ဂါရက်ဘေးအနေနဲ့ခက်ခဲတဲ့အချိန်တွေကိုရင်ဆိုင်နေရပါတယ် – အစ္စကို


*********************************************
အစ္စကိုကပေါင်ကြွက်သားဒဏ်ရာထပ်မံရရှိခဲ့တဲ့အသင်းဖော်ဂါရက်ဘေးအနေနဲ့ခက်ခဲတဲ့အချိန်တွေကိုကြုံတွေ့နေရတယ်လို့ဝန်ခံလိုက်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကထွက်ပေါ်ခဲ့တဲ့သတင်းများအရဘေးရဲ့ဒဏ်ရာဟာထင်ထားတာထက်ပိုမိုဆိုးရွားနေတယ်လို့သိရပြီးတစ်လတာအနားယူရမယ့်အရေးနဲ့ရင်ဆိုင်နေရပါတယ်။

ဂါရက်ဘေးဟာဒီရာသီရီးရဲယ်အတွက်ပြိုင်ပွဲစုံကိုးပွဲသာပါဝင်ကစားထားပြီးလာမည့်တစ်ပတ်အက်သလက်တီကိုနဲ့ပွဲမှာပါဝင်နိုင်မယ်လို့သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

အစ္စကိုက “ဂါရက်ဘေးဒဏ်ရာရနေတာတော်တော်ကိုကြာနေပါပြီ။ သူဟာအခုခက်ခဲတဲ့ကာလတွေကိုဖြတ်ကျော်နေရပါတယ်။ သူအမြန်ဆုံးပြန်ကစားနိုင်ဖို့ကျွန်တော်တို့အားလုံးမျှော်လင့်နေကြပါတယ်။ သူဟာအသင်းရဲ့ရည်မှန်းချက်တွေကိုဖြည့်ဆည်းပေးနိုင်မယ့်အရေးပါတဲ့ကစားသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။” လို့ပြောသွားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *