ကန်တီပြန်လာခြင်းဟာချဲလ်ဆီးကိုပုံစံကောင်းပြန်ရစေမှာပါ – ဒယ်ဆယ်လီ
========================================
ချဲလ်ဆီးကစားသမားဟောင်းဖြစ်သူဒယ်ဆယ်လီက “ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။ ချဲလ်ဆီး ယူနိုက်တက်ပွဲကိုကျွန်တော်မကြည့်ခဲ့ရပေမယ့်သူငယ်ချင်းတွေပြောတာကတော့သူအဲဒီပွဲမှာအကောင်းဆုံးကစားသွားတယ်ဆိုတာပါပဲ။ ချဲလ်ဆီးဟာခံစစ်ရှေ့မှာထိုင်ကစားပြီးအကူအညီပေးနိုင်မယ့်ကစားသမားတစ်ဦး ပြိုင်ဘက်ကိုတားဆီးခြင်း ဘောလုံးကြားဖြတ်လုခြင်း အင်အားပြည့်ကစားနိုင်တဲ့သူ့လိုကစားသမားတစ်ဦးကိုလိုအပ်နေခဲ့တာပါ။
သူပြန်လာတာကျွန်တော်ကျေနပ်ပါတယ်။ သူဒဏ်ရာရတဲ့အချိန်ကစပြီးချဲလ်ဆီးဟာအတက်အကျတွေဖြစ်ပေါ်နေပြီးကန်တီပြန်လာတာဟာအသင်းအတွက်ကြီးမားတဲ့အင်အားပါ။ အခုသူပြန်လာပြီဖြစ်ကာကန်တီဟာတစ်သင်းလုံးကိုတိုးတက်အောင်ဆွဲခေါ်နိုင်မယ့်သူပါ။
သူတို့မှာတစ်ဦးချင်းအရမ်းကိုထူးချွန်တဲ့ကစားသမားမရှိပေမယ့်လည်းအနည်းဆုံးတော့တစ်သင်းလုံးအနေနဲ့ပြီးခဲ့တဲ့ရာသီကအဆင့်ကိုပြန်ရောက်နိုင်မှာပါ။ ပြီးရင်တော့ချဲလ်ဆီးအသင်းအနေနဲ့အမြင့်ဆုံးအဆင့်ကိုရောက်လာနိုင်ပါတယ်။” လို့ပြောသွားပါတယ်။
Source: Sports Myanmar
Leave a comment
Your email address will not be published. Required fields are marked *