ပေါ့ဘာ ဟာ အခြားသူတွေနဲ့ ခြားနားတဲ့ အဆင့်မှာ ရှိနေတဲ့ သူပါ 

 

“ပေါ့ဘာ ဟာ အခြားသူတွေနဲ့ ခြားနားတဲ့ အဆင့်မှာ ရှိသူပါ ။ ဘောလုံးနဲ့ အချိန်အကြာကြီးအဆက်ပြတ်နေ ပေမယ့် သူ့ကစားပုံက အဲ့ဒီလိုမျိုးလို့ ထင်စရာမရှိပါဘူး ။ ရာသီအစတုန်းက ပေါ့ဘာ နဲ့ မာတစ်တို့ အတွဲမိမိ ကစားပြီး အသင်းရဲ့ အင်ဂျင်ဖြစ်ခဲ့ပါတယ် ။ သူမပါနိုင်တဲ့ အချိန်မှာ ကျွန်တော်တို့ ဒီအင်ဂျင် ရဲ့ အစိတ် အပိုင်း တစ်ခုကို ဆုံးရှုံးခဲ့ရပါတယ် ။ အခြား ကစားသမားတွေကလည်း ကစားသမားကောင်းတွေပါ ။ ဒါပေမယ့် ပေါ့ဘာ နဲ့တော့ ကွာခြားပါတယ်”

“ဒဏ်ရာကနေ ပြန်လာအပြီးမှာ ပေါ့ဘာ စိတ်ကျေနပ်လောက်တဲ့ အထိ ကစားဖို့ ကျွန်တော် ခွင့်ပြုခဲ့ပါတယ် ။ သူ ပင်ပန်းပုံစပြလာတဲ့အချိန်မှ ကျွန်တော် လူစားလဲခဲ့တာပါ ။ အချိန်ကောင်းပါပဲ ။ သူ့အတွက် တော့ တကယ် ကောင်းတဲ့ ပုံစံကို ပြသနိုင်ခဲ့တာပါ”

“ပေါ့ဘာက ကျွန်တော်တို့ ကစားကွက် အပေါ်အများကြီး သက်ရောက်မှု ရှိပါတယ် ။ သူ ပါလာရင် ကျွန်တော်တို့ ဖန်တီးနိုင်စွမ်းတွေ ပိုမြင့်မားလာခဲ့ပါတယ် ။ ဒီအတွက် ကျွန်တော် အရမ်းပျော်ရွှင် ရပါတယ် ။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ သူ ပါလာမလားဆိုတာတော့ ဆက်ပြီး စောင့်ကြည့်ကြပါဦး ။ သူ့အတွက်ကတော့ ပွှဲဆက်ကစားရတာက အကောင်းဆုံးဖြစ်မှာပါ ။ ဒါပေမယ့် ကျွန်တော့အတွက် ကတော့ သူ့ကို အနားပေး လိုက်တာအကောင်းဆုံးဖြစ်မယ်လို့ ထင်တာပါပဲ ။ ဘာလို့လည်းဆိုတော့ ဒီအချိန်မှာ ကစားသမားတွေကို အကာကွယ်ပေးဖို့ လိုအပ်တယ်လေ”
( မန်ချက်စတာ ယူနိုက်တက် နည်းပြ )

Source: Sports Myanmar

 

Leave a comment

Your email address will not be published. Required fields are marked *