာဂိုေဆးလ္ဗား တုိ႔ လာေရာက္ ႏွစ္သိမ့္ခဲ့ၾကပါတယ္ ။ အဆိုပါ ပင္နယ္တီ ကို ကာဗာနီ ကန္သြင္းခဲ့ေပမယ့္ ထရြဳိင္းစ္ ဂိုးသမားက ပုတ္ထုတ္ ကာကြယ္သြားခဲ့ပါတယ္ ။

လိုင္ယြန္ အသင္းနဲ႔ ပြဲစဥ္မွာလည္း ကာဗာနီ က ေနမာကို ပင္နယ္တီ ေပးကန္ဖို႔ ျငင္းဆန္ခဲ့ကာ ကိုယ္တုိင္ ကန္သြင္းခဲ့ေပမယ့္ ဂိုးမ၀င္ခဲ့တာေၾကာင့္ ေနမာ နဲ႔ ပင္နယ္တီ လုကန္ရတုိင္း ကာဗာနီ ပင္နယ္တီ လြဲေခ်ာ္ေနျခင္းဟာ ထူးဆန္းတဲ့ တုိက္ဆုိင္မႈ ျဖစ္ေစခဲ့ပါတယ္ ။

ပင္နယ္တီ ကန္ခြင့္ မရခဲ့ေပမယ့္ ေနမာ ဟာ ပီအက္စ္ဂ်ီ အတြက္ ၁၅ ဂိုးေျမာက္ကို ၂၅ ကိုက္ အကြာကေန တစ္ကိုယ္ေတာ္ အစြမ္းနဲ႔ သြင္းယူႏုိင္ခဲ့ပါတယ္ ။ ဒါ့အျပင္ ေနမာ ဟာ ကာဗာနီ သြင္းယူဖုိ႔ ဂိုးကိုလည္း ဖန္တီးေပး ခဲ့ၿပီး ကာဗာနီ ဂိုးသြင္းယူအၿပီးမွာေတာ့ ၂ ဦးသား ေပြ႔ဖက္ ေအာင္ပြဲခံသြားခဲ့ၾကပါတယ္ ။

ယခုႏုိင္ပြဲဟာ ပီအက္စ္ဂ်ီ အဖို႔ လီဂူး ၁၅ ပြဲမွာ ၁၃ ပြဲေျမာက္ႏုိင္ပြဲျဖစ္ခဲ့ၿပီး အဆင့္ ၁ ေနရာကို ဆက္လက္ ထိန္းသိမ္းထားႏုိင္ခဲ့ပါတယ္ ။

 

ပင်နယ်တီ လုကန်ကြပြန်တဲ့ နေမာ နဲ့ ကာဗာနီ

==================================================

PSG အသင်းရဲ့ တိုက်စစ်မှုးတွေဖြစ်ကြတဲ့ အီဒင်ဆင် ကာဗာနီ နဲ့ နေမာ တို့ ၂ ဦးဟာ ယခုနှစ် ရာသီအစပိုင်းက ကစားခဲ့တဲ့ လိုင်ယွန် အသင်းနဲ့ ပွဲစဉ်မှာ ပင်နယ်တီ လုကန်ခဲ့ကြတာကြောင့် သတင်းကြီးခဲ့ကြသူတွေဖြစ်ပါ တယ် ။

နောက်ပိုင်းမှာတော့ နည်းပြ အမ်မရီ က ပင်နယ်တီ ကိစ္စကို ဖြေရှင်းပြီးသွားပါပီလို့ ဆိုခဲ့သလို ကာဗာနီ ကလည်း အချို့ပွဲတွေမှာ နေမာ ကို ပင်နယ်တီ ပေးကန်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ဒါပေမယ့် ယမန်နေ့ညက ကစားခဲ့တဲ့ ထရွိုင်းစ် အသင်းနဲ့ ပွဲစဉ်မှာတော့ နေမာ နဲ့ ကာဗာနီ တို့ ပင်နယ်တီ လုကန်မှုဖြစ်ပွားခဲ့ပြန်ပါတယ် ။

ပွဲချိန် ပထမပိုင်းမှာ ကာဗာနီ ဟာ ထရွိုင်းစ် ကွင်းလယ်လူ ဇာမိုဟမ် ရဲ့ ဖျက်ထုတ်မှုကြောင့် ဧရိယာထဲလဲကျခဲ့ ပြီး PSG တို့ ပင်နယ်တီ ရခဲ့ပါတယ် ။ အဆိုပါ ပင်နယ်တီ ကို ကာဗာနီ က ကိုယ်တိုင်ကန်သွင်းဖို့ ပြင်ဆင်ခဲ့ပေ မယ့် ပဲရစ် ဆီကို ကမ္ဘာ့အမြင့်ဆုံးပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့သူ နေမာ က ပင်နယ်တီကို ကန်ဖို့ တောင်းဆို ခဲ့ပေမယ့် ကာဗာနီ က ငြင်းပယ်ခဲ့ပါတယ် ။

ပင်နယ်တီ ဧရိယာထဲကနေ အပြင်ကို ထွက်လာခဲ့တဲ့ နေမာ ကို ပက်စ်တိုရီ နဲ့ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗား တို့ လာရောက် နှစ်သိမ့်ခဲ့ကြပါတယ် ။ အဆိုပါ ပင်နယ်တီ ကို ကာဗာနီ ကန်သွင်းခဲ့ပေမယ့် ထရွိုင်းစ် ဂိုးသမားက ပုတ်ထုတ် ကာကွယ်သွားခဲ့ပါတယ် ။

လိုင်ယွန် အသင်းနဲ့ ပွဲစဉ်မှာလည်း ကာဗာနီ က နေမာကို ပင်နယ်တီ ပေးကန်ဖို့ ငြင်းဆန်ခဲ့ကာ ကိုယ်တိုင် ကန်သွင်းခဲ့ပေမယ့် ဂိုးမဝင်ခဲ့တာကြောင့် နေမာ နဲ့ ပင်နယ်တီ လုကန်ရတိုင်း ကာဗာနီ ပင်နယ်တီ လွဲချော်နေခြင်းဟာ ထူးဆန်းတဲ့ တိုက်ဆိုင်မှု ဖြစ်စေခဲ့ပါတယ် ။

ပင်နယ်တီ ကန်ခွင့် မရခဲ့ပေမယ့် နေမာ ဟာ ပီအက်စ်ဂျီ အတွက် ၁၅ ဂိုးမြောက်ကို ၂၅ ကိုက် အကွာကနေ တစ်ကိုယ်တော် အစွမ်းနဲ့ သွင်းယူနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် နေမာ ဟာ ကာဗာနီ သွင်းယူဖို့ ဂိုးကိုလည်း ဖန်တီးပေး ခဲ့ပြီး ကာဗာနီ ဂိုးသွင်းယူအပြီးမှာတော့ ၂ ဦးသား ပွေ့ဖက် အောင်ပွဲခံသွားခဲ့ကြပါတယ် ။

ယခုနိုင်ပွဲဟာ ပီအက်စ်ဂျီ အဖို့ လီဂူး ၁၅ ပွဲမှာ ၁၃ ပွဲမြောက်နိုင်ပွဲဖြစ်ခဲ့ပြီး အဆင့် ၁ နေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ် ။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *