ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရိုနယ်ဒို ကလေးလေးယောက်၏ဖခင် ဖြစ်လာ

ဓာတ်ပုံ-ရိုနယ်ဒိုအင်စတာဂရမ်

 

မက်ဒရစ် နိုဝင်ဘာ ၁၃

ပေါ်တူဂီနှင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရိုနယ်ဒို၏ ချစ်သူဖြစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်သည် တနင်္ဂနွေနေ့က သမီးငယ် အယ်လာ နာမာ တီနာကို မက်ဒရစ်မြို့ရှိ ကွီယွန်ယူနီဗာ ဆယ်ဆေးရုံ၌ အောင်အောင် မြင်မြင်ဖြင့် မွေးဖွားနိုင်ခဲ့၍ ရိုနယ်ဒိုမှာ ကလေးလေးယောက် ဖခင်ဖြစ်လာ ခဲ့သည်။

အသက် (၃၂)နှစ်အရွယ် တိုက်စစ်မှူး ရိုနယ်ဒိုက မိသားစု လိုက်ပုံကို အင်စတာဂရမ်၌ ပို့စ်တင်ခဲ့ပြီး အယ်လာနာ မာတီနာမွေးဖွားခဲ့ပြီးဖြစ်ကြောင်း၊ ဂျီယိုနှင့် အယ်လာနာတို့မှာ ကြီးမြတ်သည့်အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ မင်္ဂလာသတင်းအတွက် ပျော်ရွှင်နေရပါကြောင်း ရေးသားခဲ့သည်။

အချိန်စော

ရိုနယ်ဒိုသည် ပြီးခဲ့သည့်ဇွန်လက အငှားကိုယ်ဝန်ဆောင်မိခင်ဖြင့် အမြွှာကလေး ပိုင်ဆိုင်ခဲ့ပြီးနောက် ယခုအခါ သမီးငယ်တစ်ဦးကိုပါ ထပ်မံပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ စပိန်နှင့် အာဂျင်တီးနားသွေးနှော ရိုဒရီ ဂွက်ဇ်သည်  ရိုနယ်ဒို၏ ကိုယ်ဝန်ဆောင်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်၌ မီးဖွားမည်ဟု ထင်မှတ်ခဲ့ရသော်လည်း အချိန်စော၍ မွေးဖွားခဲ့သည်။ ရုပ်သံစတားတစ်ဦးဖြစ်သူ  ရိုဒရီဂူးစ်က ရိုနယ်ဒိုအနေဖြင့် ရိုဒရီဂွက်ဇ်နှင့် ချစ်ကြိုက်နေစဉ် ၎င်းနှင့်ချစ်ကျွမ်းဝင်မှုများရှိခဲ့ကြောင်း စွပ်စွဲခဲ့ပြီးနောက် ရိုနယ်ဒိုမှာ သတင်းကောင်းကြားခဲ့ရခြင်းဖြစ်သည်။

Source: MMtimes

Leave a comment

Your email address will not be published. Required fields are marked *