ZOFA ချစ်ကြည်ရေးဖလား နောက်ဆုံးဗိုလ်လုပွဲနှင့် ပိတ်ပွဲကျင်းပ

ZOFA ချစ်ကြည်ရေးဖလားကို မွာလ်ဘင်းအသင်းအား တာဝန်ရှိသူတစ်ဦးက ပေးအပ်ခဲ့စဉ်။ ဓာတ်ပုံ- ပိန်လန်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့အခြေစိုက် မြန်မာနိုင်ငံဇိုမီးလူငယ် လူမှုရေးအသင်း၏ လက်အောက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဇိုမီးလူငယ်ဘောလုံးမြှင့်တင် ရေးအသင်း  (Zomi Football Association-ZOFA) ကော်မတီ၏ ဦးဆောင်မှုဖြင့် (၁၂) ကြိမ်မြောက်  ZOFA ချစ်ကြည်ရေးဖလား ဘောလုံးပြိုင်ပွဲနောက်ဆုံး ဗိုလ်လုပွဲနှင့်ပိတ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီက ကလေးမြို့တောင်ဖီလာရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ကလေးခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်ကစား သမား ဖြိုးကိုကိုသိန်း၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘောလုံးဝါ သနာရှင်များ တက်ရောက်အားပေးခဲ့ကြသည်။

”ကျွန်တော်တို့  ZOFA အဖွဲ့အစည်းအနေနဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် ဖြိုးကိုကိုသိန်း (ပေါင်ရှန်းစံ)နဲ့ ဆွင်းလမ့်မန်တို့ကို မွေးထုတ်ပေးနိုင်တဲ့အပြင် ချင်းယူနိုက်တက် အသင်းမှာလည်း လူငယ်လက်ရွေးစင် ၁၈ ဦး တို့ကို မြေတောင်မြှောက်ပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ဖို့အတွက် မြန်မာလက်ရွေးစင်ကစားသမား ကိုဆွင်းလမ့် မန်က ကူညီထောက်ပံ့ပေးပါတယ်။ နှစ်စဉ်နှစ် တိုင်းပြိုင်ပွဲကျင်းပနိုင်ဖို့ ပြည်တွင်းပြည်ပမှာ ရှိတဲ့ ပရိသတ်တွေက ကူညီပံ့ပိုးပေးခဲ့ကြပါ တယ်”ဟု ZOFA ကော်မတီမှအဖွဲ့ဝင် ဦးအင်ခန့် ဂိုက ပြောဆိုသည်။

ပေးအပ်ချီးမြှင့်

အဆိုပါဘောလုံးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်၊ တမူးမြို့နယ်နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် ဘာသာရေး အသင်းအဖွဲ့များမှ ဘောလုံးအသင်းပေါင်း ၁၆ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံး ဗိုလ်လုပွဲ၌ ပထမရရှိသော တီးတိန်မြို့နယ် မွာလ်ဘင်းအသင်းအား ဇဥင်္ဗ ချစ်ကြည် ရေးဆုဖလားနှင့် အကောင်းဆုံးဆုရရှိသူများ အား တာဝန်ရှိသူတို့က ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။

တရားဝင်မှတ်ပုံတင် ခွင့်ပြုချက်ရရှိထား သော မြန်မာနိုင်ငံ ဇိုမီးလူငယ်လူမှုရေးအသင်း သည် အားကစားမြှင့်တင်ရေးအပြင် အရေး ပေါ်လူနာများအတွက် သွေးလှူဒါန်းခြင်း၊ အရေးပေါ်အောက်ဆီဂျင်ဘူး ငှားရမ်းအသုံး ပြုစေခြင်း၊ သဘာဝဘေးသင့် ပြည်သူများအား ကူညီ ထောက်ပံ့ပေးခြင်း၊ နာရေးကိစ္စများ၌ ကူညီ ပေးခြင်းစသည့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။\

Source : MMtimes

Leave a comment

Your email address will not be published. Required fields are marked *