ဘာစီလိုနာဟာ အေျပာင္းအေရႊ႕ကာလ ေနာက္ဆံုးေန႔မွာ မက္ပီကိုေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့တယ္လို႔ L’Equipe ေဖာ္ျပ

ျပီးခဲ့တဲ့အေျပာင္းအေရႊ႕ ရီးရဲမက္ဒရစ္အသင္းက ေခၚယူဖို႔ ၾကိဳးစားခဲ့တဲ့ မိုနာကို ၾကယ္ပြင့္ေဟာင္း မက္ပီကိုေခၚယူဖို႔ ဘာစီလိုနာအသင္းက အျပင္းအထန္ၾကိဳးစားခဲ့တယ္လို႔ ျပင္သစ္သတင္းေတြက ဒီကေန႔မွာ ေဖာ္ျပသြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ဒမ္ဘီလီကိုေခၚယူထားခဲ့ေသာ္လဲ မက္ပီကို ထပ္မံေခၚယူဖို႔ ၾကိဳးစားခဲ့တာျဖစ္ျပီး အေျပာင္းအေရႊ႕ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ ကြင္းလယ္လူ အာဒါတူရန္ပါ ပါ၀င္ခဲ့တယ္လို႔ သတင္းက ေဖာ္ျပထားပါတယ္။ အဲဒီအခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းကလဲ မက္ပီကိုေခၚယူဖို႔ ၾကိဳးစားေနခ်ိန္ျဖစ္ျပီး ေနမာကို ေခၚယူဖို႔ ေငြေၾကးေျမာက္မ်ားစြာ သံုးစြဲထားရတာေၾကာင့္ ၊ FFP စည္းမ်ဥ္းေတြအရ အက်ပ္ရုိတ္ေနခ်ိန္ ျဖစ္ပါတယ္။ အဲဒီေနာက္ ေတာင္ပံကစားသမား ဒီမာရီယာကို ယူရုိ သန္း 80 နဲ႔ ဘာစီလိုနာအသင္းထံ ေရာင္းခ်ဖို႔ ျပင္ဆင္ခဲ့ျပန္ပါတယ္။

ကံေကာင္းေထာက္မစြာနဲ႔ပဲ ပီအက္စ္ဂ်ီအသင္းဟာ သူတို႔ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းကို ေျဖရွင္းဖို႔ နည္းလမ္းေကာင္းတစ္ခု ရွာေဖြ ေတြ႔ရွိသြားခဲ့ျပီး၊ မိုနာကိုအသင္းနဲ႔ ေဆြးေႏြးညွိနိႈင္းမႈေတြ ျပဳလုပ္ကာ မက္ပီကို ကနဦး အငွားနဲ႔ အရေခၚယူသြားခဲ့တာျဖစ္တယ္လို႔ သတင္းက ရွင္းလင္းေဖာ္ျပသြားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ဘာစီလိုနာအသင္းက မက္ပီနဲ႔ အၾကိဳသေဘာတူညီမႈ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနခ်ိန္ျဖစ္တယ္လို႔ သိရပါတယ္။

 

ဘာစီလိုနာဟာ အပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့မှာ မက်ပီကိုခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ L’Equipe ဖော်ပြ
=======================================

ပြီးခဲ့တဲ့အပြောင်းအရွှေ့ ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ မိုနာကို ကြယ်ပွင့်ဟောင်း မက်ပီကိုခေါ်ယူဖို့ ဘာစီလိုနာအသင်းက အပြင်းအထန်ကြိုးစားခဲ့တယ်လို့ ပြင်သစ်သတင်းတွေက ဒီကနေ့မှာ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကိုခေါ်ယူထားခဲ့သော်လဲ မက်ပီကို ထပ်မံခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကွင်းလယ်လူ အာဒါတူရန်ပါ ပါဝင်ခဲ့တယ်လို့ သတင်းက ဖော်ပြထားပါတယ်။ အဲဒီအချိန်မှာ ပီအက်စ်ဂျီအသင်းကလဲ မက်ပီကိုခေါ်ယူဖို့ ကြိုးစားနေချိန်ဖြစ်ပြီး နေမာကို ခေါ်ယူဖို့ ငွေကြေးမြောက်များစွာ သုံးစွဲထားရတာကြောင့် ၊ FFP စည်းမျဉ်းတွေအရ အကျပ်ရိုတ်နေချိန် ဖြစ်ပါတယ်။ အဲဒီနောက် တောင်ပံကစားသမား ဒီမာရီယာကို ယူရို သန်း 80 နဲ့ ဘာစီလိုနာအသင်းထံ ရောင်းချဖို့ ပြင်ဆင်ခဲ့ပြန်ပါတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ ပီအက်စ်ဂျီအသင်းဟာ သူတို့ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းကောင်းတစ်ခု ရှာဖွေ တွေ့ရှိသွားခဲ့ပြီး၊ မိုနာကိုအသင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ကာ မက်ပီကို ကနဦး အငှားနဲ့ အရခေါ်ယူသွားခဲ့တာဖြစ်တယ်လို့ သတင်းက ရှင်းလင်းဖော်ပြသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘာစီလိုနာအသင်းက မက်ပီနဲ့ အကြိုသဘောတူညီမှု စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်နေချိန်ဖြစ်တယ်လို့ သိရပါတယ်။

Source: Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *