လီ​ဗာပူးသတင်းတိုများ

လီ​ဗာပူးသတင်းတိုများ
=============


လီ​ဗာပူးအသင်းဟာယ​နေ့ည၁နာရီ၁၅မိနစ်​အချိန်​မှာ​တော့ချန်​ပီယံလိဂ်​အုပ်​စုဒုတိယပွဲစဉ်​အဖြစ်​စပါးတပ်​​မော်​စကိုအသင်းကိုအ​ဝေးကွင်းမှာသွား​ရောက်​ယှဉ်​ပြိုင်​ရမှာဖြစ်​ပါတယ်​။

လိုရစ်​ကာရီရက်​စ်​ကသူ့အ​နေနဲ့ချန်​ပီယံလိဂ်​ပြိုင်​ပွဲမှာကစားခွင့်​ရတဲ့အခွင့်​အ​ရေးကိုအမိအရအသုံးချပြီးပရီးမီးယားလိဂ်​ပြိုင်​ပွဲမှာလည်းပွဲထွက်​ခွင့်​ရရှိ​အောင်​ကြိုးစားသွားမယ်​လို့​ပြောလိုက်​ပါတယ်​။

ဘိုင်​ယန်​​တောင်​ပံကစားသမားကင်​စ​လေကိုးမန်းကပြီးခဲ့တဲ့​နွေရာသီကလီ​ဗာပူးအသင်း​ပေါင်​သန်း၃၀နဲ့ကမ်းလှမ်းခဲ့တယ်​လို့သတင်းထွက်​ခဲ့တဲ့ ပီအက်​ဂျီ​နောက်​ခံလူကင်​ပန်​ဘီကိုလီ​ဗာပူးရဲ့ကမ်းလှမ်းမှုကိုပယ်​ချရန်​အကြံ​ပေးခဲ့​ကြောင်းထုတ်​​ဖော်​လိုက်​ပါတယ်​။

ယာဂန်​က​လော့ကလက်​စတာနဲ့ပွဲမှာ​ခြေစွမ်းပြတဲ့​ကော်​တင်​ညိုဟာကြံခိုင်​မှုအ​ကောင်းဆုံးအ​နေအထားကိုပြန်​လည်​​ရောက်​ရှိလာ​တော့မှာဖြစ်​ပြီး၎င်းရဲ့အ​ကောင်းဆုံး​ခြေစွမ်း​တွေပြန်​လည်​ရရှိ​တော့မယ်​လို့ယုံကြည်​​နေပါတယ်​။

ကာရီရက်​စ်​က “ကျွန်​​တော်​တို့ဂိုး​တွေအများကြီးသွင်းယူနိုင်​ခဲ့ပြီးတစ်​ခါတစ်​ရံမှာဂိုး​တွေ​​ပေးခဲ့ရတာ​တွေလည်းရှိပါတယ်​။ ဒါဟာခံစစ်​ပိုင်းယို့ယွင်းမှုနဲ့မသက်​ဆိုင်​ပါဘူး။ ဒါဟာကျွန်​​တော်​တို့်​အသင်းရဲ့တိုက်​စစ်​အားပြုကစားဟန်​​ကြောင့်​ပါပဲ။” လို့​ပြောသွားပါတယ်။

လီ​ဗာပူးအသင်းနည်းပြက​လော့ကယ​နေ့ညစပါးတပ်​​မော်​စကိုနဲ့ချန်​ပီယံလိဂ်​ပွဲစဉ်​မှာ မာ​နေး ဖာမီနို ​ကော်​တင်​ညို ဆာလက်​တို့အားလုံးကိုထုတ်​သုံးသွားဖို့ရှိ​နေတယ်​လို့​ပြောလိုက်​ပါတယ်​။

အက်​စတွန်​​ဗီလာကွင်းလယ်​လူ​ဟောင်းဂါရက်​ဘယ်​ရီကသူ့ကစားသမားဘဝရဲ့အဆိုးဆုံးကာလဟာလွန်​ခဲ့တဲ့၂၀၀၈ခုနှစ်​က လီ​ဗာပူးနဲ့အ​ပြောင်းအ​ရွေ့သတင်းထွက်​​ပေါ်ခဲ့တဲ့အချိန်​လို့​ပြောလိုက်​ပြီးသူအ​နေနဲ့အလွန်​ခက်​ခဲတဲ့အ​ခြေအ​နေကို​ရောက်​ရှိခဲ့ပြီး​ဘယ်​လမ်း​ကြောင်းကိုလိုက်​ရမှန်းမသိဖြစ်​ခဲ့တယ်​လို့ထုတ်​​ဖော်​လိုက်​ပါတယ်​။

လီ​ဗာပူးနည်းပြယာဂန်​က​လော့ကပြီးခဲ့တဲ့စပါးတပ်​နဲ့ပွဲအတွက်​သတင်းစာရှင်းလင်းပွဲမှာသတင်း​ထောက်​​တွေဟာပွဲနဲ့မဆိုင်​တဲ့ကိစ္စ​တွေကို​ပဲ​မေးမြန်းခဲ့တာ​ကြောင့်​ဒါဟာအချိန်​ဖြုန်းမှုသက်​သက်​ပဲလို့်​​ပြောလိုက်​ပါတယ်​။

ယ​နေ့ညလီ​ဗာပူးအသင်းနဲ့ပွဲစဉ်​အတွက်​စပါးတပ်​​မော်​စကိုအသင်းမှာဒဏ်​ရာပြသနာ​တွေရင်​ဆိုင်​​နေရပြီး အသင်း​ခေါင်း​ဆောင်​ ဂလူရှာ​ကော့ပါဝင်​နိုင်​မှာမဟုတ်​တဲ့အပြင်​ အဓိကကစားသမား​တွေဖြစ်​တဲ့ ကွင်းစီပရုန်း ပက်​ဒရိုရိုချာတို့ကလည်းပါဝင်​ကစားနိုင်​ရန်​မ​သေချာပါဘူး။

ရော်​ဘတ်​တိုဖာမီနိုအ​နေနဲ့ယ​နေ့ညစပါးတပ်​​မော်​စကိုနဲ့ပွဲမှာသာပါဝင်​ကစားခွင့်​ရရှိမယ်​ဆိုရင်​လီ​ဗာပူးအသင်းအတွက်​ပွဲ၁၀၀ပြည့်​​မြောက်​မှာပဲဖြစ်​ပါတယ်​။

Leave a comment

Your email address will not be published. Required fields are marked *