=========================================
ဘယ်နေရာအတွက်မှတော့တင်ဟမ်နည်းပြရာထူးကိုအပြောင်းအလဲလုပ်သွားမှာမဟုတ်ဘူးလို့ပြောလိုက်တဲ့ပိုချက်တီနို
=========================================
ရီးရဲယ်မက်ဒရစ်အသင်းကချိတ်ဆက်နေတယ်လို့သတင်းတွေထွက်ပေါ်နေတဲ့တော့တင်ဟမ်မန်နေဂျာမော်ရီစီယိုပိုချက်တီနိုကသူဟာကမ္ဘာ့အကောင်းဆုံးကလပ်တစ်ခုဖြစ်တဲ့စပါးအတွက်သာအာရုံစိုက်ထားတယ်လို့ပြောလိုက်ပါတယ်။
ပိုချက်တီနိုက “ကမ္ဘာပေါ်မှာအရေးကြီးဆုံးကလပ်ကတော့စပါးအသင်းပါပဲ။ ဒါဟာကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ကျွန်တော့်အတွက်ဒီလိုခံစားမှုမျိုးရှိဖို့လိုအပ်ပါတယ်။ ဒါဟာတကယ်ပါပဲ။ ဘာလို့လဲဆိုတော့ယုံကြည်မှုမရှိဘူးဆိုရင်ဒီလိုမျိုးယုံကြည်ချက်ကိုဖန်တီးဖို့ခက်ခဲပါတယ်။ အစစ်အမှန်မဟုတ်ပေမယ့်ဒီခံစားချက်မျိူးရှိဖို့လိုပါတယ်။
အခုတော့တင်ဟမ်အတွက်ရာနှုန်းပြည့်အာရုံစိုက်ထားပါတယ်။ ဒီလိုအချိန်မှာတော့ကျွန်တော့်အနေနဲ့အခြားနည်းပြရာထူးအတွက်စပါးကိုစွန်လွှတ်သွားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ကျွန်တော်ဟာအသင်းမှာကြီးမားတဲ့ပက်သက်မှု ကြီးမားတဲ့အာရုံစိုက်မှုရှိနေလို့ပါ။
ဒါ့ကြောင့်စပါးအသင်းမှာ ကလပ်အကြောင်းကိုသာစဉ်းစားတဲ့သူတွေ ပရိတ်သတ်တွေ ကစားသမားတွေနဲ့ဖွဲ့စည်းပုံတွေရှိနေတာပါ။ ဒီလိုမယုံကြည်နိုင်စရာဘဝကိုပေးခဲ့တဲ့အသင်းကိုအသိအမှတ်ပြုဖို့လိုပါတယ်။
စပါးဟာအရမ်းကိုကောင်းတဲ့ကလပ်ဖြစ်ပြီးကျွန်တော်တို့အနေနဲ့ကိုယ့်အပေါ်အကောင်းဆုံးဆက်ဆံခဲ့တဲ့ကလပ်အပေါ်ကိုပြန်လည်ပေးဆပ်သွားဖို့အရေးကြီးလှပါတယ်။” လို့ပြောသွားပါတယ်။
Source: Sports Myanmar
Leave a comment
Your email address will not be published. Required fields are marked *