FFP စည္းမ်ဥ္းနဲ႔ ကိုက္ညီဖို႔အတြက္ ကစားသမားေတြ ေရာင္းခ်ရေတာ့မယ့္ PSG

PSG အသင္းရဲ႕ ဘ႑ာေရး လည္ပတ္မႈေတြဟာ FFP ရဲ႕ စည္းမ်ဥ္းေတြနဲ႔ ကိုက္ညီမႈ ရွိဖို႔အတြက္ ႀကိဳးစားလုပ္ေဆာင္ဖို႕ UEFA က သတိေပးလိုက္ျပီ ျဖစ္ပါတယ္။

လက္ရွိအေနအထားအရ PSG အသင္းဟာ FFP ရဲ႕ ခ်မွတ္ထားတဲ႔ စည္းကမ္းေဘာင္အတြင္း လိုက္နာဖို႕ဆိုရင္ ကစားသမားေတြကို ဇန္နဝါရီကာလမွာ မျဖစ္မေနေရာင္းရမယ္လို႔ သတင္းေတြက အခိုင္အမာေဖာ္ျပလိုက္ပါတယ္။

ျပင္သစ္က သတင္းေတြကေတာ့ ဒီမာရီယာ၊ လူးကပ္ေမာ္ရာ တို႕ႏွစ္ဦးကို ေရာင္းထုတ္ဖို႕ စီစဥ္ေနတယ္လို႔ ေဖာ္ျပထားျပီး၊ ရုပ္သံထုတ္လႊင့္ခြြင့္ေႀကး အပါအဝင္၊ အျခားစပြန္ဆာေတြလဲ ရဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။

အျခားသတင္းေတြမွာေတာ့ ဒီမာရီယာနဲ႔ ေမာ္ရာတို႕ ႏွစ္ဦးကေန ေပါင္ သန္း 70 ခန္႔ရဖို႔ PSG က ေမ်ွာ္လင့္ထားတယ္လို႔ ခန္႔မွန္းေဖာ္ျပေနႀကပါတယ္။

 

FFP စည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက် ကစားသမားတွေ ရောင်းချရတော့မယ့် PSG
======================================

PSG အသင်းရဲ့ ဘဏ္ဍာရေး လည်ပတ်မှုတွေဟာ FFP ရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိဖို့အတွက် ကြိုးစားလုပ်ဆောင်ဖို့ UEFA က သတိပေးလိုက်ပြီ ဖြစ်ပါတယ်။

လက်ရှိအနေအထားအရ PSG အသင်းဟာ FFP ရဲ့ ချမှတ်ထားတဲ့ စည်းကမ်းဘောင်အတွင်း လိုက်နာဖို့ဆိုရင် ကစားသမားတွေကို ဇန်နဝါရီကာလမှာ မဖြစ်မနေရောင်းရမယ်လို့ သတင်းတွေက အခိုင်အမာဖော်ပြလိုက်ပါတယ်။

ပြင်သစ်က သတင်းတွေကတော့ ဒီမာရီယာ၊ လူးကပ်မော်ရာ တို့နှစ်ဦးကို ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပြီး၊ ရုပ်သံထုတ်လွှင့်ခွင့်ကြေး အပါအဝင်၊ အခြားစပွန်ဆာတွေလဲ ရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အခြားသတင်းတွေမှာတော့ ဒီမာရီယာနဲ့ မော်ရာတို့ နှစ်ဦးကနေ ပေါင် သန်း 70 ခန့်ရဖို့ PSG က မျှော်လင့်ထားတယ်လို့ ခန့်မှန်းဖော်ပြနေကြပါတယ်။

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *