■ ပြင်သစ်လီဂူး ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ကိန်း နှင့် နိုက်စ် (တနင်္ဂနွေည ၈း ၃၀)

ဒီရာသီအဝေးကွင်းမှာ နိုက်စ် အခြေအနေသိပ်မကောင်း ဘူး။ အဝေးကွင်း(၅)ပွဲမှာ (၁)ပွဲသာနိုင်ထားပြီး သွင်းဂိုးကလည်း (၁)ဂိုးပဲ ရှိတယ်။ ကိန်းအမှတ်ရပါလိမ့်မယ်။

■ လိုင်ယွန် နှင့် မောင့်ပယ်လီယာ (တနင်္ဂနွေည ၁၀း ၃၀)

လိုင်ယွန်က အမြင့်ဆုံးချန်ပီယံအိပ်မက်ကို စိတ်ကူးယဉ် ခွင့်ရှိနေလို့ အိမ်ကွင်းပွဲစဉ်တွေမှာ အမှားခံမှာမဟုတ်ဘူး။ ဒီရာသီအိမ်ကွင်းမှာ ရှုံးပွဲလုံးဝမရှိသေးဘဲ တိုက်စစ်က (၆)ပွဲမှာ (၁၉) ဂိုးအထိ သွင်းထားနိုင်တယ်။ လိုင်ယွန် အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။

■ ဘော်ဒိုး နှင့် မာဆေးလ် (တနင်္လာနံနက် ၂း ၃၀)

တစ်ချိန်တုန်းက ပြင်သစ်လီဂူးရဲ့ အင်အားကြီးနှစ်သင်း ဆုံတွေ့မှုပါပဲ။ ဘော်ဒိုးက အလယ်အလတ်အဆင့်မှာပဲ ရှိနေ သေးပေမယ့် ဒီရာသီမှာ မာဆေးလ်က အရင်လို ချန်ပီယံလမ်း ကြောင်းမှန်ပေါ်ရောက်နေပါပြီ။ ကစားသမားစုဖွဲ့မှုနဲ့ တိုက်စစ်ကစားပုံပိုကောင်းတဲ့ မာဆေးလ် မရှုံးနိုင်ပါဘူး။

Source : Eleven Sports

Leave a comment

Your email address will not be published. Required fields are marked *