ရီခ်ာလီဆင္ ကို ေရာင္းထုတ္မွာ မဟုတ္ဘူးလို႕ စပါးနဲ႕ ခ်ဲဆီးကို သတိေပးလိုက္တဲ႔ ဝက္ဖို႕ဒ္အမႈေဆာင္ခ်ဳပ္

ဝက္ဖို႕ဒ္အသင္းဟာ နည္းျပ မာကိုေဆးဗားကို အဲဗာတန္ရဲ႕ ေခၚယူဖို႔ ႀကိဳးစားမႈကေန ကာကြယ္နိုင္ခဲ႔ျပီးေနာက္ ဒီရာသီမွာ ုေျခစြမ္းျပေနတဲ႔ သူတို႕ရဲ႕ ကစားသမား ရီခ်ာလီဆင္ကိုလဲ ေရာင္းထုတ္မွာ မဟုတ္ဘူးလို႕ အမႈေဆာင္ခ်ဳပ္ ဒုဇ္ဘူရီက ထုတ္ေဖာ္ေျပာဆိုသြားခဲ႔ပါတယ္။

အထူးသျဖင့္ ရီခ်ာလီဆင္ကိုေခၚယူဖို႕ ေစာင့္ႀကည့္ေနတဲ႔အသင္းေတြထဲမွာ လန္ဒန္ကလပ္ေတြျဖစ္တဲ႔ စပါးနဲ႔ ခ်ဲဆီးအသင္းတို႕က ထိပ္ဆံုးက ျဖစ္ေနပါတယ္။

အသက္ 20 အရြယ္ ဘရာဇီးေတာင္ပံကစားသမား ရီခ်ာလီဆင္ဟာ ျပီးခဲ႔တဲ႔ အေျပာင္းအေရႊ႕ကမွ ဖလူမီးနီးအသင္းကေန ေပါင္ 11.5 သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ႔သူျဖစ္ျပီး ဒီရာသီမွာ ဝက္ဖို႔ဒ္အတြက္ စုစုေပါင္း 5 ဂိုးအထိ သြင္းယူေပးထားတဲ႔ ကစားသမားျဖစ္ပါတယ္။

သူ႕ကို Sky Sports ရဲ႕ ေဘာလံုးသံုးသပ္သူ ေဂ်မီရပ္နက္ကိုယ္တိုင္က ေရာ္နယ္ဒို လက္သစ္ျဖစ္လာနိုင္တယ္လို႕ေတာင္ ခ်ီးက်ဳးထားခဲ႔တာပါ။

အသင္းရဲ႕ အမႈေဆာင္ခ်ဳပ္ကေတာ့ ရီခ်ာလီဆင္ကို ေရာင္းထုတ္မွာ မဟုတ္တဲ႔အေႀကာင္း အခုလိုပဲ ေျပာဆိုသြားခဲ႔ပါတယ္။

” က်ေနာ္တို႕က ရီခ်ာလီဆင္ကို ဒီမွာ ႏွစ္ေတြအမ်ားႀကီး ဆက္ရွိေနေစခ်င္တာပါ။ ေတာင့္တင္းတဲ႔ အသင္းတစ္သင္းျဖစ္ဖို႔ တည္ေဆာက္ေနတာမို႕ ဘယ္ကစားသမားေရာင္းထုတ္သြားမွာ မဟုတ္ပါဘူး။

က်ေနာ္တုိ႔ယံုႀကည္ထားတာက ဒီရာသီမွာ က်ေနာ္တို႕အသင္း အတိုင္းအတာတစ္ခုအထိ စြမ္းေဆာင္ျပနိုင္တယ္လို႕ ယံုႀကည္ထားတာေႀကာင့္ အသင္းအတြက္ ေျခစြမ္းျပ ကစားေနတဲ႔ ကစားသမားမွန္သမွ်ကို ဇန္နဝါရီကာလမွာ ေရာင္းထုတ္သြားမွာ မဟုတ္ပါဘူး။ ဒါေႀကာင္မို႕ က်ေနာ္တို႕ ေရာင္းဖို႕ အစီစဥ္မရွိတဲ႔ ကစားသမားေတြကို လံုးဝ ေရာင္းခ်သြားမွာ မဟုတ္ပါဘူး” လို႕ ဒုဇ္ဘူရီက ထုတ္ေဖာ္ ေျပာဆိုသြားခဲ႔ပါတယ္။

 

ရီချာလီဆင် ကို ရောင်းထုတ်မှာ မဟုတ်ဘူးလို့ စပါးနဲ့ ချဲဆီးကို သတိပေးလိုက်တဲ့ ဝက်ဖို့ဒ်အမှုဆောင်ချုပ်

=============================

 

ဝက်ဖို့ဒ်အသင်းဟာ နည်းပြ မာကိုဆေးဗားကို အဲဗာတန်ရဲ့ ခေါ်ယူဖို့ ကြိုးစားမှုကနေ ကာကွယ်နိုင်ခဲ့ပြီးနောက် ဒီရာသီမှာ ုခြေစွမ်းပြနေတဲ့ သူတို့ရဲ့ ကစားသမား ရီချာလီဆင်ကိုလဲ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ အမှုဆောင်ချုပ် ဒုဇ်ဘူရီက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

 

အထူးသဖြင့် ရီချာလီဆင်ကိုခေါ်ယူဖို့ စောင့်ကြည့်နေတဲ့အသင်းတွေထဲမှာ လန်ဒန်ကလပ်တွေဖြစ်တဲ့ စပါးနဲ့ ချဲဆီးအသင်းတို့က ထိပ်ဆုံးက ဖြစ်နေပါတယ်။

 

အသက် 20 အရွယ် ဘရာဇီးတောင်ပံကစားသမား ရီချာလီဆင်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ဖလူမီးနီးအသင်းကနေ ပေါင် 11.5 သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒီရာသီမှာ ဝက်ဖို့ဒ်အတွက် စုစုပေါင်း 5 ဂိုးအထိ သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

သူ့ကို Sky Sports ရဲ့ ဘောလုံးသုံးသပ်သူ ဂျေမီရပ်နက်ကိုယ်တိုင်က ရော်နယ်ဒို လက်သစ်ဖြစ်လာနိုင်တယ်လို့တောင် ချီးကျုးထားခဲ့တာပါ။

အသင်းရဲ့ အမှုဆောင်ချုပ်ကတော့ ရီချာလီဆင်ကို ရောင်းထုတ်မှာ မဟုတ်တဲ့အကြောင်း အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။

 

” ကျနော်တို့က ရီချာလီဆင်ကို ဒီမှာ နှစ်တွေအများကြီး ဆက်ရှိနေစေချင်တာပါ။ တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်ဖို့ တည်ဆောက်နေတာမို့ ဘယ်ကစားသမားရောင်းထုတ်သွားမှာ မဟုတ်ပါဘူး။

ကျနော်တို့ယုံကြည်ထားတာက ဒီရာသီမှာ ကျနော်တို့အသင်း အတိုင်းအတာတစ်ခုအထိ စွမ်းဆောင်ပြနိုင်တယ်လို့ ယုံကြည်ထားတာကြောင့် အသင်းအတွက် ခြေစွမ်းပြ ကစားနေတဲ့ ကစားသမားမှန်သမျှကို ဇန်နဝါရီကာလမှာ ရောင်းထုတ်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင်မို့ ကျနော်တို့ ရောင်းဖို့ အစီစဉ်မရှိတဲ့ ကစားသမားတွေကို လုံးဝ ရောင်းချသွားမှာ မဟုတ်ပါဘူး” လို့ ဒုဇ်ဘူရီက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *