အာရှတိုက်ဖွား ကစားသမားတွေအနက် ပရီးမီးယားလိဂ် မှာ ဂိုးသွင်းအများဆုံးဖြစ်လာခဲ့တဲ့ ဆွန်ဟောင်းမင်

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်မှုးလေး ဆွန်ဟောင်းမင် ဟာ ယမန်နေ့ညက ပဲလေ့စ် အသင်းနဲ့ ပွဲမှာ ၁ ဂိုးသွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျောက် ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ အာရှာသား ဖြစ်လာခဲ့ပါတယ် ။

ဆွန် ဟာ စပါးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး အဆိုပါ သွင်းဂိုးဟာ ဆွန် အတွက် ပရီးမီးယားလိဂ် ဂိုး ၂၀ ပြည့်မြောက်စေခဲ့ကာ ယခင် စံချိန်ရှင် ပတ်ဂျီဆန် ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၉ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့တာပဲဖြစ်ပါတယ် ။

“ကျွန်တော် စံချိန် ရှင်ဖြစ်သွားတယ်ဆိုတာတောင် သတိမထားခဲ့မိပါဘူး ။ ပွဲပြီးလို့ ဖုန်းထဲကို မက်ဆေ့ဝင်နေ တာတွေ့မှပဲ သတိထားမိလိုက်တာပါ ။ ပက်ဂျီဆန် လို ဂန္ထ၀င် ကစားသမားတစ်ယောက်ရဲ့ စံချိန်ကို ဖြတ်ကျော် နိုင်ခဲ့တဲ့ အတွက် အရမ်းဂုဏ်ယူမိပါတယ် ။ သူ့ကို အားကျပြီး ကျွန်တော် အတုယူခဲ့ရတာပါ ။ သူ့ရဲ့ ခြေရာ ကို လိုက်နင်းနိုင်ဖို့ အမြဲကြိုးစားနေခဲ့ပါတယ် ။ အခု ပက်ဂျီဆန် ကို မီဖို့ အများကြီး လိုပါသေးတယ် ။ ဘာပဲဖြစ်ဖြစ် ဒီစံချိန် မှတ်တမ်းအတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ် ။ ကျွန်တော့ မိသားစုလည်း ဒီကို ရောက်နေကြ ပါတယ် ။ သူတို့ ကျွန်တော့အတွက် ဂုဏ်ယူနေကြပါတယ်” လို့ ဆွန်ဟောင်းမင် က Spurs TV နဲ့တွေ့ဆုံခန်း မှာပြောဆိုသွားခဲ့ပါတယ် ။

စပါး အသင်းဟာ ဆွန် ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိပြီး အဆင့် ၂ နေရာက မန်ချက်စတာယူနိုက်တက် နဲ့ အမှတ် နီးကပ်လာခဲ့ပြီဖြစ်ပါတယ် ။

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *