ချဲလ်ဆီး က နေ ထွက်ခွာရမယ်ဆိုတာကို ကြိုပြီး သိနေခဲ့ပါတယ်လို့ လော့ဖ်တပ်ချက် ပြောဆို

 

ခရစ္စတယ် ပဲလေ့စ် အသင်းမှာ ကစားနေတဲ့ အင်္ဂလန် ကွင်းလယ်လူ ရူဘင်လော့ဖ်တပ် ချက် က သူဟာ ပိုကောင်းမွန်တဲ့ ကစားသမားဖြစ်လာဖို့ ချဲလ်ဆီး အသင်းကနေ ထွက်ခွာရမယ်ဆိုတာ ကြိုသိနေခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ် ။

လော့ဖ်တပ်ချက် ဟာ ပဲလေ့စ် အသင်းမှာ ပုံမှန် ပွဲထွက် ခွင့် ရရှိခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အင်္ဂလန်နည်းပြဆောက်ဂိတ် ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တာကြောင့် ဂျာမဏီအသင်းနဲ့ ခြေစမ်းကစားမယ့် အင်္ဂလန် အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသလို ယမန်နေ့ညက ခြေစမ်းပွဲမှာလည်း Man of the Match ဆုကို ရရှိအောင် ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။

“ချဲလ်ဆီးကနေ ထွက်ခွာဖို့ ကို ကြိုပြီး သိနေမိခဲ့ပါတယ် ။ ကျွန်တော် ပွဲတွေ အများကြီး ကစားဖို့ လိုတယ်လို့ ခံစားမိခဲ့ပါတယ် ။ ဒါကြောင့် ကျွန်တော် သူတို့ ( တာဝန်ရှိသူတွေ ) နဲ့ ညှိနှိုင်းခဲ့ပြီး ထွက်ခွာဖို့ ခွင့်ပြုခဲ့ကြပါတယ် ။ ကျွန်တော် ချဲလ်ဆီးက လေ့ကျင့်ခန်း အစီအစဉ်တွေမှာပဲ တိုးတက်အောင်လုပ်နိုင်ခဲ့ပါတယ် ။ လေ့ကျင့်ရေး အစီအစဉ်ဆိုတာက တကယ့်ပွဲတွေနဲ့ ခြားနားပါတယ် ။ ကျွန်တော့ဘ၀အတွက် နောက်တစ်ဆင့် တက်လှမ်းနိုင် ဖို့ ပုံမှန်ပွဲတွေ ကစားရဖို့ လိုအပ်တယ်လို့ ထင်မိပါတယ် ။ ဒါကြောင့် ချဲလ်ဆီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ထင်မိပါတယ်” လို့ လော့ဖ်တပ်ချက် က ပြောဆိုသွားခဲ့ပါတယ်

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *