

 

တရားရုံးနဲ့ နီးပ်တဲ့သတင်းတွေအရ မာဆယ်လိုဟာ သူ့ရဲ့ ပုံရိပ်အသုံးပြုခ ဝင်ငွေတွေကနေ အခွန်ရှောင်ခဲ့တာလို့ ဝန်ခံခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီ ယူရို 490,917 ကို စပိန် အကောက်အခွန်ဌာနထံ ပြန်လည်ပေးဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



 

 

အခွန်ရှောင်ခဲ့မိတယ်လို့ ဝန်ခံသွားတဲ့ #မာဆယ်လို
=============================

ရီးရဲမက်ဒရစ်အသင်းရဲ့ ဘယ်နောက်ခံလူ မာဆယ်လိုဟာ ယူရို 5 သိန်းနီးပါ အခွန်ရှောင်ခဲ့တယ်လို့ မက်ဒရစ်မြို့က Alcobendas တရားရုံးမှာ ဝန်ခံထွက်ဆိုသွားခဲ့ကြောင်း ဘာစီလိုနာအခြေစိုက် သတင်းတွေက ဖော်ပြလိုက်ပါတယ်။

 

တရားရုံးနဲ့ နီးစပ်တဲ့သတင်းတွေအရ မာဆယ်လိုဟာ သူ့ရဲ့ ပုံရိပ်အသုံးပြုခ ဝင်ငွေတွေကနေ အခွန်ရှောင်ခဲ့တာလို့ ဝန်ခံခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီ ယူရို 490,917 ကို စပိန် အကောက်အခွန်ဌာနထံ ပြန်လည်ပေးဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

အခွန်ဥပဒေစည်းမျဉ်းတွေအရ အဆိုပါ ပြစ်မှုကြောင့် ထောင်ဒဏ် 4 လ နဲ့ အခွန်ပဏရဲ့ 40% ကိုလဲ ဒဏ်ကြေးအဖြစ် ပြန်လည်ပေးဆောင်ရဖွယ် ရှိနေပါတယ်။

သတင်းတွေအရတော့ မာဆယ်လိုဟာ 2006 ခုနှစ်က ဥရုဂွေး နဲ့ အင်္ဂလန်က company တွေရဲ့ နာမည်ကို အသုံးပြုပြီး အခွန်ရှောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *