စီေရာ္နယ္ဒို ဘာေၾကာင့္ ေအာင္ျမင္တာလဲ

စီေရာ္နယ္ဒိုိ ဆိုတဲ့ ေဘာလံုးသမားဟာ အေထြအထူး မိတ္ဆက္ရမယ့္သူ မဟုတ္ပါဘူး။ ကမာၻ႕ေဘာလံုးသမိုင္းမွာေတာင္ အေကာင္းဆံုးစာရင္း၀င္သူ၊ စံခ်ိန္ေပါင္း၊ ဆုတံဆိပ္ေပါင္းေျမာက္မ်ားစြာရဲ႕ အရွင္သခင္၊ လက္ရွိကမာၻ႕အေကာင္းဆံုး ေဘာလုံးသမား၊ Living legend တစ္ေယာက္၊၊ တကယ္ေတာ့ အားကစားဟာ လူငယ္တစ္ေယာက္ကို ပါရမီ ဘယ္ေလာက္ပါသလဲ၊ Talent ဘယ္ေလာက္ရွိသလဲ ဆုိတာေတြေပၚမွာ အဓိကအေျခခံ အကဲျဖတ္တဲ့ နယ္ပယ္တစ္ခု ျဖစ္ပါတယ္။ ဒီအခါ ငယ္ငယ္က တအားကို ေတာ္တယ္၊ တခ်ိန္မွာ ထြန္းေတာက္လာမယ္လို႔ သတ္မွတ္ခံခဲ့ရေပမယ့္ တကယ့္လက္ေတြ႕မွာ ထင္သလို ျဖစ္မလာတဲ့ ကစားသမားေတြ၊ တစ္ဖက္မွာလည္း ေအာင္ျမင္မႈကို၊ ၂ႏွစ္ ၃ႏွစ္အျပင္ ပိုထိန္းမထားႏုိင္တဲ့သူေတြ အမ်ားအျပား ျဖစ္လာတယ္။ အဲဒီလိုလူေတြၾကားထဲမွာ ႏွစ္ေပါင္းမ်ားစြာ ေအာင္ျမင္ေန၊ ေအာင္ျမင္ဆဲျဖစ္တဲ့ ေရာ္နယ္ဒိုရဲ႕အေၾကာင္းက ခုလို စာေရးဖုိ႔ ျဖစ္လာခဲ့တယ္။

ပတ္၀န္းက်င္မွာလည္း ၾကည္႕ၾကည္႕ပါ။ ေက်ာင္းတုန္းက စာသိပ္မေတာ္ဘူး ထင္ရတဲ့သူေတြက ခုခ်ိန္မွာ ေအာင္ျမင္ေနတာေတြ ရွိပါတယ္။ စာေတာ္ပါတယ္ဆုိတဲ့သူေတြထဲမွာလည္း ေပါက္ေပါက္ေျမာက္ေျမာက္ ျဖစ္မေနတာေတြ ရွိပါတယ္။ ဘာေၾကာင့္ပါလဲ။ အေၾကာင္းတစ္ခုကေတာ့ ဘ၀ရဲ႕ေအာင္ျမင္မႈကို Talent တစ္ခုတည္းကပဲ အာမ,မခံေပးႏုိင္တာေၾကာင့္ ျဖစ္ပါတယ္။

၁။ စိတ္အားထက္သန္ျခင္း (Motivation)

စီေရာ္နယ္ဒို ရယ္လုိ ႔ျဖစ္လာေစခဲ့တဲ့ အဓိက အေၾကာင္းရင္းလို႔ေတာင္ ဆုိခ်င္ပါတယ္။ စီေရာ္နယ္ဒိုကုိ ဘယ္လိုအေျခအေနမ်ိဳးမွာမွ ေခါင္းငိုုက္စုိက္က်ေနတဲ့ပံု၊ စိတ္ဓါတ္က်ေနတဲ့ပံု မေတြ႕ဖူးပါဘူး။ အဲဒီစိတ္ေၾကာင့္ပဲ အသင္းအႏုိင္မရတဲ့အခါ ကေလးတစ္ေယာက္လုိ ငိုေၾကြးတာ၊ ညစ္တြန္းတြန္းသလို ျဖစ္ျဖစ္သြားတာ၊ မီဒီယာေတြမွာ ခပ္ဆတ္ဆတ္ ေျဖတာ၊ စတဲ့ အမည္းစက္ေတြလည္း ရလာပါတယ္။

သူဟာ အင္မတန္ ေအာင္ျမင္ခ်င္တယ္။ ေအာင္ျမင္ဖုိ႔အတြက္လည္း အခ်ိန္ျပည္႕ၾကိဳးစားေနတယ္။ ကြင္းထဲမွာ ဂုိးေတြတဒုိင္းဒုိင္း သြင္းေနတာက ေနရင္းထုိင္ရင္း ျဖစ္လာတာ မဟုတ္ဘူး။ ငယ္စဥ္ကတည္းက ေရာ္နယ္ဒိုဟာ ေလ့က်င့္ေရးကြင္းကို အေစာဆံုးေရာက္ၿပီး ေနာက္အက်ဆံုး ျပန္တတ္တဲ့သူ။ ၂၀၀၈ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကန္ေတာ့ အဲဒီပြဲမွာ အသစ္ထုတ္လုပ္ထားတဲ့ ေဘာလံုးနဲ႕ကန္ရမယ္။ အဲဒီေဘာလံုးေတြ ေလ့က်င့္ေရးကြင္း ေရာက္လာတဲ့အခါ အားလံုးက အမႈမဲ့အမွတ္မဲ့ ေနခဲ့ေပမယ့္ ေရာ္နယ္ဒုိကေတာ့ အဲဒီေဘာလံုးအသစ္နဲ႕ က်င့္သားရေနေအာင္ အထပ္ထပ္အခါခါ ေလ့က်င့္ေနခဲ့ပါတယ္။

သူတို႕လူငယ္ဘ၀က သူ႕ထက္ ေျခစြမ္းသာလို႔ အသင္းၾကီးေတြက ေခၚယူသြားတဲ့ ေဘာလံုးသမားေတြ အခု မထင္မရွားဘ၀နဲ႕ ျပီးဆံုးသြားတဲ့အခ်ိန္မွာ ေရာ္နယ္ဒို ဆုိၿပီး ေအာင္ျမင္ေနရတဲ့ အဓိကအေၾကာင္းကေတာ့ အဲဒီ စိတ္အားထက္သန္မႈပါပဲ။ တကယ္ေတာ့ အဲဒီစိတ္ဟာ ေအာင္ျမင္မႈနဲ႕ ရံႈးနိမ့္မႈၾကားက အၾကီးမားဆံုးေသာ ျခားနားခ်က္လည္းပဲ ျဖစ္ပါတယ္။

၂။ ကုိယ့္ကုိယ္ကုိယ္ ထိန္းသိမ္းႏုိင္ျခင္း (Self-control)

ေအာင္ျမင္ခ်င္ေဇာနဲ႕ မလုပ္သင့္တဲ့ အျပဳအမူတခ်ိဳ႕ လုပ္ခဲ့ေပမယ့္ သူ႕ရဲ႕ေလ့က်င့္မႈ၊ ကုိယ့္ကုိယ္ကုိယ္ ပ်ိဳးေထာင္မႈနဲ႕ ပတ္သက္ရင္ေတာ့ ေရာ္နယ္ဒိုဟာ အင္မတန္မွကုိ Self-control ျမင့္မားသူ ျဖစ္ပါတယ္။ သူ ေလ့က်င့္ခန္းပ်က္ကြက္တာ၊ အစားအေသာက္မွားတာ တစ္ခါမွ မျမင္ဖူးဘူးလို႔ ရီးရဲအသင္းတာ၀န္ရွိသူေတြက ေျပာဖူးပါတယ္။ ေဘာလံုးသမားေတြ ေအာင္ျမင္လာရင္ အက်င့္ပ်က္လာၾကတယ္။ ေငြကလည္း ေပါလာတာကိုး။ ေဆးလိပ္ေသာက္တာ၊ ဘားမွာ ကဲေနတာ၊ မိန္းမကိစၥေတြ ပါလာတာ၊ ဒါေတြ ရွိလာတယ္။ ေရာ္နယ္ဒိုမွာေတာ့ အဲဒီလိုျပႆနာေတြ အင္မတန္မွကုိ နည္းခဲ့တယ္။ ရလဒ္အေနနဲ႕ ဒဏ္ရာျပႆနာလည္း တအားနည္းတယ္။ ဒါေၾကာင့္လည္း ခုလိုႏွစ္ေပါင္းမ်ားစြာ ေအာင္ျမင္ေနခဲ့တာလုိ႔ ဆိုႏုိင္ပါတယ္။

၃။ မိမိကုိယ္ကုိ သိျခင္း (Self-awareness)

ေရာ္နယ္ဒို အသက္(၃၀)ျပည္႕တဲ့ႏွစ္မွာ တုိက္တုိက္ဆုိင္ဆုိင္ ေျခစြမ္းက်ေနတဲ့ အခုိက္အတန္႕နဲ႕ ဆံုသြားပါတယ္။ ဒီအခါမွာ မက္ဆီတုိ႕အုပ္စုကလည္း အၾကီးအက်ယ္ေတြ ဂုိးေတြသြင္းလာတယ္။ ဒီေတာ့ ေရာ္နယ္ဒုိေခတ္ ျပီးဆံုးသြားျပီလို႔ ထင္ျမင္ယူဆတာေတြ ရွိလာတယ္။ ဒါေပမယ့္ ခက္ခဲတဲ့ အေျခအေနေတြကေန ျပန္လာေလ့ရွိတဲ့ ထံုးစံအတုိင္းပဲ ေရာ္နယ္ဒုိဟာ ေအာင္ျမင္မႈေတြဆီ ျပန္ေရာက္လာခဲ့တယ္။

ဘယ္လိုပံုစံနဲ႕လဲ ဆုိေတာ့ ပံုစံအသစ္နဲ႕ပါ။ ကုိယ့္ကိုယ္ကုိယ္ သိတယ္။ ကုိယ့္အေနအထားကုိ နားလည္တယ္။ အသက္အရြယ္အရ အရင္လို တစ္ကြင္းလံုးပတ္ေျပး ကစားလို႔မရေတာ့ဘူး။ ပြဲတုိင္း ၀င္ကန္ခ်င္လို႔ မရေတာ့ဘူး။ ပံုစံေျပာင္းကစားတယ္။ ဂုိးသြင္းႏုိင္ဖုိ႔ကိုပဲ ဦးစားေပးလာတယ္။ ကစားပံုက မဟာဗ်ဴဟာ ပုိက်လာတယ္။ ရာသီကုန္ခါနီးမွာ ပြဲမပန္းတဲ့အျပင္ အင္ျပည္႕အားျပည္႕ ျဖစ္ေနတယ္။ မႏွစ္က ရခဲ့တဲ့ ေအာင္ျမင္မႈေတြဟာ အဲဒီလို မဟာဗ်ဴဟာက်က် ကစားတတ္ျခင္းရဲ႕ ရလဒ္ေတြလုိ႔ပဲ ဆုိရမွာပါ။

မရွိတာထက္ မသိတာခက္ ဆုိတဲ့စကားကို အရင္က နားမလည္ခဲ့ပါဘူး။ ဒါေပမယ့္ ကုိယ့္အားသာခ်က္၊ အားနည္းခ်က္ ကုိယ္မသိ၊ ကုိယ့္အသက္အရြယ္၊ ကုိယ့္အေနအထားနဲ႕ အေကာင္းဆံုး ဘာလုပ္သင့္မွန္းမသိ ျဖစ္ေနတဲ့သူေတြ ေတြ႕ရပါမ်ားလာတဲ့အခါမွာမွ ဒီစကားကုိ နက္နက္ရိႈင္းရိႈင္း နားလည္လာခဲ့ပါတယ္။

၄။ အခက္အခဲကို အခြင့္အလမ္းအျဖစ္ ေျပာင္းလဲႏုိင္ခဲ့ျခင္း (Changing Problem to Blessing)

ေရာ္နယ္ဒိုဟာ အလားအလာရွိတ့ဲ လူငယ္ကစားသမားတစ္ေယာက္အျဖစ္ မန္ခ်က္စတာ ယူနိုက္တက္ကို ေရာက္လာပါတယ္။ အရည္အခ်င္းရွိတယ္။ ေအာင္ျမင္ခ်င္စိတ္ ျပင္းျပတယ္။ တစ္ဖက္မွာလည္း ကုိယ္ရည္ေသြးခ်င္တယ္၊ တစ္ကိုယ္ေကာင္းဆန္ခ်င္တယ္။ ဒီအခါ ထင္သေလာက္ အလုပ္မျဖစ္ဘူး။ အသင္းနဲ႕ အံမ၀င္ဘူး။

၂၀၀၆ ခုႏွစ္အထိ အဲဒီလိုျဖစ္ေနတဲ့ လူငယ္တစ္ေယာက္ဟာ ၂၀၀၇ မွာ ကမာၻ႕အေကာင္းဆံုးစာရင္း၀င္ ျဖစ္လာတယ္။ ၂၀၀၈ မွာ ကမာၻ႕အေကာင္းဆံုး ေဘာလံုးသမား စျဖစ္တယ္။

ဘယ္အရာက ေျပာင္းလဲေပးလိုက္တာလဲ။

အသက္ (၂၀)ေက်ာ္လူငယ္တစ္ေယာက္အေနနဲ႕ဆုိရင္ ၾကီးမားလြန္းတဲ့ ျပႆနာတစ္ရပ္က ေျပာင္းလဲေပးလုိက္တာပါ။ ၂၀၀၆ ကမာၻ႕ဖလားမွာ ယူႏုိက္တက္အသင္းေဖာ္ ရြန္နီနဲ႕ ျပႆနာျဖစ္ၿပီး ရြန္နီက အနီကဒ္နဲ႕ အထုတ္ခံရတယ္။ အဲဒီပြဲမွာပဲ အဂၤလန္က ေပၚတူဂီကို ရံႈးၿပီး ကမာၻ႕ဖလားက ထြက္လိုက္ရတယ္။ ဒီမွာတင္ အဂၤလန္တစ္ႏုိင္ငံလံုးရဲ႕ အမ်က္ေဒါသက ေရာ္နယ္ဒိုဆီ ေရာက္လာတယ္။ သစၥာေဖာက္ ဆိုၿပီး သုံးႏႈန္းၾကတယ္။ အသင္းကေန ထြက္ရမလိုျဖစ္လာတယ္။ သို႕ေသာ္ ဖာဂူဆန္ရဲ႕ အထိန္းသိမ္းေတာ္မႈ၊ ရြန္နီရဲ႕ သေဘာထားၾကီးမႈေတြနဲ႕အတူ ဆက္ကစားျဖစ္တယ္။ ကစားသမွ် ပြဲတုိင္းမွာ အေလွာင္ေျပာင္ခံရတယ္။ ဒါေပမယ့္ ေတာ္ရံုလူဆုိ ေနာက္တြန္႕သြားမယ့္ အဲဒီေလွာင္ေျပာင္မႈေတြက သူ႕ကိုေတာ့ ေအာင္ျမင္မႈဆီ တြန္းပို႕ေပးခဲ့တယ္။ သူ႕အသင္းေဖာ္ ဖာဒီနန္က ခုလိုေျပာခဲ့ပါတယ္၊ “လြန္ခဲ့တဲ့လအနည္းငယ္က သူ ေဘာလံုးထိတုိင္း ေလွာင္ေျပာင္ခဲ့ၾကသူေတြဟာ ခုေတာ့ သူေဘာလံုးထိတုိင္း မတ္တပ္ထ ၾကည္႕ရတဲ့အေျခအေန ျဖစ္ေနပါျပီ”

ဘ၀မွာ ကုိယ့္ကုိ အထင္ေသးတဲ့သူ၊ ကဲ့ရဲ႕တဲ့သူ၊ ျပစ္တင္ေနတဲ့သူေတြရဲ႕ ပါးစပ္ကုိ ပိတ္ပစ္ႏုိင္တာ တစ္ခုတည္း ရွိပါတယ္။ အဲဒါကေတာ့ ကုိယ့္ေအာင္ျမင္မႈပါပဲ။
တစ္ခုေတာ့ ရွိပါတယ္။ ေၾကာက္လန္႕ၿပီး ရင္မဆုိင္ခ်င္လို႔ ထြက္ေျပးရံုနဲ႕ေတာ့ ျပႆနာေတြဟာ သူ႕အလုိလို အခြင့္အလမ္း ျဖစ္မလာပါဘူး။ ကဲ့ရဲ႕ျပစ္တင္ေနသူေတြ ပါးစပ္ပိတ္မသြားပါဘူး။ အဲဒါကို တည္႕တည္႕ရင္ဆုိင္ၿပီး သူတုိ႕မွားေၾကာင္းကုိ သက္ေသျပႏုိင္ဖုိ႔ေတာ့ လိုပါတယ္။ ။

၂၀၁၆ World Economic Forum မွာ ကမာၻ႕ ထိ္ပ္တန္းေခါင္းေဆာင္ေတြကုိ ေတြ႕ဆံုေမးျမန္းတဲ့အခါ ၂၀၂၀ မွာ အၾကီးအက်ယ္ အေရးၾကီးလာေတာ့မယ့္ ကၽြမ္းက်င္မႈအသစ္ အျဖစ္ Emotional Intelligence ကုိ ထည္႔သြင္းလာၾကပါတယ္။
အေၾကာင္းမဲ့ မဟုတ္ပါဘူး။ သိပ္အေရးၾကီးလုိ႔ပါ။
ေအာင္ျမင္မႈတုိင္းမွာ လူသိပ္မသိတဲ့ တိမ္ျမဳပ္ေနတဲ့အပုိင္း ရွိတတ္တယ္ဆိုရင္ ေသခ်ာတာက အဲဒီအပုိင္းဟာ EQ ပါပဲ။

EQ ျမင့္သူတုိင္း မေအာင္ျမင္ႏုိင္ေပမယ့္ ေအာင္ျမင္သူတုိင္းကေတာ့ EQ ျမင့္ၾကပါတယ္။

Credit #ေဒါက္တာ ၿဖိဳးသီဟ

Unicode

စီရော်နယ်ဒို ဘာကြောင့် အောင်မြင်တာလဲ

=============================

စီရော်နယ်ဒိို ဆိုတဲ့ ဘောလုံးသမားဟာ အထွေအထူး မိတ်ဆက်ရမယ့်သူ မဟုတ်ပါဘူး။ ကမ္ဘာ့ဘောလုံးသမိုင်းမှာတောင် အကောင်းဆုံးစာရင်းဝင်သူ၊ စံချိန်ပေါင်း၊ ဆုတံဆိပ်ပေါင်းမြောက်များစွာရဲ့ အရှင်သခင်၊ လက်ရှိကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား၊ Living legend တစ်ယောက်၊၊ တကယ်တော့ အားကစားဟာ လူငယ်တစ်ယောက်ကို ပါရမီ ဘယ်လောက်ပါသလဲ၊ Talent ဘယ်လောက်ရှိသလဲ ဆိုတာတွေပေါ်မှာ အဓိကအခြေခံ အကဲဖြတ်တဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။ ဒီအခါ ငယ်ငယ်က တအားကို တော်တယ်၊ တချိန်မှာ ထွန်းတောက်လာမယ်လို့ သတ်မှတ်ခံခဲ့ရပေမယ့် တကယ့်လက်တွေ့မှာ ထင်သလို ဖြစ်မလာတဲ့ ကစားသမားတွေ၊ တစ်ဖက်မှာလည်း အောင်မြင်မှုကို၊ ၂နှစ် ၃နှစ်အပြင် ပိုထိန်းမထားနိုင်တဲ့သူတွေ အများအပြား ဖြစ်လာတယ်။ အဲဒီလိုလူတွေကြားထဲမှာ နှစ်ပေါင်းများစွာ အောင်မြင်နေ၊ အောင်မြင်ဆဲဖြစ်တဲ့ ရော်နယ်ဒိုရဲ့အကြောင်းက ခုလို စာရေးဖို့ ဖြစ်လာခဲ့တယ်။

ပတ်ဝန်းကျင်မှာလည်း ကြည့်ကြည့်ပါ။ ကျောင်းတုန်းက စာသိပ်မတော်ဘူး ထင်ရတဲ့သူတွေက ခုချိန်မှာ အောင်မြင်နေတာတွေ ရှိပါတယ်။ စာတော်ပါတယ်ဆိုတဲ့သူတွေထဲမှာလည်း ပေါက်ပေါက်မြောက်မြောက် ဖြစ်မနေတာတွေ ရှိပါတယ်။ ဘာကြောင့်ပါလဲ။ အကြောင်းတစ်ခုကတော့ ဘဝရဲ့အောင်မြင်မှုကို Talent တစ်ခုတည်းကပဲ အာမ,မခံပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

၁။ စိတ်အားထက်သန်ခြင်း (Motivation)

စီရော်နယ်ဒို ရယ်လို ့ဖြစ်လာစေခဲ့တဲ့ အဓိက အကြောင်းရင်းလို့တောင် ဆိုချင်ပါတယ်။ စီရော်နယ်ဒိုကို ဘယ်လိုအခြေအနေမျိုးမှာမှ ခေါင်းငိုုက်စိုက်ကျနေတဲ့ပုံ၊ စိတ်ဓါတ်ကျနေတဲ့ပုံ မတွေ့ဖူးပါဘူး။ အဲဒီစိတ်ကြောင့်ပဲ အသင်းအနိုင်မရတဲ့အခါ ကလေးတစ်ယောက်လို ငိုကြွေးတာ၊ ညစ်တွန်းတွန်းသလို ဖြစ်ဖြစ်သွားတာ၊ မီဒီယာတွေမှာ ခပ်ဆတ်ဆတ် ဖြေတာ၊ စတဲ့ အမည်းစက်တွေလည်း ရလာပါတယ်။

သူဟာ အင်မတန် အောင်မြင်ချင်တယ်။ အောင်မြင်ဖို့အတွက်လည်း အချိန်ပြည့်ကြိုးစားနေတယ်။ ကွင်းထဲမှာ ဂိုးတွေတဒိုင်းဒိုင်း သွင်းနေတာက နေရင်းထိုင်ရင်း ဖြစ်လာတာ မဟုတ်ဘူး။ ငယ်စဉ်ကတည်းက ရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းကို အစောဆုံးရောက်ပြီး နောက်အကျဆုံး ပြန်တတ်တဲ့သူ။ ၂၀၀၈ ခုနှစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကန်တော့ အဲဒီပွဲမှာ အသစ်ထုတ်လုပ်ထားတဲ့ ဘောလုံးနဲ့ကန်ရမယ်။ အဲဒီဘောလုံးတွေ လေ့ကျင့်ရေးကွင်း ရောက်လာတဲ့အခါ အားလုံးက အမှုမဲ့အမှတ်မဲ့ နေခဲ့ပေမယ့် ရော်နယ်ဒိုကတော့ အဲဒီဘောလုံးအသစ်နဲ့ ကျင့်သားရနေအောင် အထပ်ထပ်အခါခါ လေ့ကျင့်နေခဲ့ပါတယ်။

သူတို့လူငယ်ဘဝက သူ့ထက် ခြေစွမ်းသာလို့ အသင်းကြီးတွေက ခေါ်ယူသွားတဲ့ ဘောလုံးသမားတွေ အခု မထင်မရှားဘဝနဲ့ ပြီးဆုံးသွားတဲ့အချိန်မှာ ရော်နယ်ဒို ဆိုပြီး အောင်မြင်နေရတဲ့ အဓိကအကြောင်းကတော့ အဲဒီ စိတ်အားထက်သန်မှုပါပဲ။ တကယ်တော့ အဲဒီစိတ်ဟာ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကြားက အကြီးမားဆုံးသော ခြားနားချက်လည်းပဲ ဖြစ်ပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ခြင်း (Self-control)

အောင်မြင်ချင်ဇောနဲ့ မလုပ်သင့်တဲ့ အပြုအမူတချို့ လုပ်ခဲ့ပေမယ့် သူ့ရဲ့လေ့ကျင့်မှု၊ ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်မှုနဲ့ ပတ်သက်ရင်တော့ ရော်နယ်ဒိုဟာ အင်မတန်မှကို Self-control မြင့်မားသူ ဖြစ်ပါတယ်။ သူ လေ့ကျင့်ခန်းပျက်ကွက်တာ၊ အစားအသောက်မှားတာ တစ်ခါမှ မမြင်ဖူးဘူးလို့ ရီးရဲအသင်းတာဝန်ရှိသူတွေက ပြောဖူးပါတယ်။ ဘောလုံးသမားတွေ အောင်မြင်လာရင် အကျင့်ပျက်လာကြတယ်။ ငွေကလည်း ပေါလာတာကိုး။ ဆေးလိပ်သောက်တာ၊ ဘားမှာ ကဲနေတာ၊ မိန်းမကိစ္စတွေ ပါလာတာ၊ ဒါတွေ ရှိလာတယ်။ ရော်နယ်ဒိုမှာတော့ အဲဒီလိုပြဿနာတွေ အင်မတန်မှကို နည်းခဲ့တယ်။ ရလဒ်အနေနဲ့ ဒဏ်ရာပြဿနာလည်း တအားနည်းတယ်။ ဒါကြောင့်လည်း ခုလိုနှစ်ပေါင်းများစွာ အောင်မြင်နေခဲ့တာလို့ ဆိုနိုင်ပါတယ်။

၃။ မိမိကိုယ်ကို သိခြင်း (Self-awareness)

ရော်နယ်ဒို အသက်(၃၀)ပြည့်တဲ့နှစ်မှာ တိုက်တိုက်ဆိုင်ဆိုင် ခြေစွမ်းကျနေတဲ့ အခိုက်အတန့်နဲ့ ဆုံသွားပါတယ်။ ဒီအခါမှာ မက်ဆီတို့အုပ်စုကလည်း အကြီးအကျယ်တွေ ဂိုးတွေသွင်းလာတယ်။ ဒီတော့ ရော်နယ်ဒိုခေတ် ပြီးဆုံးသွားပြီလို့ ထင်မြင်ယူဆတာတွေ ရှိလာတယ်။ ဒါပေမယ့် ခက်ခဲတဲ့ အခြေအနေတွေကနေ ပြန်လာလေ့ရှိတဲ့ ထုံးစံအတိုင်းပဲ ရော်နယ်ဒိုဟာ အောင်မြင်မှုတွေဆီ ပြန်ရောက်လာခဲ့တယ်။

ဘယ်လိုပုံစံနဲ့လဲ ဆိုတော့ ပုံစံအသစ်နဲ့ပါ။ ကိုယ့်ကိုယ်ကိုယ် သိတယ်။ ကိုယ့်အနေအထားကို နားလည်တယ်။ အသက်အရွယ်အရ အရင်လို တစ်ကွင်းလုံးပတ်ပြေး ကစားလို့မရတော့ဘူး။ ပွဲတိုင်း ၀င်ကန်ချင်လို့ မရတော့ဘူး။ ပုံစံပြောင်းကစားတယ်။ ဂိုးသွင်းနိုင်ဖို့ကိုပဲ ဦးစားပေးလာတယ်။ ကစားပုံက မဟာဗျူဟာ ပိုကျလာတယ်။ ရာသီကုန်ခါနီးမှာ ပွဲမပန်းတဲ့အပြင် အင်ပြည့်အားပြည့် ဖြစ်နေတယ်။ မနှစ်က ရခဲ့တဲ့ အောင်မြင်မှုတွေဟာ အဲဒီလို မဟာဗျူဟာကျကျ ကစားတတ်ခြင်းရဲ့ ရလဒ်တွေလို့ပဲ ဆိုရမှာပါ။

မရှိတာထက် မသိတာခက် ဆိုတဲ့စကားကို အရင်က နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် ကိုယ့်အားသာချက်၊ အားနည်းချက် ကိုယ်မသိ၊ ကိုယ့်အသက်အရွယ်၊ ကိုယ့်အနေအထားနဲ့ အကောင်းဆုံး ဘာလုပ်သင့်မှန်းမသိ ဖြစ်နေတဲ့သူတွေ တွေ့ရပါများလာတဲ့အခါမှာမှ ဒီစကားကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ပါတယ်။

၄။ အခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း (Changing Problem to Blessing)

ရော်နယ်ဒိုဟာ အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ယောက်အဖြစ် မန်ချက်စတာ ယူနိုက်တက်ကို ရောက်လာပါတယ်။ အရည်အချင်းရှိတယ်။ အောင်မြင်ချင်စိတ် ပြင်းပြတယ်။ တစ်ဖက်မှာလည်း ကိုယ်ရည်သွေးချင်တယ်၊ တစ်ကိုယ်ကောင်းဆန်ချင်တယ်။ ဒီအခါ ထင်သလောက် အလုပ်မဖြစ်ဘူး။ အသင်းနဲ့ အံမဝင်ဘူး။

၂၀၀၆ ခုနှစ်အထိ အဲဒီလိုဖြစ်နေတဲ့ လူငယ်တစ်ယောက်ဟာ ၂၀၀၇ မှာ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ဖြစ်လာတယ်။ ၂၀၀၈ မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စဖြစ်တယ်။

ဘယ်အရာက ပြောင်းလဲပေးလိုက်တာလဲ။

အသက် (၂၀)ကျော်လူငယ်တစ်ယောက်အနေနဲ့ဆိုရင် ကြီးမားလွန်းတဲ့ ပြဿနာတစ်ရပ်က ပြောင်းလဲပေးလိုက်တာပါ။ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ယူနိုက်တက်အသင်းဖော် ရွန်နီနဲ့ ပြဿနာဖြစ်ပြီး ရွန်နီက အနီကဒ်နဲ့ အထုတ်ခံရတယ်။ အဲဒီပွဲမှာပဲ အင်္ဂလန်က ပေါ်တူဂီကို ရှုံးပြီး ကမ္ဘာ့ဖလားက ထွက်လိုက်ရတယ်။ ဒီမှာတင် အင်္ဂလန်တစ်နိုင်ငံလုံးရဲ့ အမျက်ဒေါသက ရော်နယ်ဒိုဆီ ရောက်လာတယ်။ သစ္စာဖောက် ဆိုပြီး သုံးနှုန်းကြတယ်။ အသင်းကနေ ထွက်ရမလိုဖြစ်လာတယ်။ သို့သော် ဖာဂူဆန်ရဲ့ အထိန်းသိမ်းတော်မှု၊ ရွန်နီရဲ့ သဘောထားကြီးမှုတွေနဲ့အတူ ဆက်ကစားဖြစ်တယ်။ ကစားသမျှ ပွဲတိုင်းမှာ အလှောင်ပြောင်ခံရတယ်။ ဒါပေမယ့် တော်ရုံလူဆို နောက်တွန့်သွားမယ့် အဲဒီလှောင်ပြောင်မှုတွေက သူ့ကိုတော့ အောင်မြင်မှုဆီ တွန်းပို့ပေးခဲ့တယ်။ သူ့အသင်းဖော် ဖာဒီနန်က ခုလိုပြောခဲ့ပါတယ်၊ “လွန်ခဲ့တဲ့လအနည်းငယ်က သူ ဘောလုံးထိတိုင်း လှောင်ပြောင်ခဲ့ကြသူတွေဟာ ခုတော့ သူဘောလုံးထိတိုင်း မတ်တပ်ထ ကြည့်ရတဲ့အခြေအနေ ဖြစ်နေပါပြီ”

ဘဝမှာ ကိုယ့်ကို အထင်သေးတဲ့သူ၊ ကဲ့ရဲ့တဲ့သူ၊ ပြစ်တင်နေတဲ့သူတွေရဲ့ ပါးစပ်ကို ပိတ်ပစ်နိုင်တာ တစ်ခုတည်း ရှိပါတယ်။ အဲဒါကတော့ ကိုယ့်အောင်မြင်မှုပါပဲ။
တစ်ခုတော့ ရှိပါတယ်။ ကြောက်လန့်ပြီး ရင်မဆိုင်ချင်လို့ ထွက်ပြေးရုံနဲ့တော့ ပြဿနာတွေဟာ သူ့အလိုလို အခွင့်အလမ်း ဖြစ်မလာပါဘူး။ ကဲ့ရဲ့ပြစ်တင်နေသူတွေ ပါးစပ်ပိတ်မသွားပါဘူး။ အဲဒါကို တည့်တည့်ရင်ဆိုင်ပြီး သူတို့မှားကြောင်းကို သက်သေပြနိုင်ဖို့တော့ လိုပါတယ်။ ။

၂၀၁၆ World Economic Forum မှာ ကမ္ဘာ့ ထိ်ပ်တန်းခေါင်းဆောင်တွေကို တွေ့ဆုံမေးမြန်းတဲ့အခါ ၂၀၂၀ မှာ အကြီးအကျယ် အရေးကြီးလာတော့မယ့် ကျွမ်းကျင်မှုအသစ် အဖြစ် Emotional Intelligence ကို ထည့်သွင်းလာကြပါတယ်။
အကြောင်းမဲ့ မဟုတ်ပါဘူး။ သိပ်အရေးကြီးလို့ပါ။
အောင်မြင်မှုတိုင်းမှာ လူသိပ်မသိတဲ့ တိမ်မြုပ်နေတဲ့အပိုင်း ရှိတတ်တယ်ဆိုရင် သေချာတာက အဲဒီအပိုင်းဟာ EQ ပါပဲ။

EQ မြင့်သူတိုင်း မအောင်မြင်နိုင်ပေမယ့် အောင်မြင်သူတိုင်းကတော့ EQ မြင့်ကြပါတယ်။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *