လစ်လပ်လျက်ရှိသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနည်းပြနေရာ ဂျပန်နည်းပြတစ်ဦးခန့်အပ်ရန် ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်သွယ်ညှိနှိုင်း

 

လေ့ကျင့်ရေးကွင်း၌ မြန်မာလက်ရွေးစင်အမျိုးသမီးကစားသမားများ လေ့ကျင့်မှုများ ပြုလုပ်ခဲ့စဉ်။ ဓာတ်ပုံ- ဘောလုံးအဖွဲ့ချုပ်

လစ်လပ်လျက်ရှိသော မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ရာထူးအတွက် ဂျပန်နည်းပြတစ်ဦးကို ဂျပန်နိုင်ငံဘောလုံးအဖွဲ့ ချုပ်အကူအညီဖြင့်ခန့်အပ်ရန် ဆက်သွယ်ညှိနှိုင်း လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ထုတ်ဖော် ပြောဆိုသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အမျိုး သမီးလက်ရွေးစင်အသင်းနည်းပြအဖြစ် နယ် သာလန်နိုင်ငံသားနည်းပြ ရော်ဂျာကို တစ်လ ဒေါ်လာတစ်သောင်းဖြင့် ၂ဝ၁၆ ခုနှစ် ဖေဖော် ဝါရီလမှစတင် ခန့်အပ်ခဲ့သော်လည်း အောင် မြင်မှုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိသဖြင့် ယခုနှစ် အောက် တိုဘာလကုန်တွင် နှစ်ဦးသဘောတူလမ်းခွဲခဲ့သည်။

”မြန်မာအမျိုးသမီးအသင်းနည်းပြ ရာထူး အတွက် ဂျပန်နည်းပြတစ်ဦးကို ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်အကူအညီနဲ့ ခန့်အပ်နိုင်ဖို့ ဆက်သွယ်ညှိနှိုင်းနေပါတယ်။ လောလော ဆယ် ကြားကာလမှာ ပြိုင်ပွဲတွေလည်းမရှိ တော့နည်းပြ ခန့်အပ်ဖို့ကို အလောသုံးဆယ် မလုပ်သေးပါဘူး။ သေချာစိစစ်ပြီးမှ ခန့်အပ် သွားမှာပါ”ဟု ဦးဇော်မင်းထိုက်က ပြောဆို ခဲ့သည်။

ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ နိုင်ငံ၌ ဘောလုံးအားကစားက@ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် ဘက်စုံပူးပေါင်းဆောင်ရွက်လျက် ရှိနေပြီး မြန်မာနည်းပြများကိုလည်း ဂျပန်နိုင်ငံ ၌ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိနေသည်။ မြန်မာအမျိုးသမီး နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ ကူမာဒါတာဝန်ယူခဲ့ဖူးပြီး ၎င်းလက်ထက်တွင် အမြင့်ဆုံးအောင်မြင်မှု အဖြစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်တွင် မြန်မာအမျိုးသမီးအသင်း ဒုတိယနေရာရရှိ  ခြင်းသာရှိခဲ့သည်။

ထပ်မံသိရသော သတင်းများအရ မြန်မာ အမျိုးသမီးအသင်းနည်းပြရာထူးအတွက် နိုင်ငံ ခြားသားနည်းပြများက လျှောက်ထားမှုများရှိ နေကြောင်းသိရပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်နည်းစနစ်ဌာနမှ စိစစ်မှုများ ပြုလုပ်လျက် ရှိသည်။

” မြန်မာအမျိုးသမီး နည်းပြရာထူးအတွက် ဥရောပဘက်ကရော၊ အာရှဘက်ကနည်းပြ တွေပါ လျှောက်ထားမှုတွေရှိပါတယ်။ ဂျပန် နည်းပြခန့်ဖို့ အလားအလာများပေမယ့် နည်း စနစ်ဌာနနဲ့ တိုင်ပင်ဆွေးနွေး ညှိနှိုင်းရဦးမှာ ပါ။ အခုလောလောဆယ်တော့ ဘာမှထုတ်ပြန် လို့ မရသေးပါဘူး” ဟု ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

နိုင်ငံတကာပြိုင်ပွဲများ မရှိသေး၍ လေ့ကျင့် မှုများရပ်နားထားသော မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နိုဝင်ဘာ ၁၅ ရက် တွင် ဘောလုံးအဖွဲ့ချုပ်၌ နည်းစနစ်ဌာနမှ တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်မည် ဖြစ်ပြီး ယင်းအစည်းအဝေးအပြီး၌ လေ့ကျင့် မည့်ရက်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

Source: MMtimes

Leave a comment

Your email address will not be published. Required fields are marked *