ရန်ကုန်ပရိသတ်တွေကို စိတ်လှုပ်ရှားမှုအပြည့်ပေးသွားမယ်လို့ ပြောဆိုလိုက်တဲ့ 

ရန်ကုန်ပရိသတ်တွေကို စိတ်လှုပ်ရှားမှုအပြည့်ပေးသွားမယ်လို့ ပြောဆိုလိုက်တဲ့

#အလန်းနစ်ကလာနီ

ကမ္ဘာ့ ဟဲဗီးဝိတ်မွေထိုင်းချန်ပီယံဆု 4 ကြိမ်အထိ ဆွတ်ခူးထားခဲ့တဲ့ နစ်ကလာနီဟာ နိုဝင်ဘာလ 3 ရက်နေ့မှာတော့ မြန်မာ့စပါးကြီးမြွေလို့ နာမည်ကျော်ကြားတဲ့ အောင်လအန်ဆိုင်းနဲ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲမှာ ယှဉ်ပြိုင်ထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်မှာတော့ နစ်ကလာနီက ” ကျနော်က ပရိသတ်တွေကို ဖျော်ဖြေမှုပေးချင်တဲ့သူပါ။ ဒီပွဲမှာလဲ သူတို့မျှော်လင့်ထားတဲ့ ပွဲမျိုးဖြစ်လာအောင် ကြိုးစားသွားမှာပါ။ ကျနော့်ရဲ့ ပင်ကိုယ်စိတ်ရင်းကို ပရိသတ်တွေ ရင်ထဲမှာ စွဲကျန်ခဲ့တဲ့ အခိုက်အတန့်တွေပဲ ဖန်တီးပေးချင်တာလေ။ ဒါကြောင့်မို့ ဒီပွဲမှာလဲ အလဲထိုးနိုင်ခွင့် အခွင့်အရေးမျိုးရခဲ့ရင် အဲဒီအခွင့်အရေးကို အမိအရ ဆိုင်ကိုင်သွားမှာပါ။

ရန်ကုန်က ပရိသတ်တွေက ကျနော့်ကို စောင့်ကြည့်နေကြမှာ သိပါတယ်။ သူတို့ကလဲ အရင်ပွဲတွေနဲ့ မတူတဲ့ ပုံစံတွေ မြင်တွေ့ချင်ကြမှာပဲလေ။ ဒါကြောင့် သူတို့ကို ပုံစံမတူတဲ့ ခံစားချက်တွေ ပေးသွားချင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

 

ဒါ့အပြင် နစ်ကလာနီက One Championship သမိုင်းတစ်လျှောက် 11 စက္ကန့်နဲ့ အလဲထိုးအနိင်ယူပြီး၊ အမြန်ဆုံးနိုင်ပွဲအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ ဆာကီနီ နဲ့ ထိုးခဲ့တဲ့ပွဲနဲ့ပတ်သက်ပြီး ” ဆာကီနီက ချန်ပီယံတစ်ဦးဆိုတာ သိထားခဲ့သလို၊ Brazilian jiu-jitsu မှာ အရမ်းထူးချွှန်တဲ့သူဆိုတာ သတိထားမိခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ ကျနော့်ကို စပြီးဖွင့်ထိုးလာမယ်၊ ပြီးရင် အောက်ကိုလှဲချဖို့ကြိုးစားမယ်ဆိုတာ ကြိုသိနေခဲ့တယ်လေ ဘာလို့လဲဆိုတော့ အောက်ကိုလှဲချနိုင်ပြီဆိုရင် ကျနော့်ရဲ့ ကန်ချက်တွေကို သတိထားစရာ မလိုတော့ဘူးပေါ့။

ခြေထောက်ကန်ချက်တွေက ကျနော့်ရဲ့အာားသားချက်တစ်ခုပါ။ သူ့အနေနဲ့ အဲဒီကန်ချက်တွေကို ရပ်တန့်ဖို့ဆိုရင် ကျနော်နဲ့ အနီးကပ်ဆုံး အနေအထားမှာ ရှိနေရမယ်၊ ပြီးရင် အောက်ကို လှဲချနိုင်ရမယ်။ ဒါပေမယ့် ကျနော့် အနားကို ကပ်ဖို့ဆိုရင်တော့ ဖွင့်ပြီး ဝင်လာမှပဲ ရမယ်လေ။ ဖွင့်ဝင်ပြီဆိုတာနဲ့ စွန့်စားမှုတစ်ခုကို ပြုလုပ်လိုက်သလိုပါပဲ။ သူက အဲလိုဖွင့်ဝင်လာခဲ့တာဟာ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်သလိုပါ။ ကျနော်က ဒါကို အခွင့်ကောင်းယူပြီး ပွဲကိုအနိုင်ယူလိုက်တာပေါ့” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

နစ်ကလာနီနဲ့ ထိုးသတ်မယ့် အောင်လအန်ဆိုင်းဟာ one championship ပြိုင်ပွဲမှာ စုစုပေါင်း နိုင်ပွဲ 20 အထိ ရယူထားခဲ့ပြီး 11 ပွဲက ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့ကာ၊ 7 ပွဲကိုတော့ အလဲထိုး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အကျော်ကြားဆုံးပွဲကတော့ One Middleweight တန်းမှာ ရှုံးပွဲလုံးဝမရှိဖူးတဲ့ ကမ္ဘ္ဘာ့ချန်ပီယံ ဗစ်ဒက်ရှ်ကို ရန်ကုန်က အိမ်ရှင်ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ အနိုင်ယူပြခဲ့တဲ့ ပွဲပဲ ဖြစ်ပါတယ်။

နစ်ကလာနီကတော့ သူ့ရဲ့ပြိုင်ဘက် အောင်လအန်ဆိုင်းနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေးထားပါတယ်။

” အောင်လက အချိန်တိုအတွင်းမှာပဲ ဒီလောကမှာ နေရာတစ်ခု ရယူထားနိုင်ခဲ့ပါပြီ။ သူဟာ ကစားသမားကောင်းတစ်ယောက်ဆိုတာ သေချာပါတယ်။ မစ်ဒယ်ဝိတ် ချန်ပီယံ မဖြစ်ခင်ကတည်းက ကျနော် သူ့ကို သတိထားမိခဲ့တာပါ။ သူ့ရဲ့ ထိုးသတ်ပုံတွေကိုလဲ သဘောကျပါတယ်။ သူ သူ့နိုင်ငံအတွက် ဂုဏ်ဆောင်ပေးနိုင်ခဲ့တာတော့ ဂုဏ်ယူလို့ မဆုံးပါဘူး။

 

ကျနော်က သူ့ထက် ဝိတ်ကြီးတော့ ဒီပွဲမှာမရှုံးချင်ပါဘူး။ ကိုယ့်ထက်သေးတဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်တိုင်းကို မရှုံးချင်တာပါ။ ဒါပေမယ့် သက်သေပြဖို့ အများကြီး ကြိုးစားရဦးမှာပါ။ အခု သူနဲ့ထိုးဖို့ စိတ်တွေအရမ်းလှုပ်ရှားမိပါတယ်။ သူက ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်တော့ လေစားမှုအပြည့်နဲ့ ယှဉ်ပြိုင်ဖို့လိုတယ်လေ။

ကျနော့်ကတော့ ပရိသတ်တွေကို ရသအပြည့်နဲ့ ပွဲတွေပဲ ဖန်တီးပေးဖို့ ကြိုးစားမှာပါ။ ကြိုးဝိုင်းထဲဝင်ပြီး အချိန်ဖြုန်းဖို့ စဉ်းစားနေမှာ မဟုတ်ပါဘူး။ ပွဲကို အမြန်အဆုံးသတ်နိုင်ဖို့ပဲ ကြိုးစားသွားမှာပါ။ ကိုယ်နဲ့ ထိုးမယ်သူကလဲ ပြိုင်ဘက်ကောင်းမို့ ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။

 

*Source: Sports Myanmar*

Leave a comment

Your email address will not be published. Required fields are marked *