အောင်သူအပြောင်းအရွှေ့အကျိုးသက်ရောက်မှုရှိစေလိမ့်မည်ဟု မစ္စတာဂတ် သုံးသပ် ပူးလ်လစ်တယ်ရိုဆာဆနာအသင်း၌ အောင်သူ ကျောနံပါတ် ၁ဝ ဝတ်ဆင်ကစားမည်

ထိုင်းပရီးမီးယားလိဂ်ကလပ် ပူးလ်လစ်တယ် ရိုဆာဆနာအသင်း၌ ကစားရန်သေချာ ခဲ့ပြီးဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့်ရတနာပုံအသင်း တိုက်စစ်မှူး အောင်သူ၏ အပြောင်းအရွှေ့သည် မြန်မာ့ဘောလုံးလောကအတွက် ကောင်းမွန်သည့် အကျိုးသက် ရောက်မှုရှိလာလိမ့်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဆီဇီက သုံးသပ်ခဲ့သည်။

တိုက်စစ်မှူးအောင်သူသည် မြန်မာယူ -၁၉ လက်ရွေးစင်အသင်းမှာကတည်းက နည်းပြ မစ္စတာဂတ်နှင့်အတူ ကာလရှည်လက်တွဲလာခဲ့ပြီး လက်ရှိ မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်တွင်လည်း အောင်သူမှာ အားထားရသည့် တိုက်စစ်မှူးတစ်ဦးဖြစ်သည်။

”ထိုင်းပရီးမီးယားလိဂ်လို အဆင့်မြင့်တဲ့နေရာမှာ သွားရောက်ကစားရမှာဆိုတော့ အောင်သူအတွက်ရော မြန်မာ့လက်ရွေးစင်အသင်းအတွက်ပါကောင်းမွန်တဲ့ အကျိုးသက် ရောက်မှုရှိလာပါလိမ့်မယ်။ ထိုင်းလိဂ်အသင်းတွေက နည်းစနစ်လည်း ကောင်းမွန်တယ်၊ ကစားအားလည်းရှိကြတယ်။ နှစ်နှစ်လောက် ထိုင်းလိဂ်မှာကစားလိုက်မယ်ဆိုရင် အောင်သူ ဟာ ဒီထက်ကောင်းတဲ့ခြေစွမ်း၊ ကြံ့ခိုင်မှုအပြည့်နဲ့ ဒေါင်ဒေါင်မြည်ကစားသမားတစ်ယောက် ဖြစ်လာမှာပါ။ ဒါဆိုရင် မြန်မာ့လက်ရွေးစင်အသင်းအတွက် အများကြီးအကျိုးပြုနိုင်ပါ လိမ့်မယ်။ ဒီမှာပဲကစားနေမယ်ဆိုရင်တော့ သူ့အတွက် တိုးတက်မယ့်လမ်းက ကြန့်ကြာ နေမှာပါ။ သူ့ရဲ့အပြောင်းအရွှေ့အတွက် ဂုဏ်ယူပါတယ်”ဟု မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဂတ်ဆီဇီက ပြောဆိုသည်။

ဆက်စပ်သတင်းများအရ ထိုင်းပရီးမီးယားလိဂ် ပူးလ်လစ်တယ်ရိုဆာဆနာအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရခဲ့သည့် ရတနာပုံတိုက်စစ်မှူး အောင်သူသည် အသင်း သစ်၌ ကျောနံပါတ် ၁ဝ ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့အသင်းကို နောက်အဆင့် တစ်ခုဆီတက်လှမ်းနိုင်အောင် အောင်သူက ကူညီပေးနိုင်လိမ့်လို့ မျှော်လင့်ပါတယ်။ လက်ရှိအသင်းမှာ မိုက်ကယ်အန်ဒရီက ကျောနံပါတ် ၉ ဝတ်နေပါတယ်။ နံပါတ်အပြောင်းအလဲမရှိဘူးဆိုရင်တော့ အောင်သူကို ကျောနံပါတ် ၁ဝ ဝတ်ဆင်ကစားစေမှာပါ”ဟု တယ်ရိုဆာဆနာအသင်း အထွေထွေမန်နေဂျာ ဝမ်နာခ်က ပြောဆိုခဲ့သည်။

ထပ်မံသိရှိရသော သတင်းများအရ အောင်သူမှာ တယ်ရိုဆာဆနာသို့ အငှားစာချုပ် ဖြင့်သာ ပြောင်းရွှေ့ဖြစ်ဖွယ်ရှိနေပြီး တစ်လလျှင် အမေရိကန်ဒေါ်လာ ၈ယဝဝဝ ခန့်ရမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

Source: MMtimes

Leave a comment

Your email address will not be published. Required fields are marked *