တိုကျို မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ပတ်ကျော်လင်းနိုင် အလဲထိုး

အလဲထိုးအနိုင်ရခဲ့သော ပတ်ကျော်လင်းနိုင်။ ဓာတ်ပုံ- မြန်မာမီဒီယာဂရု(ပ်)

အနိုင်ရသော်လည်း ကျန်ပွဲများသရေကျ၊ မြန်မာ့လက်ဝှေ့မယ် ဘရော်ကာနီကာ ပေါင်အရိုးအက်သွားခဲ့၍ ဆေးရှုံးပြီး ရွှေခါးပတ်နှင့် လွဲချော်ခဲ့ရ

မြန်မာမီဒီယာဂရု(ပ်)နှင့် အပြည်ပြည်ဆိုင်ရာ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် (ဂျပန်) တို့ ပူးပေါင်း စီစဉ်သည့် Lethwei Grand Prix Japan 2017 ပြိုင်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ခိုလခု အန်ခန်းမကြီး၌ နိုဝင်ဘာ ၁၅ ရက် မြန်မာ စံတော်ချိန် ညနေ ၄ နာရီက ကျင်းပခဲ့ရာ အမျိုးသားပွဲစဉ်များတွင် မြန်မာလက်ဝှေ့သမား ပတ်ကျော်လင်းနိုင် တစ်ဦးသာ အနိုင်ရခဲ့ကာ ကျန်သုံးဦးမှာ သရေပွဲများဖြင့် ကျေနပ်ခဲ့ရပြီး အမျိုးသမီးလက်ဝှေ့မယ် ဘရော်နီကာ ရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။

အမျိုးသမီးရွှေခါးပတ်လုပွဲ

ယခုပြိုင်ပွဲတွင် အမျိုးသားပွဲစဉ်ငါးပွဲနှင့် အမျိုးသမီးပွဲစဉ်တစ်ပွဲ ပါဝင်ခဲ့ရာ ရှေးဦးစွာ အမျိုးသမီးရွှေခါးပတ်လုပွဲအဖြစ် မြန်မာလက် ဝှေ့မယ် ဘရော်နီကာနှင့် လစ်သူရေးနီးယား လက်ဝှေ့မယ် ယူလီရာတို့ ထိုးသတ်ယှဉ်ပြိုင်ခဲ့ ကြသည်။

အဆိုပါပွဲတွင် ဘရော်နီကာသည် ပထမအချီ မှာပင် အမှတ်စဉ်တစ်ကြိမ်ရေတွက်ခံခဲ့ရပြီး ယူလီရာက အစီးရနေခဲ့သည်။ ဒုတိယအချီတွင် အစီးရနေသော ယူလီရာက အောက်ပိုင်း ခြေ ကန်ချက်တိုက်ကွက်များဖြင့် တိုက်ခိုက်ခဲ့ရာ ၄၅ စက္ကန့်၌ ဘရော်နီကာ ပေါင်အရိုးအက်သွား ခဲ့သည်။ ထို့ကြောင့် ဆရာဝန်က ဆက်လက် ထိုးသတ်ခွင့် မပြုတော့ရာ ဘရော်နီကာသည် ဆေးရှုံး အရှုံးဖြင့် ယူလီရာကို အရှုံးပေးခဲ့ရပြီး ရွှေခါးပတ် သိမ်းပိုက်ခွင့်နှင့် လွဲချော်ခဲ့ရသည်။

ရွှေခါးပတ်ရရှိသွားသော လစ်သူရေးနီး ယားလက်ဝှေ့မယ် ယူလီရာသည် လွန်ခဲ့သည့် ဇွန်လက တိုကျို၌ကျင်းပခဲ့သည့် ရိုးရာလက်ဝှေ့ပွဲ ပွဲစဉ် ၄ ၌ မြန်မာလက်ဝှေ့မယ် စုလှိုင်ဦးကို အလဲထိုးအနိုင်ယူထားသူဖြစ်ပြီး ယခုဘရော်နီ ကာကို ဆက်လက်အနိုင်ယူခဲ့ခြင်းဖြစ်သည်။

အမျိုးသားပွဲစဉ်များ၏ ပထမဆုံးပွဲအဖြစ်   (၈ဝ)ကီလိုတန်း၌ ဂျပန်နိုင်ငံသား တဲရုဟိခိုခုဘို နှင့် ကွန်ဂိုနိုင်ငံသား လိုကုကုဒရီတို့ ထိုးသတ် ခဲ့ရာ ပထမအချီ ဖြည့်စွက်ထိုးချိန်တွင် လိုကု ကုဒရီက ခုဘိုကို အလဲထိုး အနိုင်ရခဲ့သည်။ ခုဘိုသည် ပထမအချီ ၂ မိနစ် ၂၁ စက္ကန့်တွင် လိုကုကု၏ ခေါင်းတိုက်ချက်နှင့် ဒူးတိုက်ချက် များကြောင့် အနားတောင်းခဲ့ရသည်။

စိုးထက်ဦးနှင့် တောင်ကိုရီးယားကစား သမား ခွန်ဒိုယွန်းတို့၏ ၇၂ ကီလို လေးချီပွဲတွင် စိုးထက်ဦးသည် အစီးသရေဖြင့်သာ ကျေနပ်ခဲ့ရ သည်။ ခွန်ဒိုယွန်းသည် ဒုတိယအချီ၌ အနား တောင်းခဲ့ရသည်။ ရန်နိုင်အောင်နှင့် ခိုဟီတို ခဲရှီတို့၏ ၇ဝ ကီလိုတန်းငါးချီပွဲလည်း သရေ ဖြင့်သာ ပွဲသိမ်းခဲ့ပြီး ထွန်းလွင်မိုးနှင့် ရူဟဲအိ အဇုမတို့၏ ၆၃ ကီလိုတန်းပွဲလည်း သရေဖြင့် သာ ပြီးဆုံးခဲ့သည်။

ပတ်ကျော်လင်းနိုင် အလဲထိုးအနိုင်ရ

၆၅ ကီလိုတန်း ငါးချီပွဲ၌ ပတ်ကျော်လင်း နိုင်က ဂျပန်ကစားသမား ဟီကာရူဟာဆူမီကို တတိယအချီ၌ အလဲထိုး အနိုင်ရခဲ့သည်။ ဟာဆူမီသည် တတိယအချီ ၂ မိနစ် စက္ကန့် ၂ဝ တွင် အနားတောင်းခဲ့ရာမှ ဆက်ပြီးမထိုး နိုင်တော့ဘဲ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

ယခုပြိုင်ပွဲအခြေအနေနှင့် ပတ်သက်၍ မြန်မာမီဒီယာဂရု(ပ်) ဒါရိုက်တ ဦးဝဏ္ဏက”စိုးထက်ဦး မနိုင်တာက လေးချီပွဲမို့ပါ။ လေးချီမှာ တောင်ကိုရီးယားက ခြေမထောက်နိုင်တော့ဘူး။ အားလုံးခြုံငုံပြောရရင် ပြိုင်ဘက်တွေက မညံ့ ဘူး။ ဂျပန်တွေဆို ဒီတစ်နှစ်အတွင်းမှာ သိသိ သာသာကို တိုးတက်လာတာ။ နောက်နှစ်ဆိုရင် အတော်ထိုးယူရတော့မယ်”ဟု မြန်မာတိုင်းမ် နေ့စဉ်သို့ ပြောဆိုခဲ့သည်။

ဆုများချီးမြှင့်ခဲ့

ယခုပြိုင်ပွဲမစတင်မီ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက အပြည်ပြည်ဆိုင်ရာရိုးရာလက် ဝှေ့အဖွဲ့ချုပ်(ဂျပန်)ဥက္ကြ မစ္စတာမစ်ဆူအီသို့ အထိမ်းအမှတ် လက်ဆောင်ပေးခဲ့ပြီး ဂျပန် နိုင်ငံခြားရေးရာကော်မတီဥက္ကြ မစ္စတာနာ ကာယာမ တက်ရောက်ပြီး ဆုများချီးမြှင့် ခဲ့သည်။

ူနအ့တနင ငည ဲစေညေ ၇ ပွဲကို ၂ဝ၁၈ ခု၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

Leave a comment

Your email address will not be published. Required fields are marked *