ကလာဟဲကိုခေါ်ယူရန် အကြိုသဘောတူညီမှုရရှိထားကြောင်း ရန်ကုန်ယူနိုက်တက် ဖွင့်ဟ ညာတောင်ပံတိုက်စစ်အတွက် ကလာဟဲမှာအားကိုးရသူဖြစ်နိုင်ဟု ဦးမျိုးမင်းထွန်းပြောဆို

 

၂ဝ၁၈ ဘောလုံးရာသီအတွက် ပြင်ဆင်မှု များပြုလုပ်လျက်ရှိသော ရန်ကုန်ယူနိုက်တက် အသင်းသည် ဥရောပကလပ်များတွင် ပရော် ဖက်ရှင်နယ်ကစားသမားအဖြစ် ကစားနေသည့် မြန်မာပြည်ဖွားကလာဟဲကိုခေါ်ယူရန် နှစ်ဖက် အကြိုသဘောတူညီမှုရရှိထားကြောင်း အသင်း မီဒီယာတာဝန်ခံ ဦးမျိုးမြင့်သောင်းက ပြောဆို ခဲ့သည်။

နှစ်ဖက်သဘောတူညီ

ကရင်လူမျိုးမိဘနှစ်ဦးမှ မွေးဖွားခဲ့သည့် ကလာဟဲသည် အသက် (၁၉)နှစ်သာရှိသေးပြီး ၂ဝ၁၄ ခုနှစ်၌ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ရှက်ဖီးလ်ယူနိုက်တက်အသင်းတွင် ပရော်ဖက် ရှင်နယ်ကစားသမားဘဝစတင်ခဲ့ပြီး Stocksbridgeနှင့် Dumbardon အသင်းတို့တွင် အငှားသွားရောက်ကစားခဲ့ကာ ယခုနှစ်တွင် လက်ဗီယား ကလပ် FK Jelgavaကလပ်တွင် ကစားခဲ့သည်။”ကလာဟဲကိုခေါ်ယူဖို့ နှစ်ဖက်သဘော တူညီမှုရပြီးပါပြီ။ ကလာဟဲကလည်း နေရှင် နယ်လိဂ်မှာလာကစားဖို့ အတော်လေးစိတ် ဝင်စားမှုရှိပါတယ်။ လောလောဆယ်တော့ အကြိုသဘော တူညီမှုပဲ ရထားပါသေးတယ်။ အပြီးသတ် စာချုပ်ချုပ်ဆိုဖို့ကတော့ ဒီလ အတွင်း ဒါမှမဟုတ် ဒီဇင်ဘာလလောက်ကျ မှပဲ ဖြစ်နိုင်လိမ့်မယ် ထင်ပါတယ်”ဟု ဦးမျိုး မြင့်သောင်းက ပြောဆို ခဲ့သည်။ရန်ကုန်ယူနိုက်တက်သို့ ကလာဟဲရောက်ရှိ လာခဲ့ပါက အားနည်းလျက်ရှိသည့် ညာတောင်ပံ တိုက်စစ်အတွက် အားကိုရသည့်သူတစ်ဦးဖြစ် လာနိုင်သည်ဟု အသင်းလက်ထောက်နည်းပြ ဦးမျိုးမင်းထွန်းက သုံးသပ်ခဲ့သည်။

”ကလာဟဲ ကစားခဲ့တဲ့ ဗီဒီယိုဖိုင်တွေကို လေ့လာပြီးပါပြီ။ သူသာအသင်းကိုရောက်လာ ခဲ့ရင် ကြိုဆိုနေမှာပါ။ အကြိုသဘောတူညီ မှုပဲ ရထားသေးတာဆိုတော့ အသေအချာကြီး တော့ ရောက်ပြီလို့ မပြောနိုင်သေးပါဘူး။သူသာရောက်လာခဲ့မယ်ဆိုရင် အသင်းအတွက် အများကြီးအထောက်အကူဖြစ်မှာပါ။ ကျွန် တော်တို့ဖလားတွေရခဲ့တုန်းက တောင်ပံနှစ် ဖက်တိုက်စစ်တွေ ကောင်းခဲ့လို့ပါ။ ဒီနှစ်ရာသီ မှာဆိုရင် တောင်ပံတိုက်စစ်က အတော်လေး အားနည်းနေတာကို တွေ့ရတယ်။ ကြည်လင်း ကလည်း ဒဏ်ရာရခဲ့တယ်။ ဇွန်မိုးအောင် ဆိုရင်လည်း တစ်ခါတလေ သာမန်ခြေစွမ်း အောက် ရောက်ခဲ့တယ်။ ကလာဟဲသာရောက် လာရင် တောင်ပံတိုက်စစ်ကစားအား ပိုကောင်း သွားမှာပါ”ဟု သုံးသပ်ခဲ့သည်။

ခေါ်ယူထား

လာမည့်ဘောလုံးရာသီတွင် အေအက်ဖ်စီ ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထား သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ကစား သမား အင်းအားဖြည့်တင်းမှုများ ပြုလုပ်လျက် ရှိပြီး လာမည့်ရာသီအတွက် ပထမဆုံးကစား သမား ခေါ်ယူမှုအဖြစ် ချင်းယူနိုက်တက် အဓိက ကစားသမား ဆောင်လမန်ကို ခေါ်ယူ ထားသည်။

Leave a comment

Your email address will not be published. Required fields are marked *