ထိုင်းနှင့်ပွဲ  အကောင်းဆုံးကစားသမားဆုဘုန်းသစ္စာမင်းရရှိဖိတ်ခေါ်ပြိုင်ပွဲ  ပထမဆုံးသွင်းဂိုးဆု  တိုက်စစ်မှူးအီစိုးရရှိ

အကောင်းဆုံးကစားသမားဆုရခဲ့သည့် ဂိုးသမား ဘုန်းသစ္စာမင်း။ ဓာတ်ပုံ-ဘောလုံးအဖွဲ့ချုပ်

မြန်မာယူ-၂၁ လက်ရွေးစင် ဂိုးသမား ဘုန်းသစ္စာမင်းသည် ဒီဇင်ဘာ ၁၄ ရက်က ယှဉ်ပြိုင်ခဲ့သည့် ထိုင်းယူ-၂၁ အသင်းနှင့်ပွဲအပြီး တွင် ယင်းပွဲစဉ်၏ အကောင်းဆုံးကစားသမား ဆုရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ဂိုးသမားဘုန်းသစ္စာ မင်းမှာ ထိုင်းကစားသမားများသွင်းယူသည့် အပိုင်ဂိုးသွင်းခွင့်များကို လက်စွမ်းပြကာကွယ် နိုင်ခဲ့သောကြောင့် ယင်းဆုကိုရရှိခဲ့ခြင်းဖြစ်သည်။ ထိုအပြင် မြန်မာယူ-၂၁ အသင်းတိုက်စစ်မှူး အီစိုးသည်လည်း ဖိတ်ခေါ်ပြိုင်ပွဲ၏ ပထမဆုံး သွင်းဂိုးဆုကို ရရှိခဲ့သည်။ အီစိုးသည် ဒီဇင်ဘာ ၁၂ ရက်က ယှဉ်ပြိင်ခဲ့သည့် ဗီယက်နမ်ယူ-၁၉ အသင်းနှင့်သရေကျခဲ့သည့်ပွဲတွင် မြန်မာအသင်း အတွက် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့သည်။

ဗီယက်နမ်သတင်းစာ ဖိတ်ခေါ်ယူ-၂၁ ပြိုင်ပွဲကျင်းပရေးကော်မတီသည် ပွဲစဉ်အလိုက် အကောင်းဆုံးဆုများကို ရွေးချယ်ပေးအပ်လျက် ရှိကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက်မှ ၂၂ ရက်အထိ ဗီယက်နမ်နိုင်ငံ ကန်သိုမြို့၌ ကျင်းပလျက်ရှိသည်။

Source : MM times

Leave a comment

Your email address will not be published. Required fields are marked *