အိန္ဒိယနှင့် အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်လူစာရင်း ထုတ်ပြန်

သုဝဏ္ဏကွင်း၌ လက်ရွေးစင်ကစားသမားများ လေ့ကျင့်ခဲ့စဉ်။ ဓာတ်ပုံ- ဘောလုံးအဖွဲ့ချုပ်

ကမ္ဘောဒီးယားနှင့် ခြေစမ်းပွဲကစားရန် မြန်မာ့လက်ရွေးစင်အသင်း ယနေ့ထွက်ခွာမည်

အိန္ဒိယအသင်းနှင့် အာရှဖလားခြေစစ် ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းအပြီး သတ်ကစားသမားစာရင်းကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ထုတ်ပြန်ကြေငြာခဲ့ရာ ကွင်းလယ် ကစားသမားနှစ်ဦးဖြစ်သည့် မင်းမင်းသူနှင့် မျိုးကိုထွန်းတို့ ချန်လှပ်ခံခဲ့ရသည်။

ချန်လှပ်ခဲ့

မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တို ဘာ ၃၁ ရက်မှစတင်၍ ပဏာမကစားသမား ၂၅ ဦးဖြင့်စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး နိုဝင် ဘာ ၆ရက်တွင် အပြီးသတ်ကစားသမားစာရင်းကို ထုတ်ပြန်ကြေငြာခဲ့သည်။ ချန်လှပ်ခံခဲ့ရသော ကစားမားနှစ်ဦးထဲမှ မျိုးကိုထွန်းမှာ အစာအိမ် ရောဂါကြောင့် ပွဲချိန်ပြည့်ယှဉ်ပြိုင်ရန် ကြံ့ခိုင်မှု မသေချာသဖြင့် ချန်လှပ်ခဲ့ရခြင်းဖြစ်ကြောင်း ဘောလုံးအဖွဲချုပ်တာဝန်ရှိသူတစ်ဦးက ပြောဆို ခဲ့သည်။

ပါဝင်လာ

အိန္ဒိယအသင်းနှင့်ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင်အသင်းကိုအုပ်ချုပ်သူ ဦးသန်းတိုး အောင်၊ နည်းပြချုပ် မစ္စတာဂတ်၊ လက်ထောက် နည်းပြများအဖြစ် ဦးကြည်လွင်၊ ဦးမြင့်ကို၊ ကြံခိုင်ရေးနည်ပြ ပိုပေါ့စကီး၊ ဂိုးနည်းပြ ဦး အောင်ကျော်ကျော်တို့က တာဝန်ယူမည်ဖြစ်သည်။ ထုတ်ပြန်ကြေငြာခဲ့သော မြန်မာ့လက်ရွေး စင်အသင်းတွင် အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၁၁ ဦး ပါဝင်လာခဲ့သည်။

ပူးတွဲတာဝန်ယူ

မြန်မာ့လက်ရွေစင်အသင်းနည်းပြ မစ္စတာ ဂတ်မှာ ယူ-၂၃ လက်ရွေးစင်အသင်းကိုလည်း နည်းပြချုပ်အဖြစ် ပူးတွဲတာဝန်ယူထားသလို လက်ထောက်နည်းပြ ဦးကြည်လွင်သည်လည်း ယူ-၂၁အသင်းကို နည်းပြချုပ်အဖြစ် ပူးတွဲ တာဝန်ယူထားသည်။ လက်ထောက်နည်းပြ ဦးမြင့်ကို၊ ကြံ့ခိုင်ရေးနည်းပြ ပိုပေါ့စကီးနှင့်  ဂိုးနည်းပြ ဦးအောင်ကျော်ကျော်တို့သည်လည်း  ယူ-၂၃ အသင်းကို ပူးတွဲတာဝန်ယူထားကြသည်။

ယှဉ်ပြိုင်ကြမည်

မြန်မာ့လက်ရွေးစင်အသင်းသည် အိန္ဒိယ အသင်းနှင့် အာရှဖလားခြေစစ်ပွဲမကစားမီ   ကမ္ဘောဒီးယားလက်ရွေးစင်အသင်းနှင့် ခြေစမ်း ရန်အတွက် နိုဝင်ဘာ ၇ ရက်(ယနေ့) ညနေ ၆ နာရီ ၁၁ မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ မြန်မာနှင့် ကမ္ဘောဒီးယား လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို နိုဝင် ဘာ ၉ ရက်ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲ တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းနိုင်ငံမှတဆင့် အိန္ဒိယနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကာ နိုဝင်ဘာ ၁၄ရက် မြန်မာစံတော်ချိန် ည ၉ နာရီ၌ အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ် သည်။

 

Source : MMtimes

Leave a comment

Your email address will not be published. Required fields are marked *