ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 

အက်သလက်တီကို ကို အိမ်ကွင်းမှာ သရေကစားထား တဲ့ ရိုးမားအတွက် ဒီပွဲက မဖြစ်မနေအနိုင်ယူရမယ့် ပွဲဖြစ်နေတယ်။ အက်သလက်တီကိုနဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့နေချိန်မှာ နိုင်ပွဲယူထားမှ နောက်တစ်ဆင့်တက်ရေးကို ဆက်လက် မျှော်လင့်နိုင်မယ်။ ကာရာဘတ်ကလည်း Play-offs အဆင့်မှာ ပုံစံကောင်းပြခဲ့ပေမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာတော့ အားနည်းလွန်းပါတယ်။ ရိုးမားပဲ နိုင်လိမ့်မယ်။

ပွဲကြိုအချက်အလက်များ

■ ကာရာဘတ်အသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး (၉)ပွဲ ဆက် ရှုံးပွဲမရှိခဲ့ဘဲ (၅)ပွဲအထိ အနိုင်ရရှိခဲ့သည်။
■ ရိုးမားအသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၆)ပွဲတွင် (၅)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့် အောက်သာရှိခဲ့သည်။

■ ဘေဆယ် နှင့် ဘင်ဖီကာ (ကြာသပတေးနံနက် ၁း၁၅)

ဘင်ဖီကာက အုပ်စုအဖွင့်ပွဲစဉ်မှာ CSKA မော်စကိုကို အိမ်ကွင်းမှာ ရှုံးခဲ့ပြီး ဘေဆယ်ကလည်း မန်ယူကို အဝေးကွင်း မှာ ရှုံးထားတယ်။ ဒီပွဲမှာ ရှုံးတဲ့အသင်းကတော့ ယူရိုပါလိဂ်ဝင်ခွင့်ရမယ့် အုပ်စုတတိယနေရာလောက်ပဲ မျှော်လင့်လို့ကောင်းမယ့် အနေအထားဖြစ်သွားလိမ့်မယ်။ ဘင်ဖီကာက CSKA ကို မ ထင်မှတ်ဘဲ ရှုံးခဲ့ပေမယ့် ဘေဆယ်ထက် ခြေစွမ်းရော၊ အတွေ့ အကြုံပါသာပါတယ်။ ဘင်ဖီကာကို ကြိုက်တယ်။

■ CSKA မော်စကို နှင့် မန်ယူ (ကြာသပတေးနံနက် ၁း၁၅)

CSKA မော်စကိုက အုပ်စုအဖွင့်ပွဲစဉ်မှာ ဘင်ဖီကာကို အဝေးကွင်းမှာ အနိုင်ရခဲ့တယ်။ ဘင်ဖီကာလိုအသင်းကိုတောင် အဝေးကွင်းမှာ အနိုင်ရထားတဲ့အသင်းကို မန်ယူ လျှော့တွက်လို့ မရဘူး။ မန်ယူအသင်းကိုလည်း အိမ်ကွင်းမှာ ဒုက္ခပေးနိုင်စွမ်း ရှိနေလိမ့်မယ်။ ဒါပေမဲ့ မန်ယူကလည်း ဒီရာသီမှာ ပြိုင်ပွဲစုံမှာ ရလဒ်တွေကောင်းနေတယ်။ ခြေစွမ်းမကောင်းရင်တောင် နိုင်ပွဲ တွေကိုအရယူပြီး ယုံကြည်မှုရှိနေတာကိုလည်း တွေ့ရတယ်။ မန်ယူပဲ ကပ်နိုင်သွားမယ်ထင်တယ်။

■ PSG နှင့် ဘိုင်ယန်မြူးနစ် (ကြာသပတေးနံနက် ၁း၁၅)

ကမ္ဘာ့ကြေးအကြီးဆုံးကစားသမားနှစ်ဦးဖြစ်တဲ့ နေမာ၊ ဘာပေတို့လို ကစားသမားတွေကို ခေါ်ယူထားတယ်ဆိုတာက PSG ကို ဒီလိုပြိင်ဘက်မျိုးတွေနဲ့ ပွဲတွေမှာ ရလဒ်ကောင်းယူဖို့အတွက်ပဲလို့ ပြောလို့ရတယ်။ PSG ရဲ့ အဆင့်အတန်းက ပြီးခဲ့တဲ့ရာသီကဆိုရင်တောင် ဘိုင်ယန်မြူးနစ်လိုအနေအထားနီးပါး ရောက်နေပြီလို့ ပြောလို့ရပြီး အခုအချိန်မှာ လူစာရင်းအရ ဆိုရင် ပိုတောင် တောင့်တင်းလာတာတွေ့ရတယ်။ ဆဲလ်တစ်အသင်းရဲ့ ကွင်းမှာကစားခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ သူတို့ရဲ့လုပ်နိုင်စွမ်းကို မြင်ခဲ့ရပြီး ဒီပွဲမှာသာ နိုင်ပွဲယူနိုင်ခဲ့ရင် PSG ဟာ ဥရောပမှာ ပြိုင်ဘက်အသင်းအားလုံးရဲ့လေးစားမှုကို ယူနိုင်ခဲ့ပြီလို့တောင် ပြောလို့ရတယ်။ သူတို့လိုအပ်နေတာက ယုံကြည်မှုဖြစ်ပြီး Fear Factor ဆိုတဲ့အရာမျိုးကို ဒီလိုပွဲ တွေကို အနိုင်ယူပြီးမှ သက်သေပြနိုင်မယ်။ ဘိုင်ယန်မြူးနစ်ရဲ့ ဒီရာသီခြေစွမ်းက သိပ်ပြီးအားရစရာမရှိဘူး။ ရလဒ်တွေက ကောင်းနေဆဲဆိုပေမယ့် သူတို့ လုပ်နေကျဖြစ်တဲ့ လုပ်နိုင်စွမ်းမျိုးမဟုတ်ဘူးလို့ပဲ ပြောရမယ်။ နေမာ၊ ဘာပေ၊ ကာဗာနီတို့ရဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့အတွက် အခက်အခဲတွေရှိသလို၊ ဘိုင်ယန်မြူးနစ်တိုက်စစ်ပိုင်းကလည်း ရီဘာရီ၊ ရော်ဘင်တို့လို သက်ကြီးကစားသမားတွေကိုပဲ နေရာပေးချင်တဲ့ အန်ဆယ်လော့တီကြောင့် တစ်ခါတလေ အခက်အခဲတွေရှိတယ်။ ကစားရ မှာကလည်း ပါရီမြေမှာဖြစ်လို့ ဘိုင်ယန်မြူးနစ်အတွက် အခက်အခဲတွေအများကြီးရှိတဲ့ပွဲပါ။ PSG အသင်းကပဲ နိုင်ပွဲရှာဖွေ သွားနိုင်လိမ့်မယ်ထင်တယ်။

ပွဲကြိုအချက်အလက်များ

■ PSG အသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၉)ပွဲဆက် သွင်းဂိုးများရယူခဲ့ပြီး တစ်ပွဲလျှင် ပျမ်းမျှ (၂.၅)ဂိုးအထိ ရှိခဲ့သည်။
■ ဘိုင်ယန်မြူးနစ်အသင်းနှင့် PSG အသင်းတို့သည် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် (၇)ကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်သည်။
■ ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး (၆)ပွဲတွင် (၄)ပွဲအထိရှုံးနိမ့်ခဲ့ပြီး ပွဲတိုင်းလည်း ပေးဂိုးပေးခဲ့ရသည်။
■ PSG အသင်းသည် ချန်ပီယံလိဂ် အိမ်ကွင်းနောက်ဆုံး (၉)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၅)ပွဲအထိ Clean Sheet ရရှိခဲ့သည်။

■ အန်ဒါလက်ခ်ျ နှင့် ဆဲလ်တစ် (ကြာသပတေးနံနက် ၁း၁၅)

အန်ဒါလက်ခ်ျရော၊ ဆဲလ်တစ်ပါ အုပ်စုအဖွင့်ပွဲစဉ်မှာ ဂိုး ပြတ်ရှုံးထားကြတယ်။ ဒီအုပ်စုမှာ နှစ်သင်းစလုံးက နောက်တစ်ဆင့်တက်ဖို့အတွက်ဆိုရင် မျှော်လင့်ချက်မရှိတဲ့အသင်းတွေပါ။ PSG နဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကျော်ဖြတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူတို့အချင်းချင်းတွေ့တဲ့ပွဲတွေက အုပ်စု တတိယနဲ့ ယူရိုပါလိဂ်ကို ဆင်းခွင့်ရမယ့် အဆုံးအဖြတ်ပွဲတွေ ဖြစ်လာနိုင်လို့ အရေးကြီးတယ်။ အိမ်ရှင်ပဲကြိုက်တယ်။

■ အက်သလက်တီကို နှင့် ချယ်လ်ဆီး (ကြာသပတေးနံနက် ၁း၁၅)

နှစ်သင်းစလုံးက အသင်းကောင်းတွေဖြစ်ပြီး ခံစစ်တွေက လည်းကောင်းကြတယ်။ ဒါပေမဲ့ အက်သလက်တီကိုက တစ်မှတ်ပဲရထားသလို၊ သူတို့အိမ်ကွင်းမှာ တော်တော်လေးကြောက်စရာ ကောင်းတယ်။ အစဉ်အလာအရလည်း ချယ်လ်ဆီးကို အသာ စီးယူလေ့ရှိတယ်။ အက်သလက်တီကိုပဲ ကြိုက်တယ်။

■ စပို့တင်းလစ္စဘွန်း နှင့် ဘာစီလိုနာ (ကြာသပတေးနံနက် ၁း၁၅)

စပို့တင်းလစ္စဘွန်းအရ ကစားဟန်ကိုက ဘာစီလိုနာစိတ် ကြိုက်ကစားဟန်မျိုးပါ။ ဘာစီလိုနာနဲ့ ကစားကွက်ပြိုင်ကစားရင်း လွှမ်းမိုးခံလိုက်ရမယ့်အနေအထားဖြစ်ပြီး မက်ဆီ၊ ဆွာရက်ဇ်တို့လိုကစားသမားတွေက အရမ်းခြားနားလွန်းနေတယ်။ ဘာစီလိုနာပဲ ခပ်လွယ်လွယ်နိုင်သွားလိမ့်မယ်။

■ ဂျူဗင်တပ်စ် နှင့် အိုလံပီယာကော့စ် (ကြာသပတေးနံနက် ၁း၁၅)

အုပ်စုအဖွင့်ပွဲစဉ်မှာ ဘာစီလိုနာကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် ဒီအုပ်စုမှာ ဂျူဗင်တပ်စ်က အုပ်စုဒုတိယနေရာအတွက် အပြတ်အသတ် ရေပန်းစားနေတဲ့အသင်းပါ။ စပို့တင်းလစ္စဘွန်း၊ အိုလံပီယာကော့စ်တို့ကလည်း ဥရောပမှာ အသင်းကောင်းတွေဆို ပေမယ့် ဂျူဗင်တပ်စ်နဲ့ အဆင့်အတန်းအရမ်းကွာပါတယ်။ ဂျူဗင်တပ်စ်ရဲ့ လက်ရှိရလဒ်ပိုင်း၊ တိုက်စစ်ပိုင်းကလည်းအားရစရာကောင်းတယ်။ ဒီဘားလားကို အိုလံပီယာကော့စ်ခံစစ်က ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ ဂျူဗင်တပ်စ် လွယ်လွယ်နိုင်မယ်။

Leave a comment

Your email address will not be published. Required fields are marked *