ကာဗာနီ ကို ပင်နယ်တီ မကန် ဖို့ ယူရို ၁ သန်းနဲ့ ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း PSG အသင်းဘက်က ငြင်းချက်ထုတ်ပြန်

ကာဗာနီ ကို ပင်နယ်တီ မကန် ဖို့ ယူရို ၁ သန်းနဲ့ ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း PSG အသင်းဘက်က ငြင်းချက်ထုတ်ပြန်

================================================

ပြင်သစ်ကလပ် PSG အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှုး ကာဗာနီ ကို ပင်နယ်တီ မကန်ဘဲ အသင်းဖော် နေမာ ကို ပင်နယ်တီ ပေးကန် ဖို့ ယူရို ၁ သန်း နဲ့ ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုသွား ခဲ့ပါတယ် ။

ကာဗာနီ နဲ့ နေမာ တို့ဟာ လိုင်ယွန် နဲ့ ကစားခဲ့တဲ့ ပွဲမှာ ပင်နယ်တီ ကို လုကန် ခဲ့ကြပြီး ဘောလုံးမီဒီယာ တွေ ရဲ့ ပစ်မှတ် တွေဖြစ်ခဲ့ကြပါတယ် ။ ယမန်နေ့က ကာဗာနီ ကို ပင်နယ်တီ မကန်ဖို့ PSG ဥက္ကဌ ကာလီဖီ က ယူရို ၁ သန်းဖြင့် ကမ်းလှမ်းခဲ့ တယ် ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။

ယခုအခါမှာတော့ PSG အသင်းဘက် က ပြောဆိုခွင့် ရှိသူတစ်ဦးက ဒီသတင်းဟာ မမှန်ကန်တဲ့ သတင်းဖြစ် ကြောင်း Le Parisien သတင်းစာက နေ ငြင်းဆိုသွားခဲ့ပါတယ် ။

[/fusion_text][/fusion_builder_column][/fusion_builder_row][/fusion_builder_container]

Leave a comment

Your email address will not be published. Required fields are marked *