အိန္ဒိယအသင်းနှင့်ပွဲကို မဖြစ်မနေ အနိုင်ယူပေးရန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် တိုက်တွန်း

လက်ရွေးစင်ကစားသမားများကို တိုက်တွန်းပြောဆိုနေသည့် ဘောလုံးအဖွဲ့ချုပ် ဥက္ကြဦးဇော်ဇော်။ ဓာတ်ပုံ-ဘောလုံးအဖွဲ့ချုပ်

 

အိန္ဒိယလက်ရွေးစင်အသင်းနှင့်ယှဉ်ပြိုင်မည့် အာရှဖလားခြေစစ်ပွဲကို မဖြစ်မနေ အနိုင်ယူပေးရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က တိုက်တွန်းစကားပြောဆိုခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်သည်  အာရှဖလားခြေစစ်ပွဲ ဒုတိယအကျော့အဖြစ်ယှဉ်ပြိုင်မည့် အိန္ဒိယ အသင်းနှင့်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသော မြန်မာ့လက်ရွေးစင် အသင်း၏ လေ့ကျင့်ရေးကွင်းသို့လာရောက်ပြီး ကစားသမားများကို အားပေးစကားပြောကြား ရင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ”အာရှ ဖလားခြေစစ်ပွဲအောင်ပြီး အာရှအဆင့်အသင်း တွေနဲ့ ကစားနိုင်မှသာ ဘောလုံးအဆင့်အတန်း တဖြည်းဖြည်းတိုးတက်လာနိုင်မှာပါ။ ပြည်သူ တွေအားလုံးပျော်ရွင်နိုင်ဖို့ ကြိုးစားကစား ပေးကြပါ။ ဒီလမှာကစားဖို့ရှိတဲ့ အိန္ဒိယအသင်း နဲ့ပွဲကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်ပါ တယ်။ အနိုင်ရမယ်လို့လည်း ယုံကြည်ထား တယ်” ဟု ဦးဇော်ဇော်က ပြောဆိုခဲ့သည်။

အိန္ဒိယအသင်းသည် လေးပွဲကစားခဲ့ပြီး ရာ၌ လေးပွဲနိုင် ရှုံးပွဲမရှိဖြင့် ခြေစစ်ပွဲအောင် မြင်ထားပြီးဖြစ်သည်။ မြန်မာအသင်းမှာ သုံးပွဲ ကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ်လေးမှတ်ရရှိထားပြီး ကာဂျစ္စတန်အသင်း နှင့် ရမှတ်တူနေသော်လည်း အဝေးကွင်း စည်းမျဉ်းအရ အုပ်စုတတိယ၌ ရပ်တည်နေ သည်။

Source: MM Times

Leave a comment

Your email address will not be published. Required fields are marked *