​ေဆာက္​သမ္​တန္​နဲ႔ပြဲမွာ​ေနာက္​ခံလူဂ်ိဳးဂိုးမက္​ဇ္​ကိုခ်န္​လွပ္​ထားခဲ့မႈကို႐ွင္​းျပလိုက္​တဲ့ ​က​ေလာ့

 

နည္ းျပယာဂန္ က ေလာ့ဟာဒီရာသီကလပ္ နဲ႔ႏုိင္ ငံအတြက္ အထူး ေျခစြမ္ းျပ ေနတဲ့ ေနာက္ ခံလူဂ်ဳိးဂိုးမက္ ဇ္ ကို ေဆာက္ သမ္ တန္ နဲ႔ပြဲမွာပြဲထြက္ လူစာရင္ းက ေနခ်န္ လွပ္ ထားခဲ့မႈကို႐ွင္ းျပခဲ့ၿပီးဒါဟာ၎ရဲ႕ႀကိဳတင္ စီစဥ္ မႈလို႔ ေျပာလိုက္ ပါတယ္ ။

ယာဂန္ က ေလာ့က “လာမည္ ့ရက္ သတၱပတ္ ေတြအတြင္ းဒီလိုမ်ိဳး ေတြျဖစ္ လာမွာပါ။ ကြၽန္ ေတာ္ တို႔ဆံုးျဖတ္ ခ်က္ ေတြခ်မွတ္ သြားရမွာပါ။ ပံုမွန္ အားျဖင္ ့ကြၽန္ ေတာ္ လာမည္ ့ပြဲ ေတြအ ေၾကာင္ းႀကိဳတင္ စဥ္ းစား ေလ့မ႐ွိပါဘူး။ ဒါ ေပမယ္ ့ဒီကိစၥမွာ ေတာ့ကြၽန္ ေတာ္ လာမည္ ့၁၃ပြဲအတြက္ ႀကိဳတင္ စဥ္ းစားရပါမယ္ ။

ႀကိဳတင္ စီစဥ္ ထားၿပီးသား ေတာ့မဟုတ္ ေပမယ္ ့ကြၽန္ ေတာ္ တို႔လုပ္ ေဆာင္ သြားဖို႔လိုပါတယ္ ။ ကြၽန္ ေတာ္ အ ေနနဲ႔ကစားသမား ေတြဒဏ္ ရာရတဲ့အခ်ိန္ ထိပြဲထြက္ လူစာရင္ းတစ္ မ်ိဳးတည္ းအသ ံုးမျပဳႏိုင္ ပါဘူး။ ကြၽန္ ေတာ္ တို႔အ ေျပာင္ းအလဲ ေတြျပဳလုပ္ ဖို႔လိုအပ္ ပါတယ္ ။ ဒီ ေန႔လိုႏုိင္ ပြဲမ်ိဳးရထားတာ ေတာင္ မွပါ။

ဂိုးမက္ ဇ္ ဟာၿပီးခဲ့တဲ့အပတ္ ကႏွစ္ ပြဲကစားခဲ့ၿပီးဒီ ေန႔အတြက္ ဘာျပသနာမွမ႐ွိပါဘူး။ ဒီ ေန႔သူဝင္ ေရာက္ ကစားႏုိင္ ပါတယ္ ။

ဒါ ေပမယ္ ့လာမည္ ့အဂါၤ ေန႔ပြဲအတြက္ သူ႔ကိုထပ္ မံအသံုးျပဳဖုိ႔ဆိုတာႀကီးမားတဲ့အခြင္ ့ အ ေရးမဟုတ္ သလို ေကာင္ းတဲ့စိတ္ ကူးလည္ းမဟုတ္ ပါဘူး။” လို႔ ေျပာသြားပါတယ္။

 

ဆောက်သမ်တန်နဲ့ပွဲမှာနောက်ခံလူဂျိုးဂိုးမက်ဇ်ကိုချန်လှပ်ထားခဲ့မှုကိုရှင်းပြလိုက်တဲ့ယာဂန်ကလော့
========================================
နည်းပြယာဂန်ကလော့ဟာဒီရာသီကလပ်နဲ့နိုင်ငံအတွက်အထူးခြေစွမ်းပြနေတဲ့နောက်ခံလူဂျိုးဂိုးမက်ဇ်ကိုဆောက်သမ်တန်နဲ့ပွဲမှာပွဲထွက်လူစာရင်းကနေချန်လှပ်ထားခဲ့မှုကိုရှင်းပြခဲ့ပြီးဒါဟာ၎င်းရဲ့ကြိုတင်စီစဉ်မှုလို့ပြောလိုက်ပါတယ်။

ယာဂန်ကလော့က “လာမည့်ရက်သတ္တပတ်တွေအတွင်းဒီလိုမျိုးတွေဖြစ်လာမှာပါ။ ကျွန်တော်တို့ဆုံးဖြတ်ချက်တွေချမှတ်သွားရမှာပါ။ ပုံမှန်အားဖြင့်ကျွန်တော်လာမည့်ပွဲတွေအကြောင်းကြိုတင်စဉ်းစားလေ့မရှိပါဘူး။ ဒါပေမယ့်ဒီကိစ္စမှာတော့ကျွန်တော်လာမည့်၁၃ပွဲအတွက်ကြိုတင်စဉ်းစားရပါမယ်။

ကြိုတင်စီစဉ်ထားပြီးသားတော့မဟုတ်ပေမယ့်ကျွန်တော်တို့လုပ်ဆောင်သွားဖို့လိုပါတယ်။ ကျွန်တော်အနေနဲ့ကစားသမားတွေဒဏ်ရာရတဲ့အချိန်ထိပွဲထွက်လူစာရင်းတစ်မျိုးတည်းအသုံးမပြုနိုင်ပါဘူး။ ကျွန်တော်တို့အပြောင်းအလဲတွေပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒီနေ့လိုနိုင်ပွဲမျိုးရထားတာတောင်မှပါ။

ဂိုးမက်ဇ်ဟာပြီးခဲ့တဲ့အပတ်ကနှစ်ပွဲကစားခဲ့ပြီးဒီနေ့အတွက်ဘာပြသနာမှမရှိပါဘူး။ ဒီနေ့သူဝင်ရောက်ကစားနိုင်ပါတယ်။

ဒါပေမယ့်လာမည့်အဂါၤနေ့ပွဲအတွက်သူ့ကိုထပ်မံအသုံးပြုဖို့ဆိုတာကြီးမားတဲ့အခွင့်အရေးမဟုတ်သလိုကောင်းတဲ့စိတ်ကူးလည်းမဟုတ်ပါဘူး။” လို့ပြောသွားပါတယ်။

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *